မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လီဗာပူးကို အိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ သူတို့ရဲ့ အသင်းခေါင်းဆောင် ခံစစ်မှူး ဟယ်ရီ မက်ဂွဲရား မပါဝင်နိုင်တဲ့ အပေါ် တမ်းတနေကြပါတယ်။ ယူနိုက်တက် ကစားသမားဟေင်း နဗီးလ်ရဲ့ ဆင်ခြေစကားတွေ အပေါ် ကာရေဂါကတော့ လီဗာပူး အဖြစ်ကိုလည်း ကြည့်ဖို့ ပြန် သတိပေးလိုက်ပါတယ်။

လီဗာပူးဟာ ဒဏ်ရာရ ကစားသမား များလွန်းတာကြောင့် ဒီရာသီ အဆင့် ၄ အတွင်း ဝင်တယ် ဆိုရင်ပဲ အောင်မြင်တယ် မှတ်ယူရမယ့် အခြေအနေ ရှိကြောင်း ကာရေဂါက ဆိုပါတယ်။

” လီဗာပူး ဒဏ်ရာရ ကစားသမားတွေကိုလည်း ကြည့်လိုက်ဦး။ လီဗာပူး ဒီရာသီ အဆင့် ၄ အတွင်း ဝင်တယ် ဆိုရင်ကိုပဲ ကျနော်ကတော့ မန်နေဂျာနဲ့ ကစားသမားတွေ သူတို့ အားထုတ်မှု အပေါ် ဂုဏ်ယူသင့်တယ် ကျနော် ထင်တယ်။

အခုပဲ ကြည့်၊ မန်ချက်စတာ ယူနိုက်တက်က ကြာသပတေးနေ့က ပွဲမှာ ဟယ်ရီ မက်ဂွဲရား မပါတာ တော်တော်ကြီး ထိသွားတယ်။ ဒါပေမယ့် လီဗာပူးက သူတို့လိုဆို မက်ဂွဲရား၊ လင်ဒီလော့ဖ်နဲ့ ဘိုင်လီတို့ကို ၆ လ လောက် လက်လွှတ်ထားရသလို ဖြစ်နေတယ်။ ဗဟိုခံစစ်သမားတွေထဲမှာ အရန်တွေကိုပါ လက်လွှတ်ထားရတာ။

ကစားသမား တစ်ယောက်နဲ့တင် တစ်ပွဲ မပါတာကို ယူနိုက်တက် ဘယ်လောက် ထိလဲ ဆိုတာပဲ ကြည့်။ ဒီတော့ တခြား ဗဟိုခံစစ်သမားတွေ အရန်တွေပါ ၆ လလောက် မပါနိုင်ဘူး ဆို သူတို့ ဘယ်နေရာမှာများ ရှိနေမလဲ။ ” လို့ ကာရေဂါက နဗီးလ် ကို ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စီနီယာ ဗဟိုခံစစ်သမားတွေ ဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ မာတစ် တွေ ဒီရာသီ နာနေတာကြောင့် အကယ်ဒမီ ထွက် ရွိုင်း ဖိလစ်နဲ့ ၂၀၁၆ က အလွတ်နဲ့ ခေါ်ထားတဲ့ နက် ဖီးလစ်တို့ကို ထည့်သွင်း အသုံးပြုနေရပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ရက္ပိုင္းက လီဗာပူးကို အိုးထရက္ဖို႔ဒ္မွာ ရွံဳးနိမ့္ခဲ့တဲ့ ပြဲမွာ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ ခံစစ္မွဴး ဟယ္ရီ မက္ဂြဲရား မပါ၀င္နိုင္တဲ့ အေပၚ တမ္းတေနၾကပါတယ္။ ယူနိုက္တက္ ကစားသမားေဟင္း နဗီးလ္ရဲ႕ ဆင္ေျခစကားေတြ အေပၚ ကာေရဂါကေတာ့ လီဗာပူး အျဖစ္ကိုလည္း ၾကည့္ဖို႔ ျပန္ သတိေပးလိုက္ပါတယ္။

လီဗာပူးဟာ ဒဏ္ရာရ ကစားသမား မ်ားလြန္းတာေၾကာင့္ ဒီရာသီ အဆင့္ ၄ အတြင္း ၀င္တယ္ ဆိုရင္ပဲ ေအာင္ျမင္တယ္ မွတ္ယူရမယ့္ အေျခအေန ရွိေၾကာင္း ကာေရဂါက ဆိုပါတယ္။

” လီဗာပူး ဒဏ္ရာရ ကစားသမားေတြကိုလည္း ၾကည့္လိုက္ဦး။ လီဗာပူး ဒီရာသီ အဆင့္ ၄ အတြင္း ၀င္တယ္ ဆိုရင္ကိုပဲ က်ေနာ္ကေတာ့ မန္ေနဂ်ာနဲ႕ ကစားသမားေတြ သူတို႔ အားထုတ္မႈ အေပၚ ဂုဏ္ယူသင့္တယ္ က်ေနာ္ ထင္တယ္။

အခုပဲ ၾကည့္၊ မန္ခ်က္စတာ ယူနိုက္တက္က ၾကာသပေတးေန႔က ပြဲမွာ ဟယ္ရီ မက္ဂြဲရား မပါတာ ေတာ္ေတာ္ၾကီး ထိသြားတယ္။ ဒါေပမယ့္ လီဗာပူးက သူတို႔လိုဆို မက္ဂြဲရား၊ လင္ဒီေလာ့ဖ္နဲ႕ ဘိုင္လီတို႔ကို ၆ လ ေလာက္ လက္လႊတ္ထားရသလို ျဖစ္ေနတယ္။ ဗဟိုခံစစ္သမားေတြထဲမွာ အရန္ေတြကိုပါ လက္လႊတ္ထားရတာ။

ကစားသမား တစ္ေယာက္နဲ႕တင္ တစ္ပြဲ မပါတာကို ယူနိုက္တက္ ဘယ္ေလာက္ ထိလဲ ဆိုတာပဲ ၾကည့္။ ဒီေတာ့ တျခား ဗဟိုခံစစ္သမားေတြ အရန္ေတြပါ ၆ လေလာက္ မပါနုိင္ဘူး ဆို သူတို႔ ဘယ္ေနရာမွာမ်ား ရွိေနမလဲ။ ” လို႔ ကာေရဂါက နဗီးလ္ ကို ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ စီနီယာ ဗဟိုခံစစ္သမားေတြ ျဖစ္တဲ့ ဗန္ဒိုက္၊ ဂ်ိဳးဂိုမက္ဇ္၊ မာတစ္ ေတြ ဒီရာသီ နာေနတာေၾကာင့္ အကယ္ဒမီ ထြက္ ရြိဳင္း ဖိလစ္နဲ႕ ၂၀၁၆ က အလြတ္နဲ႕ ေခၚထားတဲ့ နက္ ဖီးလစ္တို႔ကို ထည့္သြင္း အသံုးျပဳေနရပါတယ္။