ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ဒီနွေမှာ လီဗာပူးတိုက်စစ်သမား ဆာလာကို ခေါ်ယူနိုင်ရေးအား ဦးစားပေးအဖြစ် သက်မှတ်ထားတယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြပါတယ်။
မန်နေဂျာပိုချက်တီနိုက အဓိက တိုက်စစ်သမားဖြစ်သူ အမ်ဘတ်ပီကို လက်လွတ်ရမယ်ဆိုရင် အစားထိုးဖို့ ဆာလာကိုပဲ နှစ်သက်နေတယ်။ မန်စီးတီးအသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့နောက် အမ်ဘတ်ပီက ပြင်သစ်ကနေ ထွက်ခွာလိုသလို စာချုပ် ၁ နှစ်ပဲ ကျန်တဲ့ တိုက်စစ်သမားကို ရောင်းထုတ်ဖို့ကပဲ ပီအက်စ်ဂျီအတွက် ရွေးချယ်စရာဖြစ်လာတယ်။
ဆာလာ ကိုယ်တိုင်ကတော့ လီဗာပူးဘက်က သူ့ကို စာချုပ်သစ်မပေးခြင်းအတွက် စိတ်ပျက်နေကာ အနာဂတ်နှင့် ပတ်သက်လို့ ရှင်းလင်းစွာ သိလိုနေပါတယ်။ အကယ်လို့ လီဗာပူးဘက်က စာချုပ်သစ် မပေးဘူးဆိုရင် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ ကစားသမားရဲ့ အေးဂျင့်နှင့် အသိုင်းအဝိုင်းက တောင်းဆိုသွားကြဖွယ်လည်း ရှိနေပါတယ်။
ပီအက်စ်ဂျီဘက်က လီဗာပူးနှင့် စာချုပ် နှစ်နှစ်ပဲကျန်တဲ့ ဆာလာကိ ခေါ်ယူရေး ကမ်းလှမ်းလာမယ်ဆိုရင် ယူရို သန်း ၈၀ လောက်ပဲ ဖြစ်နိုင်တယ်။ ဒီပမာဏဟာ လီဗာပူးအသင်း လက်ခံဖွယ် မရှိတဲ့ ပမာဏဖြစ်ပေမယ့် အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားအတွက် ပြင်သစ်ကလပ်က စံချိန်တင် ပြောင်းရွှေ့ကြေးတော့ အသုံးပြုမှာ မဟုတ်ပါဘူး။
လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရံှူးနိုင်တဲ့ လီဗာပူးဟာ အဓိက ကစားသမားတွေ စာချုပ်ကုန်ဖို့ နီးစပ်နေမှု၊ အသက်အရွယ်ရလာမှုနှင့် အရန်လူစာရင်း ပြန်လည် တည်ဆောက်မှုတွေအတွက် ဒီနွေမှာ အတော်လေး ခေါင်းခဲရဖို့ ရှိလာနေခဲ့တာဖြစ်ပါတယ်။
ZAWGYI
ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ဒီေႏြမွာ လီဗာပူးတိုက္စစ္သမား ဆာလာကို ေခၚယူႏုိင္ေရးအား ဦးစားေပးအျဖစ္ သက္မွတ္ထားတယ္လို႔ ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပပါတယ္။
မန္ေနဂ်ာပိုခ်က္တီႏိုက အဓိက တိုက္စစ္သမားျဖစ္သူ အမ္ဘတ္ပီကို လက္လြတ္ရမယ္ဆိုရင္ အစားထိုးဖို႔ ဆာလာကိုပဲ ႏွစ္သက္ေနတယ္။ မန္စီးတီးအသင္းကို အေရးနိမ့္ျပီး ခ်န္ပီယံလိဂ္ကေန ထြက္ခြာခ့ဲရတဲ့ေနာက္ အမ္ဘတ္ပီက ျပင္သစ္ကေန ထြက္ခြာလိုသလို စာခ်ဳပ္ ၁ ႏွစ္ပဲ က်န္တဲ့ တိုက္စစ္သမားကို ေရာင္းထုတ္ဖို႔ကပဲ ပီအက္စ္ဂ်ီအတြက္ ေရြးခ်ယ္စရာျဖစ္လာတယ္။
ဆာလာ ကိုယ္တိုင္ကေတာ့ လီဗာပူးဘက္က သူ႔ကို စာခ်ဳပ္သစ္မေပးျခင္းအတြက္ စိတ္ပ်က္ေနကာ အနာဂတ္ႏွင့္ ပတ္သက္လို႔ ရွင္းလင္းစြာ သိလိုေနပါတယ္။ အကယ္လို႔ လီဗာပူးဘက္က စာခ်ဳပ္သစ္ မေပးဘူးဆိုရင္ ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားဖို႔ ကစားသမားရဲ႕ ေအးဂ်င့္ႏွင့္ အသိုင္းအဝိုင္းက ေတာင္းဆိုသြားၾကဖြယ္လည္း ရွိေနပါတယ္။
ပီအက္စ္ဂ်ီဘက္က လီဗာပူးႏွင့္ စာခ်ဳပ္ ႏွစ္ႏွစ္ပဲက်န္တဲ့ ဆာလာကိ ေခၚယူေရး ကမ္းလွမ္းလာမယ္ဆိုရင္ ယူရို သန္း ၈၀ ေလာက္ပဲ ျဖစ္ႏုိင္တယ္။ ဒီပမာဏဟာ လီဗာပူးအသင္း လက္ခံဖြယ္ မရွိတဲ့ ပမာဏျဖစ္ေပမယ့္ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမားအတြက္ ျပင္သစ္ကလပ္က စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးေတာ့ အသံုးျပဳမွာ မဟုတ္ပါဘူး။
လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ဆံုးရံွဴးႏုိင္တဲ့ လီဗာပူးဟာ အဓိက ကစားသမားေတြ စာခ်ဳပ္ကုန္ဖို႔ နီးစပ္ေနမႈ၊ အသက္အရြယ္ရလာမႈႏွင့္ အရန္လူစာရင္း ျပန္လည္ တည္ေဆာက္မႈေတြအတြက္ ဒီေႏြမွာ အေတာ္ေလး ေခါင္းခဲရဖို႔ ရွိလာေနခဲ့တာျဖစ္ပါတယ္။