၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကို ဂုဏ်ပြုပါကြောင်း စကားကို လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ထုတ်ပြောလိုက်ပါတယ်။

ယာဂင်နဲ့ ပပ်တို့ဟာ ၂၀၁၉ တုန်းက လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပြီး မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့စဉ်မှာ တစ်ဦးနဲ့တစ်ဦး တစ်သင်းနဲ့တစ်သင်းက တွန်းအားတွေပေးကာ ပိုကောင်းကောင်းပြိုင်ဆိုင်ကြမယ်လို့ ကတိခံခဲ့ကြတယ်။ ဒီရာသီမှာတော့ လီဗာပူးဟာ စွမ်းဆောင်ရည် ကျဆင်းမှုနှင့်အတူ မန်စီးတီးကို စိန်ခေါ်ဖို့ရာ ဝေးကွာခဲ့ပါတယ်။

ချန်ပီယံအသင်းနဲ့ ပတ်သက်ပြီး ယာဂင်က “ ကောင်းမွန်တဲ့ အောင်မြင်မှုပါပဲ၊ ဂုဏ်ယူပါတယ်။ မနေ့ညကပဲ ဂွာဒီယိုလာထံကိုလည်း မက်ဆေ့ပို့ခ့တယ်။ ဂေါ်ဒိုဂန်ကိုလည်း မက်ဆေ့ပို့ပြီး ဂုဏ်ယူကြောင်း ပြောခဲ့ပြီးပါပြီ သူတကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။

ဘောလုံးကမ္ဘာကြီး တစ်ခုလုံးအတွက် တကယ်ကို ခက်ခဲတဲ့ နှစ်တစ်ခုပါပဲ။ ဒီအခြေအနေထိ မန်စီးတီး အောင်မြင်ထားမှုက မယုံနိုင်လောက်အောင်ပါပဲ။ အတိတ်ုန်းကလည်း ဆုဖလာေးတွ အောင်မြင်ခဲ့ပြီး ၁၀ နှစ်အတွင်း ၅ ကြိမ် အောင်မြင်ခဲ့ပါပြီ။

ဆုဖလားအောင်မြင်ဖို့ဆိုတာက ဘဏ္ဍာရေးဆိုင်ရာ ရင်းမြစ်နဲ့ ဘောလုံးအသိဉာဏ် ကြွယ်ဝမှုကို ကောင်းမွန်တဲ့ အခွင့်အရေးဖြင့် အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့အပေါ် မူတည်ပါတယ်။ အဲ့တာက အရေးပါပါတယ်။ စီးတီးက မယုံနိုင်လောက်တဲ့ လူစာရင်းကောင်းကို ပိုင်ဆိုင်ထားတယ်၊ ကမ္ဘာအကောင်းဆုံး မန်နေဂျာလည်း ဖြစ်ပါတယ်။ အဲ့တော့ သိပ်ကောင်းတဲ့ ပေါင်းစပ်မှုပါပဲ။

သူတို့နဲ့ ရင်ဆိုင်ကစားရတာက အမြဲတမ်း ပျော်ဖို့ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ဘောလုံးရှုထောင့်ကနေဆိုရင် အဲ့တာကပဲ သိပ်ကောင်းတဲ့ စိန်ခေါ်မှု ဖြစ်နေလို့ပါ။ သူတို့ကို အနိုင်ယူဖို့ဆိုရင် ကိုယ်က သိပ်ကောင်းနေမှရမှာပါ။ အချိန်တိုင်း အဲ့လိုလုပ်နိုင်ဖို့ ကြိုးစားပေမယ့် ဒီနှစ်တော့ မလုပ်နိုင်ခဲ့ပါဘူး။ ဒီတော့ ထိုက်ထိုက်တန်တန် ချန်ပီယံဖြစ်သွားတဲ့ မန်စီးတီးကို ဂုဏ်ပြုပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းကို ဂုဏ္ျပဳပါေၾကာင္း စကားကို လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ထုတ္ေျပာလိုက္ပါတယ္။

ယာဂင္နဲ႔ ပပ္တို႔ဟာ ၂၀၁၉ တုန္းက လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ခဲ့ျပီး မန္စီးတီးအသင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့စဥ္မွာ တစ္ဦးနဲ႔တစ္ဦး တစ္သင္းနဲ႔တစ္သင္းက တြန္းအားေတြေပးကာ ပိုေကာင္းေကာင္းျပိဳင္ဆိုင္ၾကမယ္လို႔ ကတိခံခဲ့ၾကတယ္။ ဒီရာသီမွာေတာ့ လီဗာပူးဟာ စြမ္းေဆာင္ရည္ က်ဆင္းမႈႏွင့္အတူ မန္စီးတီးကို စိန္ေခၚဖို႔ရာ ေဝးကြာခဲ့ပါတယ္။

ခ်န္ပီယံအသင္းနဲ႔ ပတ္သက္ျပီး ယာဂင္က “ ေကာင္းမြန္တဲ့ ေအာင္ျမင္မႈပါပဲ၊ ဂုဏ္ယူပါတယ္။ မေန႔ညကပဲ ဂြာဒီယိုလာထံကိုလည္း မက္ေဆ့ပို႔ခ့တယ္။ ေဂၚဒိုဂန္ကိုလည္း မက္ေဆ့ပို႔ျပီး ဂုဏ္ယူေၾကာင္း ေျပာခဲ့ျပီးပါျပီ သူတကယ္ကို ေကာင္းေကာင္းလုပ္ႏုိင္ခဲ့ပါတယ္။

ေဘာလံုးကမၻာၾကီး တစ္ခုလံုးအတြက္ တကယ္ကို ခက္ခဲတဲ့ ႏွစ္တစ္ခုပါပဲ။ ဒီအေျခအေနထိ မန္စီးတီး ေအာင္ျမင္ထားမႈက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ အတိတ္ုန္းကလည္း ဆုဖလာေးတြ ေအာင္ျမင္ခဲ့ျပီး ၁၀ ႏွစ္အတြင္း ၅ ၾကိမ္ ေအာင္ျမင္ခဲ့ပါျပီ။

ဆုဖလားေအာင္ျမင္ဖို႔ဆိုတာက ဘ႑ာေရးဆိုင္ရာ ရင္းျမစ္နဲ႔ ေဘာလံုးအသိဥာဏ္ ၾကြယ္ဝမႈကို ေကာင္းမြန္တဲ့ အခြင့္အေရးျဖင့္ အတူတကြ ပူးေပါင္း လုပ္ေဆာင္ႏုိင္ဖို႔အေပၚ မူတည္ပါတယ္။ အဲ့တာက အေရးပါပါတယ္။ စီးတီးက မယံုႏုိင္ေလာက္တဲ့ လူစာရင္းေကာင္းကို ပိုင္ဆိုင္ထားတယ္၊ ကမၻာအေကာင္းဆံုး မန္ေနဂ်ာလည္း ျဖစ္ပါတယ္။ အဲ့ေတာ့ သိပ္ေကာင္းတဲ့ ေပါင္းစပ္မႈပါပဲ။

သူတို႔နဲ႔ ရင္ဆိုင္ကစားရတာက အျမဲတမ္း ေပ်ာ္ဖို႔ေကာင္းပါတယ္။ ဘာလို႔လည္းဆိုေတာ့ ေဘာလုံးရႈေထာင့္ကေနဆိုရင္ အဲ့တာကပဲ သိပ္ေကာင္းတဲ့ စိန္ေခၚမႈ ျဖစ္ေနလို႔ပါ။ သူတို႔ကို အႏုိင္ယူဖို႔ဆိုရင္ ကိုယ္က သိပ္ေကာင္းေနမွရမွာပါ။ အခ်ိန္တိုင္း အဲ့လိုလုပ္ႏုိင္ဖို႔ ၾကိဳးစားေပမယ့္ ဒီႏွစ္ေတာ့ မလုပ္ႏုိင္ခဲ့ပါဘူး။ ဒီေတာ့ ထိုက္ထိုက္တန္တန္ ခ်န္ပီယံျဖစ္သြားတဲ့ မန္စီးတီးကို ဂုဏ္ျပဳပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။