လီဗာပူးတောင်ပံသမားဟောင်း ရိုင်ယန်ကန့်ဟာ ၂၀၁၉ တုန်းက မာဆေးဆိုဒ်ကလပ်ကို စွန့်ခွာပြီး ပွဲကစားခွင့်ရဖို့ ရိန်းဂျားကို ပြောင်းခဲ့တာဟာ မှန်ကန်တဲ့ အရွှေ့တစ်ခုဖြစ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

ကိုဗင်ထရီ၊ ဘရန်စလေ၊ ဖရန့်ဘတ်၊ ဘရစ္စတိုစီးတီး အစရှိတဲ့ ကလပ်တွေကိုလည်း အငှားထွက်ခဲ့သေးတဲ့ ကန့်ဟာ တိုးတက်တဲ့ ခြေစွမ်း ပြသနိုင်ပေမယ့် လီဗာပူးအတွက်တော့ တစ်ပွဲတည်းပဲ ကစားပေးခဲ့သူဖြစ်တယ်။ တိုက်စစ်ပိုင်းမှာ အလားအလာရှိပေမယ့်လည်း ထိုစဉ်ကာလတွေမှာ ဟုန်းဟုန်းတောက်နေတဲ့ လီဗာပူးတိုက်စစ်ထဲ ပါဝင်ဖို့တော့ အတွေ့အကြုံပိုင်းလည်း အားနည်းခဲ့တယ်။

လီဗာပူးဘက်က သူ့ကို ပေါင် ၁၂ သန်းဖြင့် ရောင်းချဖို့ ဈေးခေါ်ခဲ့ပေမယ့် ရုရှားကလပ် Krasnodar က ပေါင် ၅ သန်းဖြင့်ပဲ ကမ်းလှမ်းလို့ ငြင်းဆန်ခဲ့ရတယ်။ ဘယ်ဂျီယံကလပ် ဘရုဂျ်၊ ပြင်သစ်ကလပ်တို့ဘက်က ကမ်းလှမ်းမှုတွေ လုပ်ခဲ့သလို လိဒ်ယူနိုက်တက်ကလည်း ပေါင် ၄.၅ သန်းဖြင့် ကမ်းလှမ်းခဲ့သေးတာပါ။

ကန့်ရဲ့ နာမည်ကြီး အပြောင်းအရွှေ့ ကောလဟာလတွေက လက်တွေ့မှာ မဖြစ်ခဲ့ပေမယ့် ၂၀၁၉ စက်တင်ဘာမှာ စကော့လိဂ်ရဲ့ ဈေးကွက်နောက်ဆုံးနာရီအတွင်း ရိန်းဂျာကို ပေါင် ၇.၅ သန်းဖြင့် အပြီးသတ် ပြောင်းဖြစ်ခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်ဟာ ဆုကြေးတွေလည်း ပါဝင်ထားသလို အနာဂတ် ပြောင်းရွှေ့ကြေးရဲ့ ၂၀% ခံစားခွင့်အား လီဗာပူးထံ ပေးဖို့လည်း ပါဝင်ခဲ့ပါတယ်။

ရိန်းဂျားကစားသမားဘဝ ပထမဆုံးဘောလုံး ရာသီမှာ ဒဏ်ရာကြောင့် အနားယူမှုတွေ ရှိခဲ့သည့်တိုင်အောင် ၃၄ ပွဲကစား ကိုယ်တိုင် ၈ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်နိုင်ခဲ့တဲ့ ကန့်ဟာ ဒီရာသီမှာ ပွဲ ၅၀ အတွင်း ကိုယ်တိုင် ၁၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၄ ကြိမ်ထိ လုပ်နိုင်ခဲ့ပါတယ်။

ပြည်တွင်းပွဲတွေမှာကော ဥရောပ ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ အတွေ့အကြုံကောင်းတွေ ရယူလာနိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကန့်ကို ခေါ်ယူဖို့ လိဒ်မန်နေဂျာဘီရယ်ဆာက ပြန်လည် စိတ်ဝင်စားလာတယ်။ ဒီနွေမှာတော့ လိဒ်ဟာ အင်္ဂလန်တောင်ပံသမားကို ပေါင် ၁၅ သန်းဖြင့် ကမ်းလှမ်းမယ်လို့လည်း ယော့ရှိုင်းယား အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲကနေ ဝင်ပြိုင်ခွင့်ရမယ့် ရိန်းဂျားဟာ လူစာရင်း တည်ဆောက်မှုတွေ ထပ်လုပ်ဖွယ်ရှိပြီး ကန့်ကို ပေါင် ၁၅ သန်းထက် ပိုများတဲ့ ပမာဏဖြင့် ကမ်းလှမ်းလာပါက လက်ခံနိုင်တယ်လို့လည်း အသံထွက်လာနေခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးေတာင္ပံသမားေဟာင္း ရိုင္ယန္ကန္႔ဟာ ၂၀၁၉ တုန္းက မာေဆးဆိုဒ္ကလပ္ကို စြန္႔ခြာျပီး ပြဲကစားခြင့္ရဖို႔ ရိန္းဂ်ားကို ေျပာင္းခဲ့တာဟာ မွန္ကန္တဲ့ အေရႊ႔တစ္ခုျဖစ္ခဲ့ျပီလုိ႔ ဆိုႏုိင္ပါတယ္။

ကိုဗင္ထရီ၊ ဘရန္စေလ၊ ဖရန္႔ဘတ္၊ ဘရစၥတိုစီးတီး အစရွိတဲ့ ကလပ္ေတြကိုလည္း အငွားထြက္ခဲ့ေသးတဲ့ ကန္႔ဟာ တိုးတက္တဲ့ ေျခစြမ္း ျပသႏုိင္ေပမယ့္ လီဗာပူးအတြက္ေတာ့ တစ္ပြဲတည္းပဲ ကစားေပးခဲ့သူျဖစ္တယ္။ တိုက္စစ္ပိုင္းမွာ အလားအလာရွိေပမယ့္လည္း ထိုစဥ္ကာလေတြမွာ ဟုန္းဟုန္းေတာက္ေနတဲ့ လီဗာပူးတိုက္စစ္ထဲ ပါဝင္ဖို႔ေတာ့ အေတြ႔အၾကံဳပိုင္းလည္း အားနည္းခဲ့တယ္။

လီဗာပူးဘက္က သူ႔ကို ေပါင္ ၁၂ သန္းျဖင့္ ေရာင္းခ်ဖို႔ ေစ်းေခၚခဲ့ေပမယ့္ ရုရွားကလပ္ Krasnodar က ေပါင္ ၅ သန္းျဖင့္ပဲ ကမ္းလွမ္းလို႔ ျငင္းဆန္ခဲ့ရတယ္။ ဘယ္ဂ်ီယံကလပ္ ဘရုဂ်္၊ ျပင္သစ္ကလပ္တို႔ဘက္က ကမ္းလွမ္းမႈေတြ လုပ္ခဲ့သလို လိဒ္ယူႏုိက္တက္ကလည္း ေပါင္ ၄.၅ သန္းျဖင့္ ကမ္းလွမ္းခဲ့ေသးတာပါ။

ကန္႔ရဲ႕ နာမည္ၾကီး အေျပာင္းအေရႊ႔ ေကာလဟာလေတြက လက္ေတြ႔မွာ မျဖစ္ခဲ့ေပမယ့္ ၂၀၁၉ စက္တင္ဘာမွာ စေကာ့လိဂ္ရဲ႕ ေစ်းကြက္ေနာက္ဆံုးနာရီအတြင္း ရိန္းဂ်ာကို ေပါင္ ၇.၅ သန္းျဖင့္ အျပီးသတ္ ေျပာင္းျဖစ္ခဲ့ပါတယ္။ အဆိုပါ သေဘာတူညီခ်က္ဟာ ဆုေၾကးေတြလည္း ပါဝင္ထားသလို အနာဂတ္ ေျပာင္းေရႊ႔ေၾကးရဲ႕ ၂၀% ခံစားခြင့္အား လီဗာပူးထံ ေပးဖို႔လည္း ပါဝင္ခဲ့ပါတယ္။

ရိန္းဂ်ားကစားသမားဘဝ ပထမဆံုးေဘာလံုး ရာသီမွာ ဒဏ္ရာေၾကာင့္ အနားယူမႈေတြ ရွိခဲ့သည့္တိုင္ေအာင္ ၃၄ ပြဲကစား ကိုယ္တုိင္ ၈ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ လုပ္ႏုိင္ခဲ့တဲ့ ကန္႔ဟာ ဒီရာသီမွာ ပြဲ ၅၀ အတြင္း ကိုယ္တိုင္ ၁၂ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၄ ၾကိမ္ထိ လုပ္ႏုိင္ခဲ့ပါတယ္။

ျပည္တြင္းပြဲေတြမွာေကာ ဥေရာပ ယူရိုပါလိဂ္ျပိဳင္ပြဲမွာပါ အေတြ႔အၾကံဳေကာင္းေတြ ရယူလာႏုိင္တဲ့ အသက္ ၂၄ ႏွစ္အရြယ္ ကန္႔ကို ေခၚယူဖို႔ လိဒ္မန္ေနဂ်ာဘီရယ္ဆာက ျပန္လည္ စိတ္ဝင္စားလာတယ္။ ဒီေႏြမွာေတာ့ လိဒ္ဟာ အဂၤလန္ေတာင္ပံသမားကို ေပါင္ ၁၅ သန္းျဖင့္ ကမ္းလွမ္းမယ္လို႔လည္း ေယာ့ရိႈင္းယား အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပပါတယ္။

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ေျခစစ္ပြဲကေန ဝင္ျပိဳင္ခြင့္ရမယ့္ ရိန္းဂ်ားဟာ လူစာရင္း တည္ေဆာက္မႈေတြ ထပ္လုပ္ဖြယ္ရွိျပီး ကန္႔ကို ေပါင္ ၁၅ သန္းထက္ ပိုမ်ားတဲ့ ပမာဏျဖင့္ ကမ္းလွမ္းလာပါက လက္ခံႏုိင္တယ္လို႔လည္း အသံထြက္လာေနခဲ့ျပီျဖစ္ပါတယ္။