လီဗာပူးအသင်းဟာ ရာသီကုန်မှာ ခံစစ်မှူးခါဘတ်ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူမလားဆိုတာကို အခုချိန်ထိ အတည်ပြု ဆုံးဖြတ်ပေးလာခြင်း မရှိသေးပါဘူး။

ဇန်နဝါရီမှာ လီဗာပူးအသင်းကို ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ရှော်ကေးကနေ လာရောက် ကစားနေတဲ့ ခါဘတ်ဟာ ၃ လတာ ကာလအတွင်းမှာ ပွဲပေါင်း ၁၃ ပွဲ ကစားထားသူပါ။ သူ့အပေါ် လီဗာပူးပရိသတ်တွေဘက်က အမြင်အမျိုးမျိုး ရှိထားပေမယ့် များသောအားဖြင့်က အကောင်းမြင်တဲ့ သဘောထားတွေ ရှိထားကြတာဖြစ်ပါတယ်။

ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာရနေခြင်းကြောင့် ယာဂင်ကလော့ပ်ရဲ့ ပထမဦးစားပေး ခံစစ်သမားဖြစ်နေတဲ့ ခါဘတ်ဟာ အခုမှ အသက် ၂၁ အရွယ်ပဲ ရှိသေးသူဖြစ်တယ်။ လီဗာပူးက သူ့ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၁၈ သန်းပဲ ပေးရမှာဖြစ်ပြီး ဒါဟာ တန်ဖိုးချိုတဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်သလို သူ့အသက်အရွယ်ထဲမှာတော့ တန်ဖိုးကြီးတဲ့ စာချုပ်ကြေးလည်း ဖြစ်ပါတယ်။

The Athletic မှ သတင်းထောက်ဖြစ်သူ David Ornstein ရဲ့ ထုတ်ပြောမှုအရဆိုရင် လီဗာပူးအသင်းဟာ ခါဘတ်ကို အပြီးသတ် ခေါ်ယူမလားဆိုတဲ့ ကိစ္စကို မေလလယ်မှာပဲ ရှော်ကေးအသင်းကို အကြောင်းပြန်ရမှာဖြစ်တယ်။ လီဗာပူးဘက်ကတော့ ခါဘတ်ရဲ့ ပြောင်းရွှေကြေးကို ရှော်ကေး တောင်းဆိုတဲ့ ကြေးထက် ပိုနည်းပါးစွာဖြင့် ကမ်းလှမ်းနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်တယ်။

နာမည်ကျော် လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ TIA က ရာသီကုန်မှာ ခါဘတ်ကို ခေါ်ယူသင့်လားဆိုတဲ့ မေးခွန်းနဲ့ပက်သက်လို့ လီဗာပူးပရိသတ်တွေကြား စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့တယ်။ ပရိသတ် သောင်းကျော် ပါဝင်တဲ့ ဗုတ်ပေးမှုမှာတော့ ၇၇% သော လီဗာပူး ပရိသတ်တွေက ခါဘတ်ကို ခေါ်ယူဖို့ကို ထောက်ခံခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းမှ အသက် ၂၁ နှစ်အရွယ် ခံစစ်သမား ကိုနိတ်ကိုလည်း ခေါ်ယူဖို့ သတင်းကြီးနေတယ်။ ကိုနိတ်အတွက် လီဗာပူးဘက်က ယူရို သန်း ၄၀ ပေးရမယ်လို့ သတင်းထွက်နေသလို အဆိုပါ ပြောင်းရွှေ့ကြေးထက် နည်းပါးတဲ့ ပမာဏကိုပဲ ပေးရဖို့ လီဗာပူးဘက်က ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီကုန္မွာ ခံစစ္မွဴးခါဘတ္ကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူမလားဆိုတာကို အခုခ်ိန္ထိ အတည္ျပဳ ဆံုးျဖတ္ေပးလာျခင္း မရွိေသးပါဘူး။

ဇန္နဝါရီမွာ လီဗာပူးအသင္းကို ရာသီကုန္ထိ အငွားစာခ်ဳပ္ျဖင့္ ေရွာ္ေကးကေန လာေရာက္ ကစားေနတဲ့ ခါဘတ္ဟာ ၃ လတာ ကာလအတြင္းမွာ ပြဲေပါင္း ၁၃ ပြဲ ကစားထားသူပါ။ သူ႔အေပၚ လီဗာပူးပရိသတ္ေတြဘက္က အျမင္အမ်ိဳးမ်ိဳး ရွိထားေပမယ့္ မ်ားေသာအားျဖင့္က အေကာင္းျမင္တဲ့ သေဘာထားေတြ ရွိထားၾကတာျဖစ္ပါတယ္။

ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တိုု႔ ဒဏ္ရာရေနျခင္းေၾကာင့္ ယာဂင္ကေလာ့ပ္ရဲ႕ ပထမဦးစားေပး ခံစစ္သမားျဖစ္ေနတဲ့ ခါဘတ္ဟာ အခုမွ အသက္ ၂၁ အရြယ္ပဲ ရွိေသးသူျဖစ္တယ္။ လီဗာပူးက သူ႔ကို ေခၚယူမယ္ဆိုရင္ ေပါင္ ၁၈ သန္းပဲ ေပးရမွာျဖစ္ျပီး ဒါဟာ တန္ဖိုးခ်ိဳတဲ့ အေျပာင္းအေရႊ႔ ျဖစ္ႏုိင္သလို သူ႔အသက္အရြယ္ထဲမွာေတာ့ တန္ဖိုးၾကီးတဲ့ စာခ်ဳပ္ေၾကးလည္း ျဖစ္ပါတယ္။

The Athletic မွ သတင္းေထာက္ျဖစ္သူ David Ornstein ရဲ႕ ထုတ္ေျပာမႈအရဆိုရင္ လီဗာပူးအသင္းဟာ ခါဘတ္ကို အျပီးသတ္ ေခၚယူမလားဆိုတဲ့ ကိစၥကို ေမလလယ္မွာပဲ ေရွာ္ေကးအသင္းကို အေၾကာင္းျပန္ရမွာျဖစ္တယ္။ လီဗာပူးဘက္ကေတာ့ ခါဘတ္ရဲ႕ ေျပာင္းေရႊေၾကးကို ေရွာ္ေကး ေတာင္းဆိုတဲ့ ေၾကးထက္ ပိုနည္းပါးစြာျဖင့္ ကမ္းလွမ္းႏုိင္ဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္တယ္။

နာမည္ေက်ာ္ လီဗာပူးဖန္းဆိုဒ္ျဖစ္တဲ့ TIA က ရာသီကုန္မွာ ခါဘတ္ကို ေခၚယူသင့္လားဆိုတဲ့ ေမးခြန္းနဲ႔ပက္သက္လို႔ လီဗာပူးပရိသတ္ေတြၾကား စစ္တမ္းေကာက္ယူမႈ ျပဳလုပ္ခဲ့တယ္။ ပရိသတ္ ေသာင္းေက်ာ္ ပါဝင္တဲ့ ဗုတ္ေပးမႈမွာေတာ့ ၇၇% ေသာ လီဗာပူး ပရိသတ္ေတြက ခါဘတ္ကို ေခၚယူဖို႔ကို ေထာက္ခံခဲ့ၾကပါတယ္။

လီဗာပူးအသင္းဟာ လုိက္ဇစ္အသင္းမွ အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္သမား ကိုနိတ္ကိုလည္း ေခၚယူဖို႔ သတင္းၾကီးေနတယ္။ ကိုနိတ္အတြက္ လီဗာပူးဘက္က ယူရို သန္း ၄၀ ေပးရမယ္လို႔ သတင္းထြက္ေနသလို အဆိုပါ ေျပာင္းေရႊ႔ေၾကးထက္ နည္းပါးတဲ့ ပမာဏကိုပဲ ေပးရဖို႔ လီဗာပူးဘက္က ၾကိဳးစားေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚထားပါတယ္။