လီဗာပူးစတား အီးလီးယော့က ကလပ်သမိုင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ပေးခဲ့တဲ့ ဟန်ဒါဆန်ကို စတီဗင် ကိုယ်ပွားအဖြစ် လေးလေးနက်နက် ချီးကျူးသွားပါတယ်။
အီးလီးယော့ဟာ လီဗာပူးအသင်းရဲ့ အနာဂတ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်တယ်။ လီဗာပူးအသင်းဖော်တွေနှင့် ပတ်သက်လို့ မေးခွန် ထုတ်ခံရချိန်မှာလည်း သူလေးစားရတဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဂန္တဝင်တစ်ဦးအဖြစ်ပါ လေးစားစကား ပြောဆိုပါတယ်။
အီးလီးယော့က ” လူတွေက သူတို့ အသိအမှတ်ပြုသင့်သလောက် ဟန်ဒါဆန်အပေါ် ချီးမြှင့်ကြခြင်း မရှိပါဘူး။ ဟန်ဒါဆန်ဟာ ကွင်းတွင်း ကွင်းပြင်မှာ ဂန္တဝင်တစ်ဦးဖြစ်ပါတယ်။ သူနဲ့ပက်သက်လို့ ကောင်းမွန်တဲ့စကားလုံးတွေ လုံလောက်အောင်ကို မပြောနိုင်ပါဘူး။ သူက ထိပ်တန်း အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
သူက အသင်းခေါင်းဆောင်တစ်ယောက် လိုအပ်တာတွေ အားလုံးရှိသူပါ။ သူက ကွင်းထဲမှာ ခေါင်းဆောင်ဖြစ်ပြီး ကွင်းပြင်မှာလည်း ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ တုန့်ပြန်မှုတွေရဖို့ သူလုပ်နေတာ မဟုတ်ပါဘူး။ သူက သူလုပ်လိုတဲ့ ကိစ္စကိုပဲ လုပ်နေတာဖြစ်ပါတယ်။ ကိစ္စတွေအပေါ် သက်ရောက်မှုရှိလိုတယ်၊ အားလုံးက တူညီတဲ့ စာမျက်နှာ ရှိနေကြတယ်ဆိုပြီး လူတိုင်းကို သူနဲ့အတူ တက်ကြွနေအောင်လည်း ဦးဆောင်နေသူဖြစ်ပါတယ်။
လီဗာပူးမှာ တံခါးတွန်းဖွင့် ဝင်သွားလိုက်တိုင် းအခြားသော အသင်းဖော်တွေလိုပဲ သူက ကျနော်ကို ကောင်းကောင်းကြိုဆိုပါတယ်။ ဟန်ဒါဆန်က ကျနော်ကို အမြဲတမ်း လမ်းညွှန်ပေးပြီး လေ့ကျင့်ရေးမှာလည်း ကျနော်နဲ့ ကြိုးစားလေ့ကျင့်ပါတယ်။ ကျနော်ရဲ့ ကိုယ်ပုံစံအတိုင်း အကောင်းဆုံးဖြစ်လာဖို့ကိုပဲ တိုက်တွန်းတယ်။ ဟန်ဒါဆန်နဲ့ ပက်သက်လို့ ကောင်းမွန်တဲ့ ကိစ္စတွေကို လုံလောက်အောင်တောင် မပြောနိုင်တော့ပါဘူး။
သူ့ကို ကြည့်မိတိုင်းမှာ သူက စတီဗင်ဂျရတ်နဲ့ အတော်လေး ဆင်ပါတယ်။ ကျနော်အတွက်တော့ ဟန်ဒါဆန်ဟာ စတီဗင်ဂျရတ် ကိုယ်ပွားပါပဲ။ ဟန်ဒါဆန်ဟာ ဂန္တဝင်တစ်ဦးပဲဖြစ်ပါတယ် ” လို့ ညွှန်းဆိုသွားတာဖြစ်ပါတယ်။
၂၀၁၅ မှာတော့ ဂျော်ဒန် ဟန်ဒါဆန်ဟာ စတီဗင်ဂျရတ်နေရာ ဆက်ခံပြီး လီဗာပူးအသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့တဲ့ ဟန်ဒါဆန်ဟာ အဝတ်လဲခန်းထဲက အသင်းဖော်တွေ၊ လီဗာပူးပရိသတ် အဖွဲ့အစည်းတွေနှင့် နည်းပြအဖွဲ့ကော၊ အုပ်ချုပ်ရေးအဖွဲ့ကပါ လေးစားခံ ပုဂ္ဂိုလ်အဖြစ် အသင်းကို ဦးဆောင်နေတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးစတား အီးလီးေယာ့က ကလပ္သမိုင္း ပထမဆံုးေသာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမွာက္ေပးခဲ့တဲ့ ဟန္ဒါဆန္ကို စတီဗင္ ကိုယ္ပြားအျဖစ္ ေလးေလးနက္နက္ ခ်ီးက်ဴးသြားပါတယ္။
အီးလီးေယာ့ဟာ လီဗာပူးအသင္းရဲ႕ အနာဂတ္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္တယ္။ လီဗာပူးအသင္းေဖာ္ေတြႏွင့္ ပတ္သက္လို႔ ေမးခြန္ ထုတ္ခံရခ်ိန္မွာလည္း သူေလးစားရတဲ့ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ဂႏၱဝင္တစ္ဦးအျဖစ္ပါ ေလးစားစကား ေျပာဆိုပါတယ္။
အီးလီးေယာ့က ” လူေတြက သူတို႔ အသိအမွတ္ျပဳသင့္သေလာက္ ဟန္ဒါဆန္အေပၚ ခ်ီးျမွင့္ၾကျခင္း မရွိပါဘူး။ ဟန္ဒါဆန္ဟာ ကြင္းတြင္း ကြင္းျပင္မွာ ဂႏၱဝင္တစ္ဦးျဖစ္ပါတယ္။ သူနဲ႔ပက္သက္လို႔ ေကာင္းမြန္တဲ့စကားလံုးေတြ လံုေလာက္ေအာင္ကို မေျပာႏုိင္ပါဘူး။ သူက ထိပ္တန္း အသင္းေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။
သူက အသင္းေခါင္းေဆာင္တစ္ေယာက္ လိုအပ္တာေတြ အားလံုးရွိသူပါ။ သူက ကြင္းထဲမွာ ေခါင္းေဆာင္ျဖစ္ျပီး ကြင္းျပင္မွာလည္း ေခါင္းေဆာင္တစ္ဦးျဖစ္ပါတယ္။ တုန္႔ျပန္မႈေတြရဖို႔ သူလုပ္ေနတာ မဟုတ္ပါဘူး။ သူက သူလုပ္လိုတဲ့ ကိစၥကိုပဲ လုပ္ေနတာျဖစ္ပါတယ္။ ကိစၥေတြအေပၚ သက္ေရာက္မႈရွိလိုတယ္၊ အားလံုးက တူညီတဲ့ စာမ်က္ႏွာ ရွိေနၾကတယ္ဆိုျပီး လူတိုင္းကို သူနဲ႔အတူ တက္ၾကြေနေအာင္လည္း ဦးေဆာင္ေနသူျဖစ္ပါတယ္။
လီဗာပူးမွာ တံခါးတြန္းဖြင့္ ဝင္သြားလိုက္တိုင္ းအျခားေသာ အသင္းေဖာ္ေတြလိုပဲ သူက က်ေနာ္ကို ေကာင္းေကာင္းၾကိဳဆိုပါတယ္။ ဟန္ဒါဆန္က က်ေနာ္ကို အျမဲတမ္း လမ္းညႊန္ေပးျပီး ေလ့က်င့္ေရးမွာလည္း က်ေနာ္နဲ႔ ၾကိဳးစားေလ့က်င့္ပါတယ္။ က်ေနာ္ရဲ႕ ကိုယ္ပံုစံအတိုင္း အေကာင္းဆံုးျဖစ္လာဖို႔ကိုပဲ တုိက္တြန္းတယ္။ ဟန္ဒါဆန္နဲ႔ ပက္သက္လို႔ ေကာင္းမြန္တဲ့ ကိစၥေတြကို လံုေလာက္ေအာင္ေတာင္ မေျပာႏုိင္ေတာ့ပါဘူး။
သူ႔ကို ၾကည့္မိတိုင္းမွာ သူက စတီဗင္ဂ်ရတ္နဲ႔ အေတာ္ေလး ဆင္ပါတယ္။ က်ေနာ္အတြက္ေတာ့ ဟန္ဒါဆန္ဟာ စတီဗင္ဂ်ရတ္ ကိုယ္ပြားပါပဲ။ ဟန္ဒါဆန္ဟာ ဂႏၱဝင္တစ္ဦးပဲျဖစ္ပါတယ္ ” လို႔ ညႊန္းဆိုသြားတာျဖစ္ပါတယ္။
၂၀၁၅ မွာေတာ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ စတီဗင္ဂ်ရတ္ေနရာ ဆက္ခံျပီး လီဗာပူးအသင္းေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။ လီဗာပူးအသင္းမွာ ဆယ္စုႏွစ္တစ္ခုၾကာ ကစားခဲ့တဲ့ ဟန္ဒါဆန္ဟာ အဝတ္လဲခန္းထဲက အသင္းေဖာ္ေတြ၊ လီဗာပူးပရိသတ္ အဖြဲ႔အစည္းေတြႏွင့္ နည္းျပအဖြဲ႔ေကာ၊ အုပ္ခ်ဳပ္ေရးအဖြဲ႔ကပါ ေလးစားခံ ပုဂၢိဳလ္အျဖစ္ အသင္းကို ဦးေဆာင္ေနတာျဖစ္ပါတယ္။