လီဗာပူးတိုက်စစ်သမား မာနေးက ဒီရာသီဟာ သူ့ရဲ့ ကစားသမားဘဝ အဆိုးရွားဆုံး ဘောလုံးရာသီဖြစ်ကြောင်း ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။
ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းမှုတွေကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကများ တစ်ခုခုဖြစ်နေလားအထိ မာနေးတစ်ယောက် စိုးရိမ်ပူပန်ခဲ့တယ်။ သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးမှု ခံယူခဲ့ပြီး အစားအသောက် ပုံစံတွေပါ ပြောင်းလဲဖို့ လိုမလားဆိုတာကို စစ်ချက်တွေ ယူခဲ့တယ်လို့ မာနေးက ပြောပြပါတယ်။
မာနေးက ပြောရာမှာ “ ကျနော် ကစားသမားဘဝမှာ အဆိုးဆုံး ဘောလုံးရာသီပဲ ဖြစ်ပါတယ်။ ဒါကို ကျနော် ဝန်ခံပါတယ်။ ဘာလို့ ကျနော် ရုန်းကန်နေရသလဲဆိုတာအတွက် အဖြေပေးဖို့ လာမေးကြမယ်ဆိုရင်တော့ ကျနော်လည်း မသိဘူးလို့ပဲ ပြောရမှာပါ။
အခြေအနေတွေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျနော်ကတော့ အမြဲတမ်း အကောင်းမြင်နိုင်ဖို့ ကြိုးစားပါတယ်။ ကိုယ်ဘာသာပဲ မေးခွန်းတွေ တစ်ချိန်လုံး ထုတ်နေတာပါ။
ကျနော်ရဲ့ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးမှုတွေတောင် ခံယူခဲ့ပါတယ်။ မှန်ကန်တဲ့ အစားအသောက်တွေကိုပဲ စားတယ် မဟုတ်ဘဲ အပြောင်းအလဲ လုပ်ရမလားလည်း ကြိုးစားတယ်။ စစ်ဆေးချက်တွေ အဖြေထွက်လာချိန်မှာတော့ အားလုံးက ကောင်းနေပါတယ်။
ဘဝမှာ အနိမ့် အမြင့်ရှိတယ်ဆိုတာကို ကျနော် နားလည်ဖို့ လိုပါတယ်။ ကျနော် ဆက်ပြီး ကြိုးစားသွားမှာပါ။ ဒီအခြေအနေတွေကလည်း ကုန်လွန်သွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမား မာနေးဟာ ဒီရာသီလောက် တစ်ကြိမ်မှ ခြေစွမ်းကျဆင်းခဲ့ဖူးခြင်း မရှိပါဘူး။ လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အဓိက တိုက်စစ်သမားတစ်ဦး ဖြစ်ခဲ့တဲ့ မာနေးကတော့ လက်ကျန်ရာသီကို အကောင်းဆုံး ကျော်ဖြတ်လိုနေဟန်ရှိပြီး အနာဂတ်မှာ ပိုကောင်းတဲ့ ကစားသမားအဖြစ် ပြန်လည် စွမ်းဆောင်ပြလိုနေတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးတိုက္စစ္သမား မာေနးက ဒီရာသီဟာ သူ႔ရဲ႕ ကစားသမားဘဝ အဆိုးရြားဆံုး ေဘာလံုးရာသီျဖစ္ေၾကာင္း ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။
ေျခစြမ္းပိုင္း သိသိသာသာ က်ဆင္းမႈေတြေၾကာင့္ သူ႔ရဲ႕ ခႏၶာကိုယ္ကမ်ား တစ္ခုခုျဖစ္ေနလားအထိ မာေနးတစ္ေယာက္ စိုးရိမ္ပူပန္ခဲ့တယ္။ သူ႔ရဲ႕ ခႏၶာကိုယ္ အေျခအေနကို စစ္ေဆးမႈ ခံယူခဲ့ျပီး အစားအေသာက္ ပံုစံေတြပါ ေျပာင္းလဲဖို႔ လိုမလားဆိုတာကို စစ္ခ်က္ေတြ ယူခဲ့တယ္လို႔ မာေနးက ေျပာျပပါတယ္။
မာေနးက ေျပာရာမွာ “ က်ေနာ္ ကစားသမားဘဝမွာ အဆိုးဆံုး ေဘာလံုးရာသီပဲ ျဖစ္ပါတယ္။ ဒါကို က်ေနာ္ ဝန္ခံပါတယ္။ ဘာလို႔ က်ေနာ္ ရုန္းကန္ေနရသလဲဆိုတာအတြက္ အေျဖေပးဖို႔ လာေမးၾကမယ္ဆိုရင္ေတာ့ က်ေနာ္လည္း မသိဘူးလို႔ပဲ ေျပာရမွာပါ။
အေျခအေနေတြ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ က်ေနာ္ကေတာ့ အျမဲတမ္း အေကာင္းျမင္ႏုိင္ဖို႔ ၾကိဳးစားပါတယ္။ ကိုယ္ဘာသာပဲ ေမးခြန္းေတြ တစ္ခ်ိန္လံုး ထုတ္ေနတာပါ။
က်ေနာ္ရဲ႕ ခႏၶာကိုယ္ကို စမ္းသပ္စစ္ေဆးမႈေတြေတာင္ ခံယူခဲ့ပါတယ္။ မွန္ကန္တဲ့ အစားအေသာက္ေတြကိုပဲ စားတယ္ မဟုတ္ဘဲ အေျပာင္းအလဲ လုပ္ရမလားလည္း ၾကိဳးစားတယ္။ စစ္ေဆးခ်က္ေတြ အေျဖထြက္လာခ်ိန္မွာေတာ့ အားလံုးက ေကာင္းေနပါတယ္။
ဘဝမွာ အနိမ့္ အျမင့္ရွိတယ္ဆိုတာကို က်ေနာ္ နားလည္ဖို႔ လိုပါတယ္။ က်ေနာ္ ဆက္ျပီး ၾကိဳးစားသြားမွာပါ။ ဒီအေျခအေနေတြကလည္း ကုန္လြန္သြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမား မာေနးဟာ ဒီရာသီေလာက္ တစ္ၾကိမ္မွ ေျခစြမ္းက်ဆင္းခဲ့ဖူးျခင္း မရွိပါဘူး။ လီဗာပူးရဲ႕ ေအာင္ျမင္မႈေတြမွာ အဓိက တိုက္စစ္သမားတစ္ဦး ျဖစ္ခဲ့တဲ့ မာေနးကေတာ့ လက္က်န္ရာသီကို အေကာင္းဆံုး ေက်ာ္ျဖတ္လိုေနဟန္ရွိျပီး အနာဂတ္မွာ ပိုေကာင္းတဲ့ ကစားသမားအျဖစ္ ျပန္လည္ စြမ္းေဆာင္ျပလိုေနတာ ျဖစ္ပါတယ္။