လီဗာပူးအသင်းဟာ ဒီရာသီ ဗဟိုခံစစ်သမားတွေ မရှိလို့ ခက်ခဲခဲ့ရပေမယ့် လာမယ့် ဘောလုံးရာသီမှာတော့ ကစားသမားတွေ အကုန် ကြံ့ခိုင်မှု ပြန်ပြည့်နေမယ် ဆိုရင် လိုတာထက်တောင် ပိုလျှံနေမယ့် အနေအထား ရှိနေပါတယ်။
နည်းပြ ယာဂင်ကလော့ပ်ကလည်း သူ့ ခံစစ်သမားတွေ အများအပြား ရှိလာမယ့် အပေါ် မျှော်လင့်နေပြီး ဗဟိုခံစစ် နှစ်နေရာ အတွက် လက်ရှိ လူစာရင်းကတင် ကစားသမား ၈ ယောက်ထိ ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူး လက်ရှိ ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ် ခံစစ်ကြယ်ပွင့် ကိုနိတ်သာ ရောက်လာရင် ပိုမို အင်အားတောင့်လာမယ့် အနေအထားပါ။
လီဗာပူးအသင်းဟာ အငှား ခေါ်ထားတဲ့ တူရကီ လက်ရွေးစင် ကစားသမား အိုဇန် ကာဘတ်ကိုပါ အပြီး ခေါ်ထား ဖြစ်မယ် ဆိုရင် ၎င်းအပြင် ဗန်ဒိုက်၊ ဂိုမက်ဇ်၊ မာတစ်၊ ဘန်ဒေးဗီးစ်၊ နက် ဖိလစ်၊ ရွိုင်းဖိလစ်၊ ဗန်ဒါဘတ် တို့ ရှိနေတာကြောင့် ဗဟိုခံစစ်သမား ၈ ဦးထိ ရှိနေမှာ ဖြစ်ပါတယ်။
ဖိလစ် နှစ်ယောက်နဲ့ ကာဘတ်၊ ဝီလီယံတို့ဟာ တကယ်လို့ ကစားသမား အကုန်လုံး ကောင်းနေရင် စီနီယာတွေကို ကျော်ပြီး ပွဲကစားနိုင်ပါ့မလား ဆိုတဲ့ အမေးကို ကလော့ပ်က အခုလို ဖြေကြားပါတယ်။
” ကျနော့် ကောင်လေးတွေက မယုံနိုင်စရာကို ကောင်းကောင်း လုပ်ပြထားတယ်။ အိုဇန် (ကာဘတ်) ဆိုရင်လည်း ရောက်လာပြီး ကျနော်တို့ အားထားရတဲ့ ကစားသမား ဖြစ်တယ်။ ကံမကောင်းတော့ သူ ဒဏ်ရာ ရသွားတယ်။ နက် ဆိုလည်း သီတင်းပတ် နည်းနည်းကြာပြီ။ ချန်ပီယံလိဂ်မှာ ရွိုင်းက ပို ကစားခဲ့ရတယ် ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲဝင် လူစာရင်းမှာပါ နက် က မပါခဲ့လို့။
အခု သူတို့ နှစ်ယောက် အတူ တွဲကစားပြီး တော်တော် ကောင်းကောင်း လုပ်ပြထားတယ်။ (မန်ယူနိုက်တက်ကို ၄-၂ နဲ့ နိုင်တဲ့ ပွဲ အပါအဝင်) သူတို့ ကစားပြထားတာ ကျနော်တော့ အရမ်း သဘောကျပဲ။
အသင်းအတွက် ကစားသမား ရွေးချယ်မှုက စွမ်းဆောင်ရည်ပေါ်ပဲ မူတည်ပါတယ်။ ထရိန်နင်မှာ ပွဲတွေမှာ သူတို့ ဘယ်လို ကစားလဲ ပေါ့။ ကျနော့်ဘက်ကတော့ အမြဲ တံခါးဖွင့်ထားတယ်။ ကျနော်က ညတွင်းချင်းတော့ ဆုံးဖြတ်ချက်တွေ ထင်သလို ချနေတာ မဟုတ်ပါဘူး။ ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။
Zawgyi – လီဗာပူးအသင္းဟာ ဒီရာသီ ဗဟိုခံစစ္သမားေတြ မရွိလို႔ ခက္ခဲခဲ့ရေပမယ့္ လာမယ့္ ေဘာလံုးရာသီမွာေတာ့ ကစားသမားေတြ အကုန္ ၾကံ႕ခိုင္မႈ ျပန္ျပည့္ေနမယ္ ဆိုရင္ လိုတာထက္ေတာင္ ပိုလွ်ံေနမယ့္ အေနအထား ရွိေနပါတယ္။
နည္းျပ ယာဂင္ကေလာ့ပ္ကလည္း သူ႔ ခံစစ္သမားေတြ အမ်ားအျပား ရွိလာမယ့္ အေပၚ ေမွ်ာ္လင့္ေနျပီး ဗဟိုခံစစ္ နွစ္ေနရာ အတြက္ လက္ရွိ လူစာရင္းကတင္ ကစားသမား ၈ ေယာက္ထိ ရွိေနမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ လီဗာပူး လက္ရွိ ပစ္မွတ္ထားေနတဲ့ လိုက္ပ္ဇစ္ ခံစစ္ၾကယ္ပြင့္ ကုိနိတ္သာ ေရာက္လာရင္ ပိုမို အင္အားေတာင့္လာမယ့္ အေနအထားပါ။
လီဗာပူးအသင္းဟာ အငွား ေခၚထားတဲ့ တူရကီ လက္ေရြးစင္ ကစားသမား အိုဇန္ ကာဘတ္ကိုပါ အျပီး ေခၚထား ျဖစ္မယ္ ဆိုရင္ ၄င္းအျပင္ ဗန္ဒိုက္၊ ဂိုမက္ဇ္၊ မာတစ္၊ ဘန္ေဒးဗီးစ္၊ နက္ ဖိလစ္၊ ရြိဳင္းဖိလစ္၊ ဗန္ဒါဘတ္ တို႔ ရွိေနတာေၾကာင့္ ဗဟိုခံစစ္သမား ၈ ဦးထိ ရွိေနမွာ ျဖစ္ပါတယ္။
ဖိလစ္ နွစ္ေယာက္နဲ႕ ကာဘတ္၊ ၀ီလီယံတို႔ဟာ တကယ္လို႔ ကစားသမား အကုန္လံုး ေကာင္းေနရင္ စီနီယာေတြကို ေက်ာ္ျပီး ပြဲကစားနိုင္ပါ့မလား ဆိုတဲ့ အေမးကို ကေလာ့ပ္က အခုလို ေျဖၾကားပါတယ္။
” က်ေနာ့္ ေကာင္ေလးေတြက မယံုနိုင္စရာကို ေကာင္းေကာင္း လုပ္ျပထားတယ္။ အိုဇန္ (ကာဘတ္) ဆိုရင္လည္း ေရာက္လာျပီး က်ေနာ္တို႔ အားထားရတဲ့ ကစားသမား ျဖစ္တယ္။ ကံမေကာင္းေတာ့ သူ ဒဏ္ရာ ရသြားတယ္။ နက္ ဆိုလည္း သီတင္းပတ္ နည္းနည္းၾကာျပီ။ ခ်န္ပီယံလိဂ္မွာ ရြိဳင္းက ပို ကစားခဲ့ရတယ္ ဘာျဖစ္လို႔လဲ ဆိုေတာ့ ျပိဳင္ပြဲ၀င္ လူစာရင္းမွာပါ နက္ က မပါခဲ့လို႔။
အခု သူတို႔ နွစ္ေယာက္ အတူ တြဲကစားျပီး ေတာ္ေတာ္ ေကာငး္ေကာင္း လုပ္ျပထားတယ္။ (မန္ယူနိုက္တက္ကို ၄-၂ နဲ႕ နိုင္တဲ့ ပြဲ အပါအ၀င္) သူတို႔ ကစားျပထားတာ က်ေနာ္ေတာ့ အရမ္း သေဘာက်ပဲ။
အသင္းအတြက္ ကစားသမား ေရြးခ်ယ္မႈက စြမ္းေဆာင္ရည္ေပၚပဲ မူတည္ပါတယ္။ ထရိန္နင္မွာ ပြဲေတြမွာ သူတို႔ ဘယ္လို ကစားလဲ ေပါ့။ က်ေနာ့္ဘက္ကေတာ့ အျမဲ တံခါးဖြင့္ထားတယ္။ က်ေနာ္က ညတြင္းခ်င္းေတာ့ ဆံုးျဖတ္ခ်က္ေတြ ထင္သလို ခ်ေနတာ မဟုတ္ပါဘူး။ ” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။