မနေ့တုန်းက ယူနိုက်တက်ပရိသတ်တွေ အိုထရတ်ဖိုဒ့်ကွင်းထဲ ဝင်ရောက်ခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲမှာ အနိုင်ရအသင်းအဖြစ် လီဗာပူးကို အနိုင်သုံးမှတ် အပြည့် ပေးသွားနိုင်ပါတယ်။

လောလောဆယ်မှာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေတို့က ပွဲပျက်ခဲ့တဲ့ ကိစ္စကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်။ ယူနိုက်တက်ကို အမှတ်လျော့ပြစ်ဒဏ် ပေးသွားနိုင်တယ်လို့ သတင်းထွက်နေသလို အက်ဖ်အေ စည်းမျဉ်းအရဆိုရင် ယူနိုက်တက်ဘက်က ပျက်ကွက်ခဲ့ခြင်းဖြစ်လို့ လီဗာပူးကို အနိုင်ပေးသွားနိုင်တယ်လို့လည်း သိရတယ်။ ဒါပေမယ့် ပြစ်ဒဏ်က ဘယ်လောက်ထိ သက်ရောက်မှုကြီးမလဲတော့ မသိရသေးပါဘူး။

အက်ဖ်အေစည်းမျဉ်း ၈.၃.၄ မှာ “ ကလပ်တစ်သင်းကြောင့် (သို့) ကလပ်တစ်သင်းရဲ့ အဖွဲ့ဝင် (သို့) အားပေးသူတွေကြောင့် ပွဲစဉ်ကို ဖျက်သိမ်းဖို့ ဖြစ်ခဲ့ပြီဆိုရင် ဘုတ်အဖွဲ့က အဆိုပါပွဲကို ပြန်မကစားစေဘဲ အခြားသော ကလပ်ကို တခုခုချီးမြင့်တာ (သို့) အနိုင်သုံးမှတ်ပေးတာမျိုး အမိန့်ပေးပိုင်ခွင့်ရှိတယ် ” လို့ ဖော်ပြထားခြင်းကြောင့် အဆိုပါ စည်းမျဉ်းနဲ့ဆိုရင် လီဗာပူးက အနိုင်သုံးမှတ်အပြည့် ရသွားဖို့ရှိနေတာဖြစ်တယ်။

ယူနိုက်တက်ပရိသတ်တွေက အသင်းပိုင်ရှင်တွေကို ဆန္ဒပြရာမှာ အိုထရတ်ဖိုဒ့်ကွင်းထဲ ဝင်ရောက်ရာက ပွဲကို ဆက်မကစားဖို့ထိပါ သက်ရောက်မှုရှိခဲ့တာပါ။ ဒီကိစ္စအတွက် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဘက်ကတော့ လိဂ်ရဲ့ စည်းမျဉ်း ဥပဒေတွေအတိုင်း စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဆန္ဒပြသူတွေက ကွင်းထဲကနေ ထွက်ခွာသွားပေမယ့်လည်း ၎င်းတို့ ကွင်းထဲမှာ လုပ်ခဲ့တဲ့ ကိစ္စတွေအရ ပွဲကို ဆက်ကစားဖို့ မဖြစ်နိုင်ခဲ့တာပါ။ နှစ်ဘက်ကလပ်တွေနဲ့ ပွဲနေ့တာဝန်ရှိသူတွေ ဆွေးနွေးမှုအရ တနင်္ဂနွေနေ့ပွဲကို မကစားဘဲ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

မေန႔တုန္းက ယူႏုိက္တက္ပရိသတ္ေတြ အိုထရတ္ဖိုဒ့္ကြင္းထဲ ဝင္ေရာက္ျခင္းေၾကာင့္ ေရႊ႔ဆိုင္းခဲ့ရတဲ့ပြဲမွာ အႏုိင္ရအသင္းအျဖစ္ လီဗာပူးကို အႏုိင္သံုးမွတ္ အျပည့္ ေပးသြားႏုိင္ပါတယ္။

ေလာေလာဆယ္မွာ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအတို႔က ပြဲပ်က္ခဲ့တဲ့ ကိစၥကို စစ္ေဆးမႈေတြ ျပဳလုပ္ေနျပီျဖစ္တယ္။ ယူႏုိက္တက္ကို အမွတ္ေလ်ာ့ျပစ္ဒဏ္ ေပးသြားႏုိင္တယ္လို႔ သတင္းထြက္ေနသလို အက္ဖ္ေအ စည္းမ်ဥ္းအရဆိုရင္ ယူႏုိက္တက္ဘက္က ပ်က္ကြက္ခဲ့ျခင္းျဖစ္လို႔ လီဗာပူးကို အႏုိင္ေပးသြားႏုိင္တယ္လို႔လည္း သိရတယ္။ ဒါေပမယ့္ ျပစ္ဒဏ္က ဘယ္ေလာက္ထိ သက္ေရာက္မႈၾကီးမလဲေတာ့ မသိရေသးပါဘူး။

အက္ဖ္ေအစည္းမ်ဥ္း ၈.၃.၄ မွာ “ ကလပ္တစ္သင္းေၾကာင့္ (သို႔) ကလပ္တစ္သင္းရဲ႕ အဖြဲ႔ဝင္ (သို႔) အားေပးသူေတြေၾကာင့္ ပြဲစဥ္ကို ဖ်က္သိမ္းဖို႔ ျဖစ္ခဲ့ျပီဆိုရင္ ဘုတ္အဖြဲ႔က အဆိုပါပြဲကို ျပန္မကစားေစဘဲ အျခားေသာ ကလပ္ကို တခုခုခ်ီးျမင့္တာ (သို႔) အႏုိင္သံုးမွတ္ေပးတာမ်ိဳး အမိန္႔ေပးပိုင္ခြင့္ရွိတယ္ ” လို႔ ေဖာ္ျပထားျခင္းေၾကာင့္ အဆိုပါ စည္းမ်ဥ္းနဲ႔ဆိုရင္ လီဗာပူးက အႏုိင္သံုးမွတ္အျပည့္ ရသြားဖို႔ရွိေနတာျဖစ္တယ္။

ယူႏုိက္တက္ပရိသတ္ေတြက အသင္းပိုင္ရွင္ေတြကို ဆႏၵျပရာမွာ အိုထရတ္ဖိုဒ့္ကြင္းထဲ ဝင္ေရာက္ရာက ပြဲကို ဆက္မကစားဖို႔ထိပါ သက္ေရာက္မႈရွိခဲ့တာပါ။ ဒီကိစၥအတြက္ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဘက္ကေတာ့ လိဂ္ရဲ႕ စည္းမ်ဥ္း ဥပေဒေတြအတိုင္း စစ္ေဆးမႈေတြ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

ဆႏၵျပသူေတြက ကြင္းထဲကေန ထြက္ခြာသြားေပမယ့္လည္း ၄င္းတို႔ ကြင္းထဲမွာ လုပ္ခဲ့တဲ့ ကိစၥေတြအရ ပြဲကို ဆက္ကစားဖို႔ မျဖစ္ႏုိင္ခဲ့တာပါ။ ႏွစ္ဘက္ကလပ္ေတြနဲ႔ ပြဲေန႔တာဝန္ရွိသူေတြ ေဆြးေႏြးမႈအရ တနဂၤေႏြေန႔ပြဲကို မကစားဘဲ ေရႊ႔ဆုိင္းဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။