လာမယ့်ရာသီအတွက် လီဗာပူး ရရှိထားတဲ့ သတင်းဆိုးကတော့ တိုက်စစ်သမား ဆာလာဟာ ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘဲကို အသင်းရဲ့ပွဲစဉ် အများအပြားအား လွဲချော်သွားဖို့ ရှိနေပါတယ်။
အဆိုးတကာ အဆိုးဆုံးလို့လည်း ဆိုကြတဲ့ အဆိုပါ သတင်းအရ ဆာလာဟာ လီဗာပူးပွဲစဉ်တွေရဲ့ လေးချိုးတစ်ချိုးဖြစ်တဲ့ ပွဲပေါင်း ၁၃ ပွဲလောက်ကို လွဲမှာဖြစ်တယ်။ အီဂျစ်အသင်းက အိုလံပစ်ပြိုင်ပွဲမှာ ဆာလာကို ထည့်သွင်းခဲ့ခြင်းနှင့် အာဖရိကဖလားကို ယခင်ပုံစံတွေအတိုင်း ပြန်လည် ကျင်းပခြင်းကြောင့် အခုလို လွဲချော်မှာဖြစ်တယ်လို့ သိရတယ်။
ဂျူလိုင်လ ၂၁ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့ထိ ယှဉ်ပြိုင်မယ့် တိုကျိုအိုလံပစ်မှာ အီဂျစ်အသင်းက သက်ကြီးကစားသမား ၃ ဦး ထည့်သွင်းခွင့် ရထားတာပါ။ ၎င်းတို့က ဆာလာကို ပါဝင်စေဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကာ လီဗာပူးရဲ့ ရာသီစ အမှတ်ပေးပွဲ ၃ ပွဲလောက်ကို လွဲချော်မှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ရွှေ့ဆိုင်းထားတဲ့ အာဖရိက ဖလားကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်ကနေ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒါကြောင့် ဆာလာဟာ ရာသီကြို လေ့ကျင့်မှုကိုကော၊ ဆုဖလား ပြိုင်ဆိုင်မှုအတွက် အရေးပါတဲ့ ကာလကိုပါ လွဲချော်သွားမှာဖြစ်ပါတယ်။
ဆာလာဟာ လီဗာပူးမှာ ၂၀၂၃ ခုနှစ်ပဲ စာချုပ် ကျန်ရှိတော့တာပါ။ ဒါပေမယ့် သူ့ရဲ့ လက်ရွေးစင် တာဝန်တွေအရ ဒီနွေမှာ အခြားသော ဥရောပ ကလပ်တစ်သင်းထံက ကမ်းလှမ်းမှု ရလာဖို့လည်း အခွင့်အလမ်း နည်းပါးနေတယ်။ ဆာလာကို ပွဲအများအပြား မသုံးနိုင်ဖို့ ရှိနေသလို ရောင်းထုတ်ဖို့လည်းခက်၊ စာချုပ် လက်ကျန်လည်း နည်းပါးနေခြင်းကြောင့် လီဗာပူးဘက်က ခေါင်းကိုက်စရာတွေ ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။
ZAWGYI
လာမယ့္ရာသီအတြက္ လီဗာပူး ရရွိထားတဲ့ သတင္းဆိုးကေတာ့ တိုက္စစ္သမား ဆာလာဟာ ဒဏ္ရာျပႆနာေၾကာင့္ မဟုတ္ဘဲကို အသင္းရဲ႕ပြဲစဥ္ အမ်ားအျပားအား လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။
အဆိုးတကာ အဆိုးဆံုးလို႔လည္း ဆိုၾကတဲ့ အဆိုပါ သတင္းအရ ဆာလာဟာ လီဗာပူးပြဲစဥ္ေတြရဲ႕ ေလးခ်ိဳးတစ္ခ်ိဳးျဖစ္တဲ့ ပြဲေပါင္း ၁၃ ပြဲေလာက္ကို လြဲမွာျဖစ္တယ္။ အီဂ်စ္အသင္းက အိုလံပစ္ျပိဳင္ပြဲမွာ ဆာလာကို ထည့္သြင္းခဲ့ျခင္းႏွင့္ အာဖရိကဖလားကို ယခင္ပံုစံေတြအတိုင္း ျပန္လည္ က်င္းပျခင္းေၾကာင့္ အခုလို လြဲေခ်ာ္မွာျဖစ္တယ္လို႔ သိရတယ္။
ဂ်ဴလိုင္လ ၂၁ ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ေန႔ထိ ယွဥ္ျပိဳင္မယ့္ တိုက်ိဳအိုလံပစ္မွာ အီဂ်စ္အသင္းက သက္ၾကီးကစားသမား ၃ ဦး ထည့္သြင္းခြင့္ ရထားတာပါ။ ၄င္းတို႔က ဆာလာကို ပါဝင္ေစဖို႔ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ကာ လီဗာပူးရဲ႕ ရာသီစ အမွတ္ေပးပြဲ ၃ ပြဲေလာက္ကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။
၂၀၂၁ ခုႏွစ္တုန္းက ေရႊ႔ဆိုင္းထားတဲ့ အာဖရိက ဖလားကိုလည္း ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၉ ရက္ကေန ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ထိ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ဒါေၾကာင့္ ဆာလာဟာ ရာသီၾကိဳ ေလ့က်င့္မႈကိုေကာ၊ ဆုဖလား ျပိဳင္ဆိုင္မႈအတြက္ အေရးပါတဲ့ ကာလကိုပါ လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။
ဆာလာဟာ လီဗာပူးမွာ ၂၀၂၃ ခုႏွစ္ပဲ စာခ်ဳပ္ က်န္ရွိေတာ့တာပါ။ ဒါေပမယ့္ သူ႔ရဲ႕ လက္ေရြးစင္ တာဝန္ေတြအရ ဒီေႏြမွာ အျခားေသာ ဥေရာပ ကလပ္တစ္သင္းထံက ကမ္းလွမ္းမႈ ရလာဖို႔လည္း အခြင့္အလမ္း နည္းပါးေနတယ္။ ဆာလာကို ပြဲအမ်ားအျပား မသံုးႏုိင္ဖို႔ ရွိေနသလို ေရာင္းထုတ္ဖို႔လည္းခက္၊ စာခ်ဳပ္ လက္က်န္လည္း နည္းပါးေနျခင္းေၾကာင့္ လီဗာပူးဘက္က ေခါင္းကိုက္စရာေတြ ရင္ဆိုင္ေနရျခင္းျဖစ္ပါတယ္။