ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်း ခံစစ်မှူး ကိုနိတ်ဟာ လီဗာပူးအသင်းထံ ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့ပြီလို့ သတင်းထွက်နေချိန်မှာပဲ ထူးထူးဆန်းဆန်း ကိစ္စတစ်ခု ထလုပ်လိုက်ပါတယ်။

အဲ့တာကတော့ ကိုနိတ်ဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်က Bio မှာ ‘လိုက်ဇစ်အသင်းရဲ့ ကစားသမား’ ဆိုတဲ့ စာတန်းကို ဖြုတ်ချလိုက်တာဖြစ်တယ်။ ဒါက ရာသီကုန်မှာ လိုက်ဇစ်ကနေ ပြောင်းရွှေ့မယ်လို့ သတင်းကြီးထားတဲ့ ပြင်သစ်သားရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အတော်လေး လှုပ်လှုပ်ခတ်ခတ်လည်း ဖြစ်လာခဲ့တယ်။

ဒီကိစ္စကို သတိထားမိကြတာကလည်း လီဗာပူးပရိသတ်တွေပဲဖြစ်ပြီး ဒီမနက်မှာ ကိုနိတ်က သူ့ရဲ့ အင်စတာဂရမ် Bio ကို အပြောင်းအလဲ လုပ်ခဲ့တဲ့ သတင်းအား ပြန်လည် မျှဝေပေးခဲ့ရာက တဖြေးဖြေး လူပိုသိလာခဲ့တာပါ။

လီဗာပူးအသင်းက ကိုနိတ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာက သာမာန် အပြောင်းအရွှေ့ ကောလဟာလသတင်း မဟုတ်ပါကြောင်း ဂုဏ်သိက္ခာရှိ သတင်းထောက် ဂျိမ်းပီယော့ဇ်က စတင် အတည်ပြုခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ ဥရောပရဲ့ အလားအလာအရှိဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ်လည်း လူသိများထားတယ်။

အစောပိုင်းမှာတုန်းက ကိုနိတ်အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၄၀ ထက် ပိုမယ်လို့ပဲ သိထားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်း အချက်အလက်တွေအရ ပြောင်းရွှေ့ကြေးဟာ ယူရို ၃၂-၃၅ သန်းကြားပဲ ကျသင့်ပါမယ်။

ကိုနိတ်ရဲ့ အသက်အရွယ် ပြောင်းရွှေ့ကြေးတွေက လီဗာပူးအသင်း ခေါ်ယူလေ့ရှိတဲ့ အပြောင်းအရွှေ့တွေနဲ့ ကိုက်ညီမှုရှိတယ်။ လီဗာပူးပိုင်ရှင်တွေက ၎င်းတို့ လုပ်ငန်းစုရဲ့ ၁၀% ကို ရောင်းချရာကနေ ရင်းနှီးမြုပ်နှံမှု ငွေကြေးတွေလည်း ရထားတာကြောင့် နွေမှာ အသင်းလူစာရင်းကို သွေးသစ်လောင်းဖို့ မန်နေဂျာကလော့ပ်ကို အသုံးစရိတ် ပေးဖွယ်ရှိတယ်လို့ သိထားရသေးတာဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္း ခံစစ္မွဴး ကိုနိတ္ဟာ လီဗာပူးအသင္းထံ ေျပာင္းဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရထားခဲ့ျပီလို႔ သတင္းထြက္ေနခ်ိန္မွာပဲ ထူးထူးဆန္းဆန္း ကိစၥတစ္ခု ထလုပ္လိုက္ပါတယ္။

အဲ့တာကေတာ့ ကုိနိတ္ဟာ သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္က Bio မွာ ‘လိုက္ဇစ္အသင္းရဲ႕ ကစားသမား’ ဆိုတဲ့ စာတန္းကို ျဖဳတ္ခ်လိုက္တာျဖစ္တယ္။ ဒါက ရာသီကုန္မွာ လိုက္ဇစ္ကေန ေျပာင္းေရႊ႔မယ္လို႔ သတင္းၾကီးထားတဲ့ ျပင္သစ္သားရဲ႕ အနာဂတ္နဲ႔ ပတ္သက္လို႔ အေတာ္ေလး လႈပ္လႈပ္ခတ္ခတ္လည္း ျဖစ္လာခဲ့တယ္။

ဒီကိစၥကို သတိထားမိၾကတာကလည္း လီဗာပူးပရိသတ္ေတြပဲျဖစ္ျပီး ဒီမနက္မွာ ကိုနိတ္က သူ႔ရဲ႕ အင္စတာဂရမ္ Bio ကို အေျပာင္းအလဲ လုပ္ခဲ့တဲ့ သတင္းအား ျပန္လည္ မွ်ေဝေပးခဲ့ရာက တေျဖးေျဖး လူပိုသိလာခဲ့တာပါ။

လီဗာပူးအသင္းက ကိုနိတ္ကို ေခၚယူဖို႔ ၾကိဳးစားေနတယ္ဆိုတာက သာမာန္ အေျပာင္းအေရႊ႔ ေကာလဟာလသတင္း မဟုတ္ပါေၾကာင္း ဂုဏ္သိကၡာရွိ သတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က စတင္ အတည္ျပဳခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ဥေရာပရဲ႕ အလားအလာအရွိဆံုး ခံစစ္မွဴးေတြထဲက တစ္ဦးအျဖစ္လည္း လူသိမ်ားထားတယ္။

အေစာပိုင္းမွာတုန္းက ကိုနိတ္အတြက္ ေျပာင္းေရႊ႔ေၾကးက ယူရို သန္း ၄၀ ထက္ ပိုမယ္လို႔ပဲ သိထားခ့ဲတယ္။ ဒါေပမယ့္ ေနာက္ပိုင္း အခ်က္အလက္ေတြအရ ေျပာင္းေရႊ႔ေၾကးဟာ ယူရို ၃၂-၃၅ သန္းၾကားပဲ က်သင့္ပါမယ္။

ကိုနိတ္ရဲ႕ အသက္အရြယ္ ေျပာင္းေရႊ႔ေၾကးေတြက လီဗာပူးအသင္း ေခၚယူေလ့ရွိတဲ့ အေျပာင္းအေရႊ႔ေတြနဲ႔ ကိုက္ညီမႈရွိတယ္။ လီဗာပူးပိုင္ရွင္ေတြက ၄င္းတို႔ လုပ္ငန္းစုရဲ႕ ၁၀% ကို ေရာင္းခ်ရာကေန ရင္းႏွီးျမဳပ္ႏွံမႈ ေငြေၾကးေတြလည္း ရထားတာေၾကာင့္ ေႏြမွာ အသင္းလူစာရင္းကို ေသြးသစ္ေလာင္းဖို႔ မန္ေနဂ်ာကေလာ့ပ္ကို အသံုးစရိတ္ ေပးဖြယ္ရွိတယ္လို႔ သိထားရေသးတာျဖစ္ပါတယ္။