ဒီရာသီဟာ ညာအစွန်လူ ထရန့်အတွက် လီဗာပူး စီနီယာကစားသမားဘဝ ၄ ရာသီမြောက် ဘောလုံးရာသီဖြစ်ပါတယ်။ တနည်းအားဖြင့် ပထမအသင်းသားအဖြစ် နေရာ ခိုင်ခိုင်မာမာရလာတဲ့ တတိယမြောက် ဘောလုံးရာသီဖြစ်တယ်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ယာဂင်ကလော့ပ် စတင် စင်တင်ပေးလာတဲ့ ညာအစွန်လူဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ဂိုးဖန်တီးပေးနိုင်စွမ်း မြင့်မားတဲ့ အစွန်လူအဖြစ် နာမည်ရသူဖြစ်တယ်။ ဒီနောက်ပိုင်း ဘောလုံးရာသီတွေမှာ လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေဟာ ထရန့်ရှိတဲ့ ညာခြမ်းကို အားပြုလာနေရပါတယ်။

ရာသီကြိုမှာ ကိုဗစ် ကူးစက်ခံခဲ့ရသလို ရာသီဝက်မှာလည်း ဒဏ်ရာပြဿနာ ရှိခဲ့ခြင်းက ထရန့်ရဲ့ ဘောလုံးရာသီကို တည်ငြိမ်မှုရှိဖို့ ရုန်းကန်ရစေပါတယ်။ ဒါကြောင့်လည်း ထရန့်ရဲ့ စီနီယာကစားသမားဘဝ အညံ့ဆုံး ဘောလုံးရာသီအဖြစ် ဝေဖန်မှုတွေ ရှိထားခဲ့တာပါ။ ဒီနောက်ပိုင်း ထရန့်ဟာ ပုံမှန်ခြေစွမ်းတွေ ပြန်ရလာခဲ့ကာ ဂိုးထောက်ပံ့မှုတွေ ပြန်လုပ်ပေးလာနိုင်ပြီဖြစ်တယ်။

နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ လီဗာပူးအသင်းက ၅ ပွဲနိုင် ၂ ပွဲ သရေရလဒ်ကို ပိုင်ဆိုင်ထားတယ်။ အဆိုပါ ၇ ပွဲအတွင်း ထရန့်က ဂိုးထောက်ပံ့မှု ၄ ကြိမ် ထိ လုပ်ထားနိုင်ခဲ့ပြီး အရှေ့က သူကစားတဲ့ အမှတ်ပေးပွဲ ၂၇ ပွဲမှာတော့ ဂိုးထောက်ပံ့မှု ၃ ကြိမ်ပဲ လုပ်ထားနိုင်တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထရန့်ရဲ့ ခြေစွမ်း ဘယ်လောက်ထိ ပြန်လည် တည်ငြိမ်လာတာကို မြင်ရမှာဖြစ်တယ်။

ကစားသမားဘဝ အဆိုးရွားဆုံး ဘောလုံးရာသီကြောင့် လာမယ့် ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ထရန့် ရွေးခံရပါ့မလားက မသေချာပါဘူး။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ထရန့် လုပ်ထားတဲ့ ဂိုးထောက်ပံ့မှု ၇ ကြိမ်ထက် ပိုများများ လုပ်နိုင်တဲ့ ခံစစ်သမား တစ်ဦးမှ မရှိတာဖြစ်တယ်။

ဘောလုံးရာသီတိုင်းမှာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ်အထက် လုပ်ထားနိုင်တဲ့ ထရန့်ဟာ လက်ကျန် ပွဲစဉ် ၂ ပွဲမှာ အနည်းဆုံး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်နိုင်မယ်ဆိုရင် ဒေးဗစ်ဘက်ခမ်းနောက်ပိုင်း ပရီးမီးယားလိဂ်မှာ တစ်ရာသီ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် အထက်ကို သုံးရာသီဆက် လုပ်နိုင်တဲ့ ပထမဆုံးသော အင်္ဂလန်ကစားသမား ဖြစ်လာပါမယ်။

လီဗာပူးအသင်းဟာ လက်ကျန် ၂ ပွဲကို အနိုင်ရမှပဲ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာပါ။ ထရန့်ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေ ဆက်မြင်ရဖို့က အသင်းရဲ့ ရာသီကုန် ရပ်တည်ခွင့်အတွက် အရေးပါနေဦးမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီဟာ ညာအစြန္လူ ထရန္႔အတြက္ လီဗာပူး စီနီယာကစားသမားဘဝ ၄ ရာသီေျမာက္ ေဘာလံုးရာသီျဖစ္ပါတယ္။ တနည္းအားျဖင့္ ပထမအသင္းသားအျဖစ္ ေနရာ ခိုင္ခိုင္မာမာရလာတဲ့ တတိယေျမာက္ ေဘာလံုးရာသီျဖစ္တယ္။

၂၀၁၇-၂၀၁၈ ေဘာလံုးရာသီမွာ ယာဂင္ကေလာ့ပ္ စတင္ စင္တင္ေပးလာတဲ့ ညာအစြန္လူဟာ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝမွာ ဂိုးဖန္တီးေပးႏုိင္စြမ္း ျမင့္မားတဲ့ အစြန္လူအျဖစ္ နာမည္ရသူျဖစ္တယ္။ ဒီေနာက္ပိုင္း ေဘာလံုးရာသီေတြမွာ လီဗာပူးအသင္းရဲ႕ သြင္းဂိုးေတြဟာ ထရန္႔ရွိတဲ့ ညာျခမ္းကို အားျပဳလာေနရပါတယ္။

ရာသီၾကိဳမွာ ကိုဗစ္ ကူးစက္ခံခဲ့ရသလို ရာသီဝက္မွာလည္း ဒဏ္ရာျပႆနာ ရွိခဲ့ျခင္းက ထရန္႔ရဲ႕ ေဘာလံုးရာသီကို တည္ျငိမ္မႈရွိဖို႔ ရုန္းကန္ရေစပါတယ္။ ဒါေၾကာင့္လည္း ထရန္႔ရဲ႕ စီနီယာကစားသမားဘဝ အညံ့ဆံုး ေဘာလံုးရာသီအျဖစ္ ေဝဖန္မႈေတြ ရွိထားခဲ့တာပါ။ ဒီေနာက္ပိုင္း ထရန္႔ဟာ ပံုမွန္ေျခစြမ္းေတြ ျပန္ရလာခဲ့ကာ ဂိုးေထာက္ပံ့မႈေတြ ျပန္လုပ္ေပးလာႏုိင္ျပီျဖစ္တယ္။

ေနာက္ဆံုး ကစားခဲ့တဲ့ ၇ ပြဲမွာ လီဗာပူးအသင္းက ၅ ပြဲႏိုင္ ၂ ပြဲ သေရရလဒ္ကို ပိုင္ဆုိင္ထားတယ္။ အဆိုပါ ၇ ပြဲအတြင္း ထရန္႔က ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ ထိ လုပ္ထားႏုိင္ခဲ့ျပီး အေရွ႔က သူကစားတဲ့ အမွတ္ေပးပြဲ ၂၇ ပြဲမွာေတာ့ ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ပဲ လုပ္ထားႏုိင္တာနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ထရန္႔ရဲ႕ ေျခစြမ္း ဘယ္ေလာက္ထိ ျပန္လည္ တည္ျငိမ္လာတာကို ျမင္ရမွာျဖစ္တယ္။

ကစားသမားဘဝ အဆိုးရြားဆံုး ေဘာလံုးရာသီေၾကာင့္ လာမယ့္ ယူရို ျပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ထရန္႔ ေရြးခံရပါ့မလားက မေသခ်ာပါဘူး။ ဒါေပမယ့္လည္း ပရီးမီးယားလိဂ္မွာေတာ့ ထရန္႔ လုပ္ထားတဲ့ ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ထက္ ပိုမ်ားမ်ား လုပ္ႏုိင္တဲ့ ခံစစ္သမား တစ္ဦးမွ မရွိတာျဖစ္တယ္။

ေဘာလံုးရာသီတိုင္းမွာ ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္အထက္ လုပ္ထားႏုိင္တဲ့ ထရန္႔ဟာ လက္က်န္ ပြဲစဥ္ ၂ ပြဲမွာ အနည္းဆံုး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ လုပ္ႏုိင္မယ္ဆိုရင္ ေဒးဗစ္ဘက္ခမ္းေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ တစ္ရာသီ ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ အထက္ကို သံုးရာသီဆက္ လုပ္ႏုိင္တဲ့ ပထမဆံုးေသာ အဂၤလန္ကစားသမား ျဖစ္လာပါမယ္။

လီဗာပူးအသင္းဟာ လက္က်န္ ၂ ပြဲကို အႏုိင္ရမွပဲ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိမွာပါ။ ထရန္႔ရဲ႕ တည္ျငိမ္တဲ့ ေျခစြမ္းေတြ ဆက္ျမင္ရဖို႔က အသင္းရဲ႕ ရာသီကုန္ ရပ္တည္ခြင့္အတြက္ အေရးပါေနဦးမွာပဲ ျဖစ္ပါတယ္။