ပရီးမီးယားလိဂ် ပြန်ကန်ပွဲစဉ်ဖြစ်တဲ့ ယူနိုက်တက် V လီဗာပူးပွဲဟာ ဖျော်ဖြေမှုပေးနိုင်ခဲ့ကာ လီဗာပူးပရိသတ်တွေ အတွက်တော့ နက်ဖီးလစ်ရဲ့ပွဲလို့ တင်စားခံရတဲ့ထိ ဖြစ်ခဲ့ပါတယ်။

၂၀၁၄ နောက်ပိုင်း အနိုင်မရထားတဲ့ အိုထရတ်ဖိုဒ့်ကွင်းမှာ ယာဂင်ကလော့ပ်က နာမည်ကျော် ခံစစ်မှူးတွေ မဟုတ်ခဲ့ဘဲ နက်ဖီးလစ်နဲ့ ရိုင်း ဝီလီယမ်အတွဲကို ထုတ်သုံးခဲ့တယ်။ သူတို့နှစ်ဦးဟာ လီဗာပူးရဲ့ ခံစစ်ဦးစားပေး စာရင်းမှာ နောက်ဆုံးက ရှိနေသူ နှစ်ဦးဖြစ်ပြီး ဒီနှစ်ဦးကပဲ စတီဗင်ဂျရတ် ခေတ်က လီဗာပူးအသင်းနောက်ပိုင်း ပထမဆုံး အိုထရတ်ဖိုဒ့် နိုင်ပွဲအတွက် အဓိက ကျခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေက လူမှုကွန်ယက်တွေကတစ်ဆင့် အခက်အခဲကြားက ပေါ်ထွက်လာတဲ့ ဟီးရိုးအဖြစ် နက်ဖီးလစ်ကို တင်စားခဲ့ကြတယ်။ အဓိက ခံစစ်မှူးတွေ အားလုံး မကစားနိုင်ချိန်မှာ နက်ဖီးလစ်ဟာ နေရာရလာခဲ့ပြီး ယူနိုက်တက်ပွဲမှာ ပွဲချိန် တစ်နာရီစာလောက်ဟာ သူ့အကြောင်း ပြောစရာတွေ ရှိခဲ့ပါတယ်။

ပွဲအစမှာတင် ကိုယ်ဂိုးကိုယ် သွင်းယူမိတဲ့ နက်ဖီးလစ်က ဂျိုတာ ခြေပဂိုး ပြန်ရဖို့ ရဲရင့်တဲ့ တိုက်စစ်ထိုးဖောက်မှုကို ပြိုင်ဘက် ဧရိယာထဲ ပြန်လုပ်ပေးခဲ့တယ်။ အမြင့်ဘေား စီးချင်းထိုးမှု ၄ ကြိမ်အောင်မြင်ခဲ့ကာ ဘောလုံးရှင်းထုတ်မှု ၆ ကြိမ် ရှိခဲ့ပြီး တစ်ကြိမ်ဟာ ၃-၃ ဖြစ်သွားနိုင်တဲ့ ဂိုးလိုင်းပေါ်က ဘောလုံးကို ရှင်းထုတ်မှု ဖြစ်ခဲ့ပါတယ်။

နက်ဖီးလစ်ဆိုရင် မရှိသုံးအဖြစ်လောက်ပဲ သတ်မှတ်ခံရပေမယ့် လီဗာပူးရဲ့ အခက်အခဲတွေကြားမှာ အင်္ဂလန်သာ ခံစစ်မှူးရဲ့ ကြိုးစားပေးနိုင်စွမ်းက အသိအမှတ်ပြု ခံရလောက်တဲ့ အနေအထားထိ ရောက်လာခဲ့ပြီဖြစ်တယ်။ လီဗာပူးကစားသမားဟောင်းတွေ၊ သတင်းထောက်တွေကတော့ နက်ဖီးလစ်ဟာ အားလုံးရဲ့ လေးစားမှုတွေ ရဖို့ကို ထိုက်တန်နေပြီလို့ ချီးကျူးကြပါတယ်။

ယူနိုက်တက်ပွဲအပြီးမှာ နက်ဖီးလစ်က ” ဒီနိုင်ပွဲက ကျနေ်ာတို့ကို ထိပ်ဆုံးလေးသင်း ဝင်ခွင့်မျှော်လင့်ချက်အတွက် ပိုနီးစပ်လာစေတယ်။ လက်ကျန်ပွဲအားလုံးကို ကျနေ်ာတို့ နိုင်ဖို့လိုနေတာလည်း ပြောနေဖို့ လိုတဲ့ ကိစ္စ မဟုတ်ဘူး။ ဒီကနေ့နိုင်ပွဲရပေမယ့် မေ့လိုက်ရမှာဖြစ်ပြီး နောက်ပွဲအတွက် အဆင်သင့်ဖြစ်ရပါမယ်။

ဒီညအတွက် ကျနေ်ာတို့ ပျော်နေလို့ရပါတယ် ဒါပေမယ့် နောက်ပွဲအတွက် အာရုံစိုက်ဖို့ပဲ ပြင်ဆင်ရတော့မှာပါ။ ယူနိုက်တက်ပွဲမှာ ကျနေ်ာတို့ အထနှေးခဲ့ပြီး အနာဂတ်ပွဲတွေမှာ ဒီလိုမဖြစ်ဖို့ သင်ယူရပါမယ်။ နိုင်ပွဲက ကျနေ်ာတို့ကို ယုံကြည်မှု ပေးခဲ့တယ်။ ဒါပေမယ့် ကျနော် ပြောခဲ့သလိုပါပဲ။ ယူနိုက်တက်ပွဲကိုပဲ အာရုံစိုက်နေလို့ မရဘဲ လာမယ့်ပွဲတွေအတွက် အာရုံစိုက်ဖို့နဲ့ အလုပ်ကို အကောင်းဆုံး အဆုံးသတ်ဖို့ လုပ်ဆောင်ရပါမယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ျပန္ကန္ပြဲစဥ္ျဖစ္တဲ့ ယူႏုိက္တက္ V လီဗာပူးပြဲဟာ ေဖ်ာ္ေျဖမႈေပးႏုိင္ခဲ့ကာ လီဗာပူးပရိသတ္ေတြ အတြက္ေတာ့ နက္ဖီးလစ္ရဲ႕ပြဲလို႔ တင္စားခံရတဲ့ထိ ျဖစ္ခဲ့ပါတယ္။

၂၀၁၄ ေနာက္ပိုင္း အႏုိင္မရထားတဲ့ အိုထရတ္ဖိုဒ့္ကြင္းမွာ ယာဂင္ကေလာ့ပ္က နာမည္ေက်ာ္ ခံစစ္မွဴးေတြ မဟုတ္ခဲ့ဘဲ နက္ဖီးလစ္နဲ႔ ရိုင္း ဝီလီယမ္အတြဲကို ထုတ္သံုးခဲ့တယ္။ သူတို႔ႏွစ္ဦးဟာ လီဗာပူးရဲ႕ ခံစစ္ဦးစားေပး စာရင္းမွာ ေနာက္ဆံုးက ရွိေနသူ ႏွစ္ဦးျဖစ္ျပီး ဒီႏွစ္ဦးကပဲ စတီဗင္ဂ်ရတ္ ေခတ္က လီဗာပူးအသင္းေနာက္ပိုင္း ပထမဆံုး အိုထရတ္ဖိုဒ့္ ႏုိင္ပြဲအတြက္ အဓိက က်ခ့ဲပါတယ္။

လီဗာပူးပရိသတ္ေတြက လူမႈကြန္ယက္ေတြကတစ္ဆင့္ အခက္အခဲၾကားက ေပၚထြက္လာတဲ့ ဟီးရိုးအျဖစ္ နက္ဖီးလစ္ကို တင္စားခဲ့ၾကတယ္။ အဓိက ခံစစ္မွဴးေတြ အားလံုး မကစားႏုိင္ခ်ိန္မွာ နက္ဖီးလစ္ဟာ ေနရာရလာခဲ့ျပီး ယူႏုိက္တက္ပြဲမွာ ပြဲခ်ိန္ တစ္နာရီစာေလာက္ဟာ သူ႔အေၾကာင္း ေျပာစရာေတြ ရွိခဲ့ပါတယ္။

ပြဲအစမွာတင္ ကိုယ္ဂိုးကိုယ္ သြင္းယူမိတဲ့ နက္ဖီးလစ္က ဂ်ိဳတာ ေျခပဂိုး ျပန္ရဖို႔ ရဲရင့္တဲ့ တိုက္စစ္ထိုးေဖာက္မႈကို ျပိဳင္ဘက္ ဧရိယာထဲ ျပန္လုပ္ေပးခဲ့တယ္။ အျမင့္ေဘား စီးခ်င္းထိုးမႈ ၄ ၾကိမ္ေအာင္ျမင္ခဲ့ကာ ေဘာလံုးရွင္းထုတ္မႈ ၆ ၾကိမ္ ရွိခဲ့ျပီး တစ္ၾကိမ္ဟာ ၃-၃ ျဖစ္သြားႏုိင္တဲ့ ဂိုးလိုင္းေပၚက ေဘာလံုးကို ရွင္းထုတ္မႈ ျဖစ္ခဲ့ပါတယ္။

နက္ဖီးလစ္ဆိုရင္ မရွိသံုးအျဖစ္ေလာက္ပဲ သတ္မွတ္ခံရေပမယ့္ လီဗာပူးရဲ႕ အခက္အခဲေတြၾကားမွာ အဂၤလန္သာ ခံစစ္မွဴးရဲ႕ ၾကိဳးစားေပးႏုိင္စြမ္းက အသိအမွတ္ျပဳ ခံရေလာက္တဲ့ အေနအထားထိ ေရာက္လာခဲ့ျပီျဖစ္တယ္။ လီဗာပူးကစားသမားေဟာင္းေတြ၊ သတင္းေထာက္ေတြကေတာ့ နက္ဖီးလစ္ဟာ အားလံုးရဲ႕ ေလးစားမႈေတြ ရဖို႔ကို ထိုက္တန္ေနျပီလို႔ ခ်ီးက်ဴးၾကပါတယ္။

ယူႏုိက္တက္ပြဲအျပီးမွာ နက္ဖီးလစ္က ” ဒီႏုိင္ပြဲက က်ေန္ာတို႔ကို ထိပ္ဆံုးေလးသင္း ဝင္ခြင့္ေမွ်ာ္လင့္ခ်က္အတြက္ ပိုနီးစပ္လာေစတယ္။ လက္က်န္ပြဲအားလံုးကို က်ေန္ာတို႔ ႏုိင္ဖို႔လိုေနတာလည္း ေျပာေနဖို႔ လိုတဲ့ ကိစၥ မဟုတ္ဘူး။ ဒီကေန႔ႏုိင္ပြဲရေပမယ့္ ေမ့လိုက္ရမွာျဖစ္ျပီး ေနာက္ပြဲအတြက္ အဆင္သင့္ျဖစ္ရပါမယ္။

ဒီညအတြက္ က်ေန္ာတို႔ ေပ်ာ္ေနလို႔ရပါတယ္ ဒါေပမယ့္ ေနာက္ပြဲအတြက္ အာရံုစိုက္ဖို႔ပဲ ျပင္ဆင္ရေတာ့မွာပါ။ ယူႏုိက္တက္ပြဲမွာ က်ေန္ာတို႔ အထေႏွးခဲ့ျပီး အနာဂတ္ပြဲေတြမွာ ဒီလိုမျဖစ္ဖို႔ သင္ယူရပါမယ္။ ႏုိင္ပြဲက က်ေန္ာတို႔ကို ယံုၾကည္မႈ ေပးခဲ့တယ္။ ဒါေပမယ့္ က်ေနာ္ ေျပာခဲ့သလိုပါပဲ။ ယူႏုိက္တက္ပြဲကိုပဲ အာရံုစိုက္ေနလို႔ မရဘဲ လာမယ့္ပြဲေတြအတြက္ အာရံုစိုက္ဖို႔နဲ႔ အလုပ္ကို အေကာင္းဆံုး အဆံုးသတ္ဖို႔ လုပ္ေဆာင္ရပါမယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။