အာဆင်နယ်အသင်းမှာ ၁၁ နှစ်ကြာကစားခဲ့တဲ့ ရမ်ဆေးဟာ ဒီနွေမှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်လို့ လန်ဒန်ကလပ်မှ ဂျူဗင်တပ်စ်သို့ အပြီးပြောင်းရွှေ့သွားတော့မှာပါ။

အာဆင်နယ်အသင်းမှ တာဝန်ရှိသူများနဲ့ ရမ်ဆေးဘက်က ကိုယ်စားလှယ်တို့ဟာ ညိနှိုင်းမှုတွေ အကြိမ်ကြိမ်နဲ့အတူ စာချုပ်သက်တမ်းတိုး ကိစ္စကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးမှုရဲ့ နောက်ဆုံးရလဒ်အရ အာဆင်နယ်ဘက်က ရမ်ဆေးကို စာချုပ်သက်တမ်းဆက်မတိုးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။

ရမ်ဆေးကို စာချုပ်သက်တမ်းမတိုးတဲ့ အကြောင်းရင်းကို ဆန်ဟီလီမှ ထုတ်ဖော်ဖွင့်ဟလာရာမှာ စာချုပ်ကိစ္စအဆင်မပြေရခြင်းက ရမ်ဆေးဘက်က မြင့်မားတဲ့ လစာကို တိုးတောင်းခဲ့ခြင်းကြောင့် အာဆင်နယ်အသင်းရဲ့ လစာပေးချေမှုကို ရိုက်ခတ်နိုင်ခြင်းကြောင့်လို့ သိရပါတယ်။

ရမ်ဆေးတောင်းတဲ့ လုပ်ခကို ပေးမယ်ဆိုရင် ကလပ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ လစာပေးချေမှုမှာ မညီမျှမှုတွေဖြစ်သွားမယ်လို့ ယုံကြည်ပြီး ရေရှည်မှာ အသင်းရဲ့ ဟန်ချက်ညီမှုက ပျက်ဆီးသွားနိုင်တယ်လို့ ယုံကြည်ခြင်းကြောင့် အာဆင်နယ်ဘက်က သက်တမ်းတိုးမှုကို ရပ်နားခဲ့တာဖြစ်တယ်။

ရမ်ဆေးကို လက်လွတ်ရပေမယ့် အပြောင်းအရွှေ့တွင် လူသစ်ခေါ်ယူဖို့ရာ အစီအစဉ်များကို သေချာရေးဆွဲထားကြောင်းနဲ့ အစားထိုးဖို့ရာ ကစားသမားကောင်းတွေကို သေချာခေါ်ယူပေးမယ်လို့ အာဆင်နယ်အသင်း ကစားသမားခေါ်ယူမှုဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် ဆန်ဟီလီက ပြောခဲ့ပါတယ်။