ဒေါ့မွန်အသင်းဟာ ၎င်းတို့ကလပ်ရဲ့ အဓိက တိုက်စစ်သမားဖြစ်တဲ့ ဆန်ချိုကို ကမ်းလှမ်းလာမှုတွေ ရှိမယ်ဆိုရင် ကစားသမားဖြင့် သဘောတူညီထားတဲ့ လူကြီးလူကောင်း သဘောတူညီချက်အရ လက်ခံစဉ်းစားမှုတွေ လုပ်ပေးသွားမှာဖြစ်ပါတယ်။

လီဗာပူးသတင်းထောက်တစ်ဦးဖြစ်တဲ့ Melissa Reddy က အဆိုပါ သတင်းကို အတည်ပြုပေးခဲ့ပြီး ကိုဗစ် ကပ်ဘေးကြောင့် ကလပ်တွေ ဘဏ္ဍာရေးထိခိုက်နေတဲ့ လက်တလော အခြေအနေမှာ ကလပ်ဖြင့် စာချုပ် ၂ နှစ်ပဲကျန်တဲ့ ဆန်ချိုကို ရောင်းထုတ်ရေးမှာ ဒေါ့မွန်ဘက်က ပျော့ပြောင်းသော သဘောထားတွေ ရှိလာတယ်လို့ ဆိုတယ်။

ယခင်ရာသီတွေတုန်းကလို ဆန်ချိုကို ဆက်ထိန်းဖို့ရာ တင်းခံနေမှုတွေထက် ကစားသမားအတွက် ထိုက်တန်သော တန်ကြေးဖြင့် ဈေးကွက်အစောပိုင်းမှာတင် ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားမှာဖြစ်တယ်။

ဒေါ့မွန်က ဒီနွေမှာ ဆန်ချိုအတွက် ယူရို သန်း ၉၀ ရမယ်ဆိုရင်ကို လက်လွတ်ပေးဖို့ အဆင်သင့်ရှိနေတယ်။ ဒါဟာ မနှစ်ကနွေမှာ ဒေါ့မွန်တောင်းဆိုခဲ့တဲ့ ယူရို သန်း ၁၂၀ ထက် အတော်လေး လျော့နည်းနေတာပဲဖြစ်ပါတယ်။

ဆန်ချိုကိ ုလီဗာပူးဘက်က စိတ်ဝင်စားနေမှုနှင့် ပက်သက်လို့ သတင်းထောက် Melissa Reddy က “ လီဗာပူးက ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးမှာ ကစားနေစဉ်တည်းက လီဗာပူးက ဆန်ချိုနှင့်ပက်သက်လို့ စိတ်လှုပ်ရှားခဲ့ပါတယ်။

အင်္ဂလန်လူငယ်က မန်စီးတီးကနေ ထွက်ခွာဖို့ ကြိုးစားခဲ့စဉ်မှာ လီဗာပူးဘက်က ဝင်ကမ်းလှမ်းလိုခဲ့တယ်။ ဒါပမယ့် ပြည်တွင်း ပြိုင်ဘက်အသင်းထံ ပြောင်းခွင့်ပေးဖို့ကို မန်စီးတီးအသင်း လက်ခံမှာ မဟုတ်ဘူးဆိုတာကို လီဗာပူးက သိနားလည်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟာ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီး ဂျာမနီကလပ်ကလည်း သူ့ရဲ့ ကစားစန်၊ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုမှုနဲ့ တိုက်စစ်ပိုင်း တာဝန်ယူမှုတွေဟာ ဘွန်ဒက်လီဂါရဲ့ တောင်းဆိုမှုနှင့် ကိုက်ညီမယ်ဆိုတာကို ယုံကြည်ခဲ့တယ်။

ကပ်ဘေးတွေ မဖြစ်လာခင်မှာ လီဗာပူးဘက်က ဖန်တီးနိုင်စွမ်းကောင်းတဲ့ အရန်လူစာရင်းကို တည်ဆောက်ဖို့အတွက် လူငယ်မျိုးဆက်ဖြစ်စေ၊ အလားအလာရှိ ကစားသမားကိုဖြစ်စေ မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ဈေးဖြင့် အပြောင်းအရွှေ့ကနေ ခေါ်ယူဖို့ အလေးအနက် စဉ်းစားခဲ့သေးတာဖြစ်တယ် ” လို့ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေဒါ့မြန္အသင္းဟာ ၄င္းတို႔ကလပ္ရဲ႕ အဓိက တိုက္စစ္သမားျဖစ္တဲ့ ဆန္ခ်ိဳကို ကမ္းလွမ္းလာမႈေတြ ရွိမယ္ဆိုရင္ ကစားသမားျဖင့္ သေဘာတူညီထားတဲ့ လူၾကီးလူေကာင္း သေဘာတူညီခ်က္အရ လက္ခံစဥ္းစားမႈေတြ လုပ္ေပးသြားမွာျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္တစ္ဦးျဖစ္တဲ့ Melissa Reddy က အဆိုပါ သတင္းကို အတည္ျပဳေပးခဲ့ျပီး ကိုဗစ္ ကပ္ေဘးေၾကာင့္ ကလပ္ေတြ ဘ႑ာေရးထိခိုက္ေနတဲ့ လက္တေလာ အေျခအေနမွာ ကလပ္ျဖင့္ စာခ်ဳပ္ ၂ ႏွစ္ပဲက်န္တဲ့ ဆန္ခ်ိဳကို ေရာင္းထုတ္ေရးမွာ ေဒါ့မြန္ဘက္က ေပ်ာ့ေျပာင္းေသာ သေဘာထားေတြ ရွိလာတယ္လို႔ ဆိုတယ္။

ယခင္ရာသီေတြတုန္းကလို ဆန္ခ်ိဳကို ဆက္ထိန္းဖို႔ရာ တင္းခံေနမႈေတြထက္ ကစားသမားအတြက္ ထိုက္တန္ေသာ တန္ေၾကးျဖင့္ ေစ်းကြက္အေစာပိုင္းမွာတင္ ကမ္းလွမ္းလာမယ္ဆိုရင္ လက္ခံသြားမွာျဖစ္တယ္။

ေဒါ့မြန္က ဒီေႏြမွာ ဆန္ခ်ိဳအတြက္ ယူရို သန္း ၉၀ ရမယ္ဆိုရင္ကို လက္လြတ္ေပးဖို႔ အဆင္သင့္ရွိေနတယ္။ ဒါဟာ မႏွစ္ကေႏြမွာ ေဒါ့မြန္ေတာင္းဆိုခဲ့တဲ့ ယူရို သန္း ၁၂၀ ထက္ အေတာ္ေလး ေလ်ာ့နည္းေနတာပဲျဖစ္ပါတယ္။

ဆန္ခ်ိဳကိ ုလီဗာပူးဘက္က စိတ္ဝင္စားေနမႈႏွင့္ ပက္သက္လို႔ သတင္းေထာက္ Melissa Reddy က “ လီဗာပူးက ဆန္ခ်ိဳကို ေခၚယူႏုိင္ဖို႔ ကာလရွည္ စိတ္ဝင္စားေနခဲ့တာျဖစ္ပါတယ္။ မန္စီးတီးမွာ ကစားေနစဥ္တည္းက လီဗာပူးက ဆန္ခ်ိဳႏွင့္ပက္သက္လို႔ စိတ္လႈပ္ရွားခဲ့ပါတယ္။

အဂၤလန္လူငယ္က မန္စီးတီးကေန ထြက္ခြာဖို႔ ၾကိဳးစားခဲ့စဥ္မွာ လီဗာပူးဘက္က ဝင္ကမ္းလွမ္းလိုခဲ့တယ္။ ဒါပမယ့္ ျပည္တြင္း ျပိဳင္ဘက္အသင္းထံ ေျပာင္းခြင့္ေပးဖို႔ကို မန္စီးတီးအသင္း လက္ခံမွာ မဟုတ္ဘူးဆိုတာကို လီဗာပူးက သိနားလည္ပါတယ္။

အဂၤလန္လက္ေရြးစင္ဟာ ေဒါ့မြန္ကို ေျပာင္းေရႊ႔ခဲ့ျပီး ဂ်ာမနီကလပ္ကလည္း သူ႔ရဲ႕ ကစားစန္၊ ရုပ္ပိုင္းဆိုင္ရာ ေတာင္းဆိုမႈနဲ႔ တိုက္စစ္ပိုင္း တာဝန္ယူမႈေတြဟာ ဘြန္ဒက္လီဂါရဲ႕ ေတာင္းဆိုမႈႏွင့္ ကိုက္ညီမယ္ဆိုတာကို ယံုၾကည္ခဲ့တယ္။

ကပ္ေဘးေတြ မျဖစ္လာခင္မွာ လီဗာပူးဘက္က ဖန္တီးႏုိင္စြမ္းေကာင္းတဲ့ အရန္လူစာရင္းကို တည္ေဆာက္ဖို႔အတြက္ လူငယ္မ်ိဳးဆက္ျဖစ္ေစ၊ အလားအလာရွိ ကစားသမားကိုျဖစ္ေစ မွန္ကန္တဲ့အခ်ိန္ မွန္ကန္တဲ့ေစ်းျဖင့္ အေျပာင္းအေရႊ႔ကေန ေခၚယူဖို႔ အေလးအနက္ စဥ္းစားခဲ့ေသးတာျဖစ္တယ္ ” လို႔ ထုတ္ေျပာသြားခဲ့တာျဖစ္ပါတယ္။