ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် လီဗာပူးအသင်းဟာ ဒီရာသီ တန်းဆင်းသွားဖို့ သေချာသွားတဲ့ ကလပ် ၃ သင်းထဲက တစ်သင်းဖြစ်တဲ့ ဝက်စ်ဘရွန်းအသင်းဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်နေဂျာ အလာဒိုက်ဟာ လီဗာပူးအသင်းကို အမြဲတမ်း ဒုက္ခပေးလေ့ရှိတဲ့ မန်နေဂျာတစ်ဦးဖြစ်တယ်။ ဇန်နဝါရီတုန်းက ထိပ်တိုက်တွေ့မှုမှာလည်း ခံစစ်ကို ပိတ်ကစားခဲ့ကာ တည်ကန်ဘောကနေ နောက်ကျ ခြေပဂိုးရယူပြီး အန်ဖီးမှာ တစ်မှတ် ခွဲယူသွားခဲ့သေးတာပါ။

ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုအပေါ် ဘီဘီမှ ဘောလုံးသုံးသပ်သူ လော်ရိုးက ” လီဗာပူးအသင်းရဲ့ ရာသီသိမ်းပွဲ ၃ ပွဲလုံးက အနိုင်ရရမယ့်ပွဲတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် ရင်ဆိုင်ရမယ့် ဝက်စ်ဘရွန်းပွဲကော ဘန်လေနဲ့ အဝေးကွင်းပွဲ ပဲလေစ့်ကို ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲကောပါပဲ။

ဒီရာသီ လီဗာပူးအသင်း ထိပ်ဆုံး လေးသင်း ပြင်ပကို ရောက်ရတဲ့ အဓိက အကြောင်းရင်းကတော့ သူတို့က ကိုယ်အနိုင်ရမယ့် အသင်းတွေကို ရင်ဆိုင်ရာမှာ ရမှတ်တွေ လျော့ကျခဲ့ခြင်းကြောင့်ဖြစ်တယ်။ သူတို့က အနိုင်ရဖို့ လုံလောက်အောင်လည်း မကောင်းခဲ့ပါဘူး။

အရင်အပတ်က ဝက်စ်ဘရွန်းအသင်း တန်းဆင်းသွားခဲ့ရတာကလည်း လီဗာပူးအတွက် အကူအညီ ဖြစ်ပါလိမ့်မယ်။ ဝက်စ်ဘရွန်းအသင်းက ဖိအားတွေ လျော့နည်းသွားပြီလို့ ငြင်းချက်ထုတ်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ပိုပြီး လွတ်လွတ်လပ်လပ် ကစားခွင့်ရသွားတာမျိုးပေါ့။

လီဗာပူးဘက်က အမြင်အရဆိုရင် ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ဖို့ တိုက်ခိုက်နေရဆဲ အသင်းထက်စာရင် တန်းဆင်းသွားဖို့ သေချာနေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ကစားရတာကိုပဲ ရွေးချယ်သွားလိုပါလိမ့်မယ် ” လို့ သုံးသပ်သွားခဲ့တယ်။

ဝက်စ်ဘရွန်းနဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးအသင်းက ၂-၀ ဖြင့် အနိုင်ရသွားမယ်လို့ ဖြစ်ပါတယ်။

ZAWGYI






