လာမယ့်ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် မှေးမှိန်နေခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့တင် ကျေနပ်ရလောက်တဲ့ အနေအထား ဖြစ်နေခြင်းအပေါ် ထွက်ပေါ်နေတဲ့ မေးခွန်းကို မန်နေဂျာယာဂင်ကလော့ပ်က မှတ်ချက်ပေးခဲ့တယ်။

လီဗာပူးအသင်းဝဘ်ဆိုဒ်ကနေပြီး ယာဂင်ကလော့ပ်က ပြောရာမှာ “ ကျနော် အင်္ဂလန်ကို ရောက်စဉ်တည်းက ယူရိုပါလိဂ်ပြိုင်ပွဲကို တစ်ကြိမ်တည်း ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ကျနော်တို့ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲကလွဲရင် သိပ်ကောင်းခဲ့ပါတယ်။

ယူနိုက်တက်က ယူရိုပါလိဂ်မှာ အတော်လေး ပျော်ရွှင်နေရတဲ့ အနေအထားဆိုတာလည်း ကျနော် မြင်တယ်။ ဥရောပပြိုင်ပွဲမှာ ဘယ်ပြိုင်ပွဲဖြစ်ဖြစ် ဘယ်အဆင့်ဆင့်ပဲဖြစ်ဖြစ် ယှဉ်ပြိုင်ရပါစေ တူညီတဲ့ ပုံစံဖြင့်ပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ‘အိုး ငါတို့ ယှဉ်ပြိုင်ရမှာက ယူရိုပါလိဂ်တင်လား’ ဆိုပြီးလည်း ဖြစ်နေမှာ မဟုတ်ပါဘူး။

ယူရိုပါလိဂ်ကလည်း ပြိုင်ပွဲကောင်းဖြစ်ပါတယ် ဒါပေမယ့် ဒီအခြေအနေမှာ ရာသီကုန်ထိ ဖြတ်သန်းနေစဉ် ကာလအတွင်း ဒီအကြောင်းကို မစဉ်းစားနိုင်သေးပါဘူး။ ဖြစ်လာဖို့ ခက်ခဲတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် အခွင့်အရေး နည်းနည်းလေးတော့ ရှိနေပါသေးတယ်။ ဒီတော့ ကြိုးစားလိုက်ကြရအောင်ပါ ကျန်တာတွေတော့ ရာသီကုန်မှပဲ စဉ်းစားကြတော့ပေါ့ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကြားဖြတ်ကာလအဖြစ် မန်နေဂျာယာဂင်ကလော့ပ် မန်နေဂျာအဖြစ် ဝင်ရောက်လာတဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ ယူရိုပါလိဂ်ကို ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့တာဖြစ်တယ်။ ဗိုလ်လုပွဲမှာတော့ ဆီးဗီးလားကို ၃-၁ ဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။

ဆီးဗီးလား မတိုင်ခင် လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကလပ်ဖြစ်ခဲ့သေးတာပါ။ လက်ကျန် အမှတ်ပေးပွဲတွေ အားလုံးကို အနိုင်ရမယ်ဆိုရင် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က အခွင့်အရေး အနည်းငယ်တော့ ရှိနေသေးတာဖြစ်ပါတယ်။

ZAWGYI

လာမယ့္ရာသီ လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွးမွိန္ေနခဲ့ျပီး ယူရိုပါလိဂ္ဝင္ခြင့္နဲ႔တင္ ေက်နပ္ရေလာက္တဲ့ အေနအထား ျဖစ္ေနျခင္းအေပၚ ထြက္ေပၚေနတဲ့ ေမးခြန္းကို မန္ေနဂ်ာယာဂင္ကေလာ့ပ္က မွတ္ခ်က္ေပးခဲ့တယ္။

လီဗာပူးအသင္းဝဘ္ဆိုဒ္ကေနျပီး ယာဂင္ကေလာ့ပ္က ေျပာရာမွာ “ က်ေနာ္ အဂၤလန္ကို ေရာက္စဥ္တည္းက ယူရိုပါလိဂ္ျပိဳင္ပြဲကို တစ္ၾကိမ္တည္း ယွဥ္ျပိဳင္ခဲ့ဖူးပါတယ္။ က်ေနာ္တို႔ ဗိုလ္လုပြဲထိ တက္ေရာက္ႏုိင္ခဲ့ျပီး ဗိုလ္လုပြဲကလြဲရင္ သိပ္ေကာင္းခဲ့ပါတယ္။

ယူႏုိက္တက္က ယူရိုပါလိဂ္မွာ အေတာ္ေလး ေပ်ာ္ရႊင္ေနရတဲ့ အေနအထားဆိုတာလည္း က်ေနာ္ ျမင္တယ္။ ဥေရာပျပိဳင္ပြဲမွာ ဘယ္ျပိဳင္ပြဲျဖစ္ျဖစ္ ဘယ္အဆင့္ဆင့္ပဲျဖစ္ျဖစ္ ယွဥ္ျပိဳင္ရပါေစ တူညီတဲ့ ပံုစံျဖင့္ပဲ ယွဥ္ျပိဳင္သြားမွာျဖစ္ပါတယ္။ ‘အိုး ငါတို႔ ယွဥ္ျပိဳင္ရမွာက ယူရိုပါလိဂ္တင္လား’ ဆိုျပီးလည္း ျဖစ္ေနမွာ မဟုတ္ပါဘူး။

ယူရိုပါလိဂ္ကလည္း ျပိဳင္ပြဲေကာင္းျဖစ္ပါတယ္ ဒါေပမယ့္ ဒီအေျခအေနမွာ ရာသီကုန္ထိ ျဖတ္သန္းေနစဥ္ ကာလအတြင္း ဒီအေၾကာင္းကို မစဥ္းစားႏုိင္ေသးပါဘူး။ ျဖစ္လာဖို႔ ခက္ခဲတယ္ဆိုေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ အခြင့္အေရး နည္းနည္းေလးေတာ့ ရွိေနပါေသးတယ္။ ဒီေတာ့ ၾကိဳးစားလိုက္ၾကရေအာင္ပါ က်န္တာေတြေတာ့ ရာသီကုန္မွပဲ စဥ္းစားၾကေတာ့ေပါ့ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ၾကားျဖတ္ကာလအျဖစ္ မန္ေနဂ်ာယာဂင္ကေလာ့ပ္ မန္ေနဂ်ာအျဖစ္ ဝင္ေရာက္လာတဲ့ ၂၀၁၅-၂၀၁၆ ေဘာလံုးရာသီမွာ ယူရိုပါလိဂ္ကို ဗိုလ္လုပြဲထိ တက္ေရာက္ႏုိင္ခဲ့တာျဖစ္တယ္။ ဗိုလ္လုပြဲမွာေတာ့ ဆီးဗီးလားကို ၃-၁ ျဖင့္ အေရးနိမ့္သြားခဲ့ပါတယ္။

ဆီးဗီးလား မတိုင္ခင္ လီဗာပူးအသင္းဟာ ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုး ကလပ္ျဖစ္ခဲ့ေသးတာပါ။ လက္က်န္ အမွတ္ေပးပြဲေတြ အားလံုးကို အႏုိင္ရမယ္ဆိုရင္ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္က အခြင့္အေရး အနည္းငယ္ေတာ့ ရွိေနေသးတာျဖစ္ပါတယ္။