လီဗာပူးခံစစ်မှူး ဗန်ဒိုက်က လာမယ့် ယူရိုပြိုင်ပွဲမှာ နယ်သာလန်အသင်းကို ကိုယ်စားပြုသွားမှာ မဟုတ်ဘဲ လီဗာပူးအသင်းမှာပဲ ဆက်နေခဲ့ပြီး တိုးတက်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်ပါပြီ။
ဘောလုံးရာသီ အကုန်မှာတော့ ဗန်ဒိုက်ဟာ လာမယ့် ရာသီကြိုအတွက် ရည်ရွယ်တဲ့ လေ့ကျင့်မှုတွေကိုပဲ ဆက်လက် လုပ်ဆောင်မှာပါ။ ဒါဟာ နောက်ဆက်တွဲ ဒဏ်ရာ ရနိုင်ခြေတွေကို ရှောင်ရှားဖို့ ရည်ရွယ်ပြီး ဗန်ဒိုက် ဆုံးဖြတ်ခဲ့တာလို့ နားလည်ရတယ်။ နယ်သာလန်သားကတော့ သူ့ကစားသမားဘဝ နောက်ဆုံး ကာလတွေမှာ ဒဏ်ရာပြဿနာ ကင်းစင်နေမှာမျိုးကို အလိုရှိနေတယ်လို့ ယုံကြည်ရတယ်။
ဗန်ဒိုက်က “ ကုန်ခဲ့တဲ့ ၇ လလောက်တုန်းက ကျနော် ဒဏ်ရာ၇ခဲ့တယ်။ အဲ့တာက သိပ်သိပ်ကို ရှည်ကြာတဲ့ ခရီးလမ်းပါပဲ။ ကျနော် တစ်ဆင့်ခြင်း ပြန်ကြိုးစားခဲ့ရပါတယ်။ အခြေအနေတွေ အဆင်ပြေခဲ့ပြီး ဒဏ်ရာကနေ ပြန်လည် နာကျင်တာမျိုးတွေလည်း မခံစားရပါဘူး။ ကျနော် ကောင်းကောင်းမွန်မွန် တိုးတက်လာခဲ့ပါတယ်။
တိုးတက်မှုရဲ့ နောက်ဆုံးအဆင့်တွေမှာ ကျနော် ဆုံးဖြတ်ချက်လုပ်ခဲ့ရတာက ယူရို ပြိုင်ပွဲကို ပါဝင်မလား၊ မပါဝင်ဘူးလားဆိုတာပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုတွေအရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အဖြစ် ရာသီကုန်မှာ နောက်ဆုံးအဆင့် ပြန်လည် ထူးထောင်ရေးကိစ္စတွေကို လုပ်နိုင်ဖို့ ယူရိုကို ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။
ဒီတော့ ရာသီကြိုမှာ အသင်းနှင့်အတူ လေ့ကျင့်နိုင်ဖို့ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ အဲ့တာကပဲ စစ်မှန်တဲ့ ရည်မှန်းချက်အဖြစ် ကျနော် အာရုံစိုက်သွားမှာပါ။ ယူရိုကို မပါနိုင်တာအတွက် အပြစ်ရှိသလို ခံစားရပါတယ်။ ကိုယ်တိုင်းပြည် အသင်းကို ဦးဆောင်ပြီး ယူရိုပြိုင်ပွဲထံ ပါဝင်ခွင့် လွဲချော်ပေမယ့် ဒါကို အသင်းကော ကျနော်ကော လက်ခံသွားမှာပါ။ အားလုံး လက်သင့်ခံဖို့ လိုပါတယ်။
ယူရိုပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခြင်း မလုပ်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်တယ်။ ခက်ခဲခဲ့ပေမယ့် ဒီဆုံးဖြတ်ချက် လုပ်လိုက်နိုင်တာကြောင့် စိတ်ချမ်းမြေ့ရပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က လာမယ့္ ယူရိုျပိဳင္ပြဲမွာ နယ္သာလန္အသင္းကို ကိုယ္စားျပဳသြားမွာ မဟုတ္ဘဲ လီဗာပူးအသင္းမွာပဲ ဆက္ေနခဲ့ျပီး တိုးတက္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ ေၾကညာလိုက္ပါျပီ။
ေဘာလံုးရာသီ အကုန္မွာေတာ့ ဗန္ဒိုက္ဟာ လာမယ့္ ရာသီၾကိဳအတြက္ ရည္ရြယ္တဲ့ ေလ့က်င့္မႈေတြကိုပဲ ဆက္လက္ လုပ္ေဆာင္မွာပါ။ ဒါဟာ ေနာက္ဆက္တြဲ ဒဏ္ရာ ရႏုိင္ေျခေတြကို ေရွာင္ရွားဖို႔ ရည္ရြယ္ျပီး ဗန္ဒိုက္ ဆံုးျဖတ္ခဲ့တာလို႔ နားလည္ရတယ္။ နယ္သာလန္သားကေတာ့ သူ႔ကစားသမားဘဝ ေနာက္ဆံုး ကာလေတြမွာ ဒဏ္ရာျပႆနာ ကင္းစင္ေနမွာမ်ိဳးကို အလိုရွိေနတယ္လို႔ ယံုၾကည္ရတယ္။
ဗန္ဒိုက္က “ ကုန္ခဲ့တဲ့ ၇ လေလာက္တုန္းက က်ေနာ္ ဒဏ္ရာ၇ခဲ့တယ္။ အဲ့တာက သိပ္သိပ္ကို ရွည္ၾကာတဲ့ ခရီးလမ္းပါပဲ။ က်ေနာ္ တစ္ဆင့္ျခင္း ျပန္ၾကိဳးစားခဲ့ရပါတယ္။ အေျခအေနေတြ အဆင္ေျပခဲ့ျပီး ဒဏ္ရာကေန ျပန္လည္ နာက်င္တာမ်ိဳးေတြလည္း မခံစားရပါဘူး။ က်ေနာ္ ေကာင္းေကာင္းမြန္မြန္ တိုးတက္လာခဲ့ပါတယ္။
တိုးတက္မႈရဲ႕ ေနာက္ဆံုးအဆင့္ေတြမွာ က်ေနာ္ ဆံုးျဖတ္ခ်က္လုပ္ခဲ့ရတာက ယူရို ျပိဳင္ပြဲကို ပါဝင္မလား၊ မပါဝင္ဘူးလားဆိုတာပါပဲ။ ရုပ္ပိုင္းဆိုင္ရာ ခံစားမႈေတြအရ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္အျဖစ္ ရာသီကုန္မွာ ေနာက္ဆံုးအဆင့္ ျပန္လည္ ထူးေထာင္ေရးကိစၥေတြကို လုပ္ႏုိင္ဖို႔ ယူရိုကို ပါဝင္ယွဥ္ျပိဳင္ျခင္း မျပဳဖို႔ က်ေနာ္ ဆံုးျဖတ္လိုက္ပါတယ္။
ဒီေတာ့ ရာသီၾကိဳမွာ အသင္းႏွင့္အတူ ေလ့က်င့္ႏုိင္ဖို႔ကိုပဲ အျပည့္အဝ အာရံုစိုက္ထားပါတယ္။ အဲ့တာကပဲ စစ္မွန္တဲ့ ရည္မွန္းခ်က္အျဖစ္ က်ေနာ္ အာရံုစိုက္သြားမွာပါ။ ယူရိုကို မပါႏိုင္တာအတြက္ အျပစ္ရွိသလို ခံစားရပါတယ္။ ကိုယ္တုိင္းျပည္ အသင္းကို ဦးေဆာင္ျပီး ယူရိုျပိဳင္ပြဲထံ ပါဝင္ခြင့္ လြဲေခ်ာ္ေပမယ့္ ဒါကို အသင္းေကာ က်ေနာ္ေကာ လက္ခံသြားမွာပါ။ အားလံုး လက္သင့္ခံဖို႔ လိုပါတယ္။
ယူရိုျပိဳင္ပြဲကို သြားေရာက္ ယွဥ္ျပိဳင္ျခင္း မလုပ္တာက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္လို႔ ထင္တယ္။ ခက္ခဲခဲ့ေပမယ့္ ဒီဆံုးျဖတ္ခ်က္ လုပ္လိုက္ႏုိင္တာေၾကာင့္ စိတ္ခ်မ္းေျမ႔ရပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။