ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ၎င်းတို့အသင်းရဲ့ ထိပ်တန်း တိုက်စစ်သမား နှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ထဲက ဆန်ချိုကို ဒီနွေမှာ ရောင်းချဖို့ လမ်းဖွင့်လိုက်ပါပြီ။

သတင်းထောက် Fabrizio Romano က ” မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရမယ်ဆိုရင် ဒီနွေမှာ ဆန်ချိုကို ရောင်းထုတ်ဖို့ ဒေါ့မွန်ဘက်က လမ်းဖွင့်ထားမှာဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက သူဟာ ယူနိုက်တက်ကို ပြောင်းဖို့ ခြေတစ်လှမ်းအကွာထိ ရောက်ခဲ့သေးတာဖြစ်ပါတယ်။

ဒေါ့မွန်ဘက်ကတော့ အင်္ဂလန်သား တိုက်စစ်သမားအတွက် ယူရို သန်း ၁၂၀ ထက်နည်းတဲ့ ပမာဏကို ဒီနွေမှာ လက်ခံသွားဖွယ်ရှိတယ်။ ဒါပေမယ့်လို့ ဈေးကွက်နှောင်းပိုင်းမှ ကမ်းလှမ်းလာမှုမျိုးကိုတော့ လက်ခဲသွားမှာ မဟုတ်ဘူး ” ဆိုပြီး မေလ ၄ ရက်ဖြစ်တဲ့ ဒီကနေ့မှာ ထုတ်ဖော်သွားတာပါ။

တွဲလျက် ထွက်ပေါ်နေတဲ့ သတင်းမှာတော့ ဒေါ့မွန်ဟာ ဆန်ချိုကို လက်လွတ်ရရင် နောက်ထပ် လူငယ်စတားတစ်ဦးကို ပြန်လည်ခေါ်ယူသွားဖို့ စီစဉ်ထားတယ်။ ၎င်းတို့ စိတ်ဝင်စားနေတဲ့ ကြယ်ပွင့်ကတော့ ပိုလန်မက်ဆီအဖြစ် နာမည်ကြီးနေတဲ့ လီဗာပူးအသင်းမှ တိုက်စစ်သမား မြူဇီယာလိုစကီးပဲဖြစ်ပါတယ်။

လီဗာပူး လူငယ်အသင်းမှာ တောက်ပနေတဲ့ မြူဇီယာလိုစကီဟာ လာမယ့် ရာသီကြိုမှာ လီဗာပူးစီနီယာအသင်းဖြင့် ပူးပေါင်းနိုင်မယ် သတင်းကြီးထားသူပါ။ လီဗာပူးဘက်က အငှားပဲချလိုပြီး ရောင်းထုတ်ရရင်တောင်မှ ပြန်လည်ခေါ်ယူခွင့်ပါမယ့် သဘောတူညီချက်ဖြင့်ပဲ ထွက်ခွင့်ပေးလိုကာ ဒေါ့မွန်ဘက်ကတော့ မည့်သည် နှောင်ကြိုးမှ မပါတဲ့ အပြီးသတ် ဝယ်ယူခွင့်ကိုပဲ အလိုရှိနေပါတယ်။

၂၀၁၇ တုန်းက ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းဟာ ကိတ်တာကို ရောင်းထုတ်ပေးရာမှာ လီဗာပူးလူငယ်လေး ထရန့်ကို ပြန်ခေါ်ယူနိုင်ဖို့ ဆန္ဒရှိခဲ့တယ်။ ထိုစဉ်တုန်းက လိုက်ဇစ်ရဲ့ ကမ်းလှမ်းမှုကို လီဗာပူးဘက်က ပယ်ချခဲ့လို့သာ ထရန့်ဟာ လီဗာပူးမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ ၄င္းတို႔အသင္းရဲ႕ ထိပ္တန္း တိုက္စစ္သမား ႏွစ္ဦးျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ဟာလန္းတို႔ထဲက ဆန္ခ်ိဳကို ဒီေႏြမွာ ေရာင္းခ်ဖို႔ လမ္းဖြင့္လိုက္ပါျပီ။

သတင္းေထာက္ Fabrizio Romano က ” မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြ ရမယ္ဆိုရင္ ဒီေႏြမွာ ဆန္ခ်ိဳကို ေရာင္းထုတ္ဖို႔ ေဒါ့မြန္ဘက္က လမ္းဖြင့္ထားမွာျဖစ္တယ္။ ျပီးခဲ့တဲ့ ႏွစ္တုန္းက သူဟာ ယူႏုိက္တက္ကို ေျပာင္းဖို႔ ေျခတစ္လွမ္းအကြာထိ ေရာက္ခဲ့ေသးတာျဖစ္ပါတယ္။

ေဒါ့မြန္ဘက္ကေတာ့ အဂၤလန္သား တိုက္စစ္သမားအတြက္ ယူရို သန္း ၁၂၀ ထက္နည္းတဲ့ ပမာဏကို ဒီေနြမွာ လက္ခံသြားဖြယ္ရွိတယ္။ ဒါေပမယ့္လို႔ ေစ်းကြက္ေႏွာင္းပိုင္းမွ ကမ္းလွမ္းလာမႈမ်ိဳးကိုေတာ့ လက္ခဲသြားမွာ မဟုတ္ဘူး ” ဆိုျပီး ေမလ ၄ ရက္ျဖစ္တဲ့ ဒီကေန႔မွာ ထုတ္ေဖာ္သြားတာပါ။

တြဲလ်က္ ထြက္ေပၚေနတဲ့ သတင္းမွာေတာ့ ေဒါ့မြန္ဟာ ဆန္ခ်ိဳကို လက္လြတ္ရရင္ ေနာက္ထပ္ လူငယ္စတားတစ္ဦးကို ျပန္လည္ေခၚယူသြားဖို႔ စီစဥ္ထားတယ္။ ၄င္းတို႔ စိတ္ဝင္စားေနတဲ့ ၾကယ္ပြင့္ကေတာ့ ပိုလန္မက္ဆီအျဖစ္ နာမည္ၾကီးေနတဲ့ လီဗာပူးအသင္းမွ တိုက္စစ္သမား ျမဴဇီယာလိုစကီးပဲျဖစ္ပါတယ္။

လီဗာပူး လူငယ္အသင္းမွာ ေတာက္ပေနတဲ့ ျမဴဇီယာလိုစကီဟာ လာမယ့္ ရာသီၾကိဳမွာ လီဗာပူးစီနီယာအသင္းျဖင့္ ပူးေပါင္းႏုိင္မယ္ သတင္းၾကီးထားသူပါ။ လီဗာပူးဘက္က အငွားပဲခ်လိုျပီး ေရာင္းထုတ္ရရင္ေတာင္မွ ျပန္လည္ေခၚယူခြင့္ပါမယ့္ သေဘာတူညီခ်က္ျဖင့္ပဲ ထြက္ခြင့္ေပးလိုကာ ေဒါ့မြန္ဘက္ကေတာ့ မည့္သည္ ေႏွာင္ၾကိဳးမွ မပါတဲ့ အျပီးသတ္ ဝယ္ယူခြင့္ကိုပဲ အလိုရွိေနပါတယ္။

၂၀၁၇ တုန္းက ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္းဟာ ကိတ္တာကို ေရာင္းထုတ္ေပးရာမွာ လီဗာပူးလူငယ္ေလး ထရန္႔ကို ျပန္ေခၚယူႏုိင္ဖို႔ ဆႏၵရွိခဲ့တယ္။ ထိုစဥ္တုန္းက လိုက္ဇစ္ရဲ႕ ကမ္းလွမ္းမႈကို လီဗာပူးဘက္က ပယ္ခ်ခဲ့လို႔သာ ထရန္႔ဟာ လီဗာပူးမွာ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။