မန်ယူအသင်းဟာ နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ညာအစွန်နေရာကို အင်အားဖြည့်ဖို့ရာ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံကစားသမား ဘစ်ဆာကာကို ခေါ်ယူဖို့ စီစဉ်နေကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြထားခဲ့ပြီးပါပြီ။

အသက် ၂၁ နှစ်အရွယ် ဘစ်ဆာကာဟာ ပဲလေ့စ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနေပြီး ငယ်ရွယ်ဟာ ကစားအားကောင်းမွန်သူပါ။ သူ့ကို ပဲလေ့စ်အသင်း တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ရမှ ရောင်းချမယ်လို့ သတင်းလွှင့်ထားပါတယ်။

မန်ယူဘက်က ပဲလေစ့်အသင်းရဲ့ ညာအစွန်လူကို ကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပေါင် ၂၅ သန်းတန် အပြောင်းအရွှေ့ ကမ်းလှမ်းမှုကို စတင်ကာ ပေးပို့မယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ဈေးကွက်တန်ဖိုးထက် အံ့သြစရာကောင်းအောင်း နည်းပါးနေမှာဖြစ်တယ်။

ဘစ်ဆာကာနဲ့ ပဲလေ့စ်ကြားမှာ ၃ နှစ်စာချုပ် သက်တမ်းကျန်နေသေးတာပါ။ ဘစ်ဆာကာဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၃၅ ပွဲ ကစားထားရတယ်။ မန်ယူအသင်းဟာ ခံစစ်မှာ ပြိုင်ဘက်အသင်းတွေထက် အားနည်းနေတာကို ဆိုးရှားက ပြုပြင်ဖို့ အလိုရှိနေတယ်။

ဘစ်ဆာကာရဲ့ တန်ကြေးက မြင့်မားနေပေမယ့် တကယ်တမ်း ဈေးကွက်ထဲမှာ ဈေးစခေါ်တဲ့ ကလပ်အသင်း မရှိတာကြောင့် မန်ယူဘက်က ပထမဆုံး စတင်ကမ်းလှမ်းမှာဖြစ်ပြီး ကြိုက်ဈေးဖြစ်တဲ့ ပေါင် ၂၅ သန်းနဲ့ စတင်ဖို့ ဆုံးဖြတ်လာတာပဲ ဖြစ်ပါတယ်။