မတ်လအကုန်ပိုင်းမှာ လီဗာပူးပိုင်ရှင်အဖွဲ့ဖြစ်တဲ့ Fenway Sports Group (FSG) ဟာ ၎င်းတို့ လုပ်ငန်းစုတွေရဲ့ ရှယ်ယာ ၁၀% ကို RedBird Capital ကုမ္ပဏီထံ ရောင်းချခဲ့ပါတယ်။
FSG ရဲ့ တန်ဖိုးကို ပေါင် ၅.၃၂ ဘီယျံအဖြစ် တွက်ချက်ကာ ရှယ်ယာစုစုပေါင်းရဲ့ ၁၀% ပမာဏဖြစ်မယ့် ပေါင် ၅၃၃ သန်းကို ရင်းနှီးမြုပ်နှံမှု ဝင်ခဲ့တာဖြစ်တယ်။ အဆိုပါ သဘောတူညီမှုနဲ့အတူ FSG ရဲ့ အုပ်ချုပ်မှုတွေထဲကို RedBird ဘက်က အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာမှာဖြစ်ကာ ငွေကြေးအရကော၊ ဆက်နွယ်မှုပိုင်းအရပါ ချိတ်ဆက်မှုတွေ ရှိလာပါတော့မယ်။
FSG နဲ့ RedBird Capital တို့ကြား ပူးပေါင်းမှုဟာ Red Bull အဖွဲ့ရဲ့ ဆဲလ်ဘတ်၊ နယူးယောက်နှင့် လိုက်ဇစ် ကလပ်တွေဖြင့် ဘောလုံးကွန်ယက်တစ်ခု ဖွဲ့စည်းထားမှုကဲ့သို့ ဖြစ်လာမယ်။ တနည်းအားဖြင့် မန်စီးတီးအသင်းလို စီးတီးဂရုတစ်ခုပုံစံ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။
လီဗာပူးအသင်းရဲ့ တတိယအကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်လာမယ့် RedBird ဟာ မနှစ်ကပဲ လိဂ်တူးကလပ် တူးလော့အသင်းရဲ့ ရှယ်ယာ ၈၅%ကို ပိုင်ဆိုင်ထားတာပါ။ RedBird အဖွဲ့ဟာ စပိန်ကလပ် မာလာဂါရဲ့ ရှယ်ယာပေါင်း ၆၀၀ ကိုလည်း ပိုင်ဆိုင်ထားသေးကာ ထပ်တိုး ဝယ်ယူမှုတွေလည်း ရှလာနိုင်ပါတယ်။
ဒါကြောင့် FSG နဲ့ RedBird ပူးပေါင်းမှုဟာ ဘောလုံးကွန်ယက်တစ်ခုကို စတင်ခြင်းဖြစ်လာနိုင်တယ်။ Brexit လမ်းခွဲနှင့်အတူ လူငယ်ခေါ်ယူမှုပိုင်း စည်းမျဉ်းပြောင်းလဲလာခြင်းမှာ အဆိုပါ ကွန်ယက်ဟာ ၁၈ နှစ်အောက် ကစားသမား ခေါ်ယူမှုအတွက်လည်း အကျိုးဖြစ်ဖွယ် ရှိပါတယ်။
တူးလော့နှင့် မာလာဂါကလပ်တွေမှာ လူငယ်ကစားသမားတွေ အငှားချခြင်းက လီဗာပူးအသင်းမှာ လူငယ်တွေ အလုပ်ပါမစ်ရဖို့ အခွင့်အရေး ဖြစ်လာမယ်။ အခြားတစ်ဘက်မှာ စီနီယာအသင်းအတွက် အတွေ့အကြုံယူဖို့ လိုအပ်မယ့် ကစားသမားတွေကိုလည်း အငှားချစရာ ကလပ်တွေ အဖြစ် အကျိုးအမြတ်ပြုမှာ ဖြစ်ပါတယ်။
လက်တလော ကာလဟာ FSG လုပ်ငန်းစုထံ RedBird ဝင်ရောက်လာမှု အစောပိုင်းလောက်မှာပဲ ရှိသေးတာပါ။ ဒါကြောင့် ၎င်းတို့ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ လီဗာပူးဘောလုံးအသင်းအတွက် ဘယ်လောက်ထိ သက်ရောက်မှုတွေ ရှိဦးမလဲဆိုတာက မှန်းဆရ ခက်ခဲနေဦးမှာဖြစ်ပါတယ်။
ZAWGYI
မတ္လအကုန္ပိုင္းမွာ လီဗာပူးပိုင္ရွင္အဖြဲ႔ျဖစ္တဲ့ Fenway Sports Group (FSG) ဟာ ၄င္းတို႔ လုပ္ငန္းစုေတြရဲ႕ ရွယ္ယာ ၁၀% ကို RedBird Capital ကုမၸဏီထံ ေရာင္းခ်ခဲ့ပါတယ္။
FSG ရဲ႕ တန္ဖိုးကို ေပါင္ ၅.၃၂ ဘီယ်ံအျဖစ္ တြက္ခ်က္ကာ ရွယ္ယာစုစုေပါင္းရဲ႕ ၁၀% ပမာဏျဖစ္မယ့္ ေပါင္ ၅၃၃ သန္းကို ရင္းႏွီးျမဳပ္ႏွံမႈ ဝင္ခဲ့တာျဖစ္တယ္။ အဆိုပါ သေဘာတူညီမႈနဲ႔အတူ FSG ရဲ႕ အုပ္ခ်ဳပ္မႈေတြထဲကို RedBird ဘက္က အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္လာမွာျဖစ္ကာ ေငြေၾကးအရေကာ၊ ဆက္ႏြယ္မႈပိုင္းအရပါ ခ်ိတ္ဆက္မႈေတြ ရွိလာပါေတာ့မယ္။
FSG နဲ႔ RedBird Capital တို႔ၾကား ပူးေပါင္းမႈဟာ Red Bull အဖြဲ႔ရဲ႕ ဆဲလ္ဘတ္၊ နယူးေယာက္ႏွင့္ လိုက္ဇစ္ ကလပ္ေတြျဖင့္ ေဘာလံုးကြန္ယက္တစ္ခု ဖြဲ႔စည္းထားမႈကဲ့သို႔ ျဖစ္လာမယ္။ တနည္းအားျဖင့္ မန္စီးတီးအသင္းလို စီးတီးဂရုတစ္ခုပံုစံ ျဖစ္လာမယ္လို႔ ယံုၾကည္ရပါတယ္။
လီဗာပူးအသင္းရဲ႕ တတိယအၾကီးဆံုး ရွယ္ယာရွင္လည္း ျဖစ္လာမယ့္ RedBird ဟာ မႏွစ္ကပဲ လိဂ္တူးကလပ္ တူးေလာ့အသင္းရဲ႕ ရွယ္ယာ ၈၅%ကို ပိုင္ဆိုင္ထားတာပါ။ RedBird အဖြဲ႔ဟာ စပိန္ကလပ္ မာလာဂါရဲ႕ ရွယ္ယာေပါင္း ၆၀၀ ကိုလည္း ပိုင္ဆိုင္ထားေသးကာ ထပ္တိုး ဝယ္ယူမႈေတြလည္း ရွလာႏုိင္ပါတယ္။
ဒါေၾကာင့္ FSG နဲ႔ RedBird ပူးေပါင္းမႈဟာ ေဘာလံုးကြန္ယက္တစ္ခုကို စတင္ျခင္းျဖစ္လာႏုိင္တယ္။ Brexit လမ္းခြဲႏွင့္အတူ လူငယ္ေခၚယူမႈပိုင္း စည္းမ်ဥ္းေျပာင္းလဲလာျခင္းမွာ အဆိုပါ ကြန္ယက္ဟာ ၁၈ ႏွစ္ေအာက္ ကစားသမား ေခၚယူမႈအတြက္လည္း အက်ိဳးျဖစ္ဖြယ္ ရွိပါတယ္။
တူးေလာ့ႏွင့္ မာလာဂါကလပ္ေတြမွာ လူငယ္ကစားသမားေတြ အငွားခ်ျခင္းက လီဗာပူးအသင္းမွာ လူငယ္ေတြ အလုပ္ပါမစ္ရဖို႔ အခြင့္အေရး ျဖစ္လာမယ္။ အျခားတစ္ဘက္မွာ စီနီယာအသင္းအတြက္ အေတြ႔အၾကံဳယူဖို႔ လိုအပ္မယ့္ ကစားသမားေတြကုိလည္း အငွားခ်စရာ ကလပ္ေတြ အျဖစ္ အက်ိဳးအျမတ္ျပဳမွာ ျဖစ္ပါတယ္။
လက္တေလာ ကာလဟာ FSG လုပ္ငန္းစုထံ RedBird ဝင္ေရာက္လာမႈ အေစာပိုင္းေလာက္မွာပဲ ရွိေသးတာပါ။ ဒါေၾကာင့္ ၄င္းတို႔ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈဟာ လီဗာပူးေဘာလံုးအသင္းအတြက္ ဘယ္ေလာက္ထိ သက္ေရာက္မႈေတြ ရွိဦးမလဲဆိုတာက မွန္းဆရ ခက္ခဲေနဦးမွာျဖစ္ပါတယ္။