လီဗာပူးက ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲ ပွဲပြီးချိန်မှာ ယာဂင်ကလော့ပ်ရဲ့ လက်ပုပ်ဖို့ ကမ်းလှမ်းမှုကို စိတ်ပျက် ဒေါသထွက်စွာ ငြင်းဆန်တဲ့ မာနေးကိစ္စဟာ မီဒီယာသမားတွေ မေးခွန်းထုတ်လို့ကောင်းတဲ့ သတင်းတစ်ခု ဖြစ်လာခဲ့တယ်။

ဝက်စ်ဘရွန်းပွဲကြိုမှာ ယာဂင်ကလော့ပ်က မာနေးဟာ သူ့ကို အမြဲတမ်း လေးစားခဲ့သူဖြစ်ကြောင်းနဲ့ တစ်ကြိမ်တည်းသော မလေးစားမိတဲ့ ကိစ္စအတွက် အရင်က ကောင်းခဲ့တာတွေကို မေ့လိုက်လို့ မရပါဘူးလို့ တုန့်ပြန်သွားပါတယ်။

ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က ” မင်းတို့အတွက်တော့ စိတ်မကောင်းပါဘူး။ အကယ်လို့ တစ်စုံတစ်ယောက်က ငါ့ကို အကြိမ် ၅ သန်းလောက် လေးစားမှုပေးခဲ့ပြီး တစ်ကြိမ်လောက် လေးစားမှု မပေးနိုင်ဘူး ဖြစ်ခဲ့တယ်ဆိုရင် ဘယ်ဟာက ပိုပြီး အရေးကြီးမလဲ?

တစ်ကမ္ဘာလုံးကတော့ ဒီတစ်ကြိမ်ကပဲ လိုအပ်တာထက် အရေးကြီးတဲ့ ပုံစံမျိုး လုပ်နေကြတယ်။ ဒါက ကံမကောင်းဘဲဖြစ်သွားတဲ့ ကိစ္စပါ။ ကိုယ်တစ်ကြိမ်လေး လေးစားမှု မပေးလိုက်တာနဲ့ ကိုယ်ရဲ့ ဘော့စ်က ကောင်းခဲ့သမျှ အားလုံးကို မေ့လိုက်တာမျိုးလည်း မျှော်လင့်နေကြမှာ မဟုတ်ပါဘူး။

ခင်ဗျားတို့က မေးခွန်းတွေ မေးနေကြပြီး ကျနော်ကလည်း သတင်းခေါင်းကြီးတွေကို မြင်ထားပြီဖြစ်ပါတယ်။ ခင်ဗျားတို့က သတင်းတွေကို ဖန်တီးခဲ့ပြီး ကျနော်ကတော့ အေးအေးဆေးဆေးပါပဲ။

ကစားသမားတစ်ယောက်က ကျနော်ကို ကြည့်တဲ့အခါ ကျနော် စိတ်ပြင်းထန်လာတဲ့အခါ တကယ်ကို ပေါက်ကွဲတတ်သူလို့ မြင်ရလိမ့်မယ်။ ကျနော်က တကယ်ကို သာမာန်လူတစ်ဦးဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပကတ်သက်ပြီး ကျနော်တို့ စကားပြောမှာပါ၊ နောက်ပြီး ဖြေရှင်းသွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီအပတ်အကုန် ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲမှာ ကလော့ပ်က မာနေးကို သေချာပေါက် ထုတ်သုံးမယ့် သတင်းတွေ ကျယ်ပြန့်နေပြီး သူနဲ့ မာနေးကြား ပြဿနာကို ကွင်းပြင်ပမှာပဲ ရှင်းသွားမယ့် သဘောလို့လည်း သုံးသပ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ယူႏုိက္တက္ကို အႏုိင္ရတဲ့ပြဲ ပြဲျပီးခ်ိန္မွာ ယာဂင္ကေလာ့ပ္ရဲ႕ လက္ပုပ္ဖို႔ ကမ္းလွမ္းမႈကို စိတ္ပ်က္ ေဒါသထြက္စြာ ျငင္းဆန္တဲ့ မာေနးကိစၥဟာ မီဒီယာသမားေတြ ေမးခြန္းထုတ္လို႔ေကာင္းတဲ့ သတင္းတစ္ခု ျဖစ္လာခဲ့တယ္။

ဝက္စ္ဘရြန္းပြဲၾကိဳမွာ ယာဂင္ကေလာ့ပ္က မာေနးဟာ သူ႔ကို အျမဲတမ္း ေလးစားခဲ့သူျဖစ္ေၾကာင္းနဲ႔ တစ္ၾကိမ္တည္းေသာ မေလးစားမိတဲ့ ကိစၥအတြက္ အရင္က ေကာင္းခဲ့တာေတြကို ေမ့လိုက္လို႔ မရပါဘူးလို႔ တုန္႔ျပန္သြားပါတယ္။

ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာ ကေလာ့ပ္က ” မင္းတို႔အတြက္ေတာ့ စိတ္မေကာင္းပါဘူး။ အကယ္လို႔ တစ္စံုတစ္ေယာက္က ငါ့ကို အၾကိမ္ ၅ သန္းေလာက္ ေလးစားမႈေပးခဲ့ျပီး တစ္ၾကိမ္ေလာက္ ေလးစားမႈ မေပးႏုိင္ဘူး ျဖစ္ခဲ့တယ္ဆိုရင္ ဘယ္ဟာက ပိုျပီး အေရးၾကီးမလဲ?

တစ္ကမၻာလံုးကေတာ့ ဒီတစ္ၾကိမ္ကပဲ လိုအပ္တာထက္ အေရးၾကီးတဲ့ ပံုစံမ်ိဳး လုပ္ေနၾကတယ္။ ဒါက ကံမေကာင္းဘဲျဖစ္သြားတဲ့ ကိစၥပါ။ ကိုယ္တစ္ၾကိမ္ေလး ေလးစားမႈ မေပးလိုက္တာနဲ႔ ကိုယ္ရဲ႕ ေဘာ့စ္က ေကာင္းခဲ့သမွ် အားလံုးကို ေမ့လိုက္တာမ်ိဳးလည္း ေမွ်ာ္လင့္ေနၾကမွာ မဟုတ္ပါဘူး။

ခင္ဗ်ားတို႔က ေမးခြန္းေတြ ေမးေနၾကျပီး က်ေနာ္ကလည္း သတင္းေခါင္းၾကီးေတြကို ျမင္ထားျပီျဖစ္ပါတယ္။ ခင္ဗ်ားတို႔က သတင္းေတြကို ဖန္တီးခဲ့ျပီး က်ေနာ္ကေတာ့ ေအးေအးေဆးေဆးပါပဲ။

ကစားသမားတစ္ေယာက္က က်ေနာ္ကို ၾကည့္တဲ့အခါ က်ေနာ္ စိတ္ျပင္းထန္လာတဲ့အခါ တကယ္ကို ေပါက္ကြဲတတ္သူလို႔ ျမင္ရလိမ့္မယ္။ က်ေနာ္က တကယ္ကို သာမာန္လူတစ္ဦးျဖစ္ပါတယ္။ ဒီကိစၥေတြနဲ႔ ပကတ္သက္ျပီး က်ေနာ္တို႔ စကားေျပာမွာပါ၊ ေနာက္ျပီး ေျဖရွင္းသြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဒီအပတ္အကုန္ ယွဥ္ျပိဳင္ရမယ့္ အမွတ္ေပးပြဲမွာ ကေလာ့ပ္က မာေနးကို ေသခ်ာေပါက္ ထုတ္သံုးမယ့္ သတင္းေတြ က်ယ္ျပန္႔ေနျပီး သူနဲ႔ မာေနးၾကား ျပႆနာကို ကြင္းျပင္ပမွာပဲ ရွင္းသြားမယ့္ သေဘာလို႔လည္း သံုးသပ္မႈေတြ ရွိေနတာျဖစ္ပါတယ္။