ပြည်တွင်းမှာ လီဗာပူးရဲ့ အကြီးဆုံး ပြိုင်ဘက်အသင်းတွေ ဖြစ်နေတဲ့ ချယ်ဆီးနဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုယ်စီ တက်ရောက်သွားပြီ ဖြစ်တာကြောင့် ဒီနှစ်ကတော့ လီဗာပူး အတွက် အိပ်မက်ဆိုးပဲလို့ လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျင်မီ ကာရေဂါက အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာဖို့ မျက်စိတမှိတ်ပဲ လိုတော့တာ ဖြစ်သလို ပြီးခဲ့တဲ့ ရာသီ ဗိုလ်လုပွဲရောက် ပီအက်စ်ဂျီ အသင်းကို ချန်ပီယံလိဂ် ဆီမီးမှာ ကျော်ဖြတ်ကာ ဗိုလ်လုပွဲကို ကလပ်အသင်း သမိုင်းတလျောက် ပထမဆုံး အကြိမ် တက်သွားပြန်ပါတယ်။

တဖက်မှာ ချယ်ဆီးအသင်းကလည်း ချန်ပီယံလိဂ် ဖလား ၁၃ ကြိမ်ရ ရီးရဲလ်မက်ဒရစ် အသင်းကို ဆီမီးမှာ နှစ်ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားက အသင်းအတွက် ဒုတိယ အကြိမ် ဥရောပ ဖလား ဗိုလ်စွဲဖို့ လက်တစ်ကမ်း ရောက်လာပြန်ပါတယ်။

၂၀၁၉ မှာ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ လီဗာပူးအသင်းဟာ နှစ်ရာသီ အကြာမှာ အခုလို ပြိုင်ပွဲက ထွက်ပြီး မဟာပြိုင်ဘက်တွေ ဗိုလ်လုပွဲ ကစားတာ ကြည့်နေရမှာကတော့ အိပ်မက်ဆိုးပဲလို့ ကာရေဂါက မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

” ဟာ (ကျနော်တို့အတွက်တော့) တကယ့် အိပ်မက်ဆိုးကြီးပေါ့ဗျာ။ တကယ်ပါ။ ဒါပေမယ့် နားထောင်။ တဖက်ကလည်း ကျနော်က ဝမ်းမြောက် ပျော်ရွှင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အင်္ဂလိပ် ဘောလုံးအဆင့်အတန်း ဘယ်မှာလဲ ဆိုတာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ရက်ကျရင် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွေ ပြီးရင် ယူနိုက်တက်နဲ့ အာဆင်နယ်သာ တက်လာလို့ကတော့ အင်္ဂလိပ်အသင်း လေးသင်းနဲ့ ဥရောပ ဗိုလ်လုပွဲတွေ ဖြစ်ပြီပဲ။ ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

Zawgyi – ျပည္တြင္းမွာ လီဗာပူးရဲ႕ အၾကီးဆံုး ျပိဳင္ဘက္အသင္းေတြ ျဖစ္ေနတဲ့ ခ်ယ္ဆီးနဲ႕ မန္စီးတီးတို႔ဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ကိုယ္စီ တက္ေရာက္သြားျပီ ျဖစ္တာေၾကာင့္ ဒီနွစ္ကေတာ့ လီဗာပူး အတြက္ အိပ္မက္ဆိုးပဲလို႔ လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ဂ်င္မီ ကာေရဂါက အရႊန္းေဖာက္ ေျပာဆိုခဲ့ပါတယ္။

ပက္ ဂြာဒီယိုလာရဲ႕ မန္စီးတီးဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္လာဖို႔ မ်က္စိတမွိတ္ပဲ လိုေတာ့တာ ျဖစ္သလို ျပီးခဲ့တဲ့ ရာသီ ဗိုလ္လုပြဲေရာက္ ပီအက္စ္ဂ်ီ အသင္းကို ခ်န္ပီယံလိဂ္ ဆီမီးမွာ ေက်ာ္ျဖတ္ကာ ဗိုလ္လုပြဲကို ကလပ္အသင္း သမိုင္းတေလ်ာက္ ပထမဆံုး အၾကိမ္ တက္သြားျပန္ပါတယ္။

တဖက္မွာ ခ်ယ္ဆီးအသင္းကလည္း ခ်န္ပီယံလိဂ္ ဖလား ၁၃ ၾကိမ္ရ ရီးရဲလ္မက္ဒရစ္ အသင္းကို ဆီမီးမွာ နွစ္ေက်ာ့ေပါင္း ၃-၁ နဲ႕ အနိုင္ယူျပီး ဗိုလ္လုပြဲ တက္သြားက အသင္းအတြက္ ဒုတိယ အၾကိမ္ ဥေရာပ ဖလား ဗိုလ္စြဲဖို႔ လက္တစ္ကမ္း ေရာက္လာျပန္ပါတယ္။

၂၀၁၉ မွာ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့တဲ့ လီဗာပူးအသင္းဟာ နွစ္ရာသီ အၾကာမွာ အခုလို ျပိဳင္ပြဲက ထြက္ျပီး မဟာျပိဳင္ဘက္ေတြ ဗိုလ္လုပြဲ ကစားတာ ၾကည့္ေနရမွာကေတာ့ အိပ္မက္ဆိုးပဲလို႔ ကာေရဂါက မွတ္ခ်က္ျပဳခဲ့တာ ျဖစ္ပါတယ္။

” ဟာ (က်ေနာ္တို႔အတြက္ေတာ့) တကယ့္ အိပ္မက္ဆိုးၾကီးေပါ့ဗ်ာ။ တကယ္ပါ။ ဒါေပမယ့္ နားေထာင္။ တဖက္ကလည္း က်ေနာ္က ၀မ္းေျမာက္ ေပ်ာ္ရႊင္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အဂၤလိပ္ ေဘာလံုးအဆင့္အတန္း ဘယ္မွာလဲ ဆိုတာ ျပသနိုင္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ရက္က်ရင္ ယူရိုပါလိဂ္ ဆီမီးဖိုင္နယ္ေတြ ျပီးရင္ ယူနိုက္တက္နဲ႕ အာဆင္နယ္သာ တက္လာလို႔ကေတာ့ အဂၤလိပ္အသင္း ေလးသင္းနဲ႕ ဥေရာပ ဗိုလ္လုပြဲေတြ ျဖစ္ျပီပဲ။ ” လို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။