ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်က အလိုရှိနေတဲ့ အသလက်တီကို ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးဟာ ပေါ့ဘာထက် ပိုကောင်းတဲ့ ထိပ်တန်းကစားသမား ဖြစ်ကြောင်း အေးဂျင့်ဖြစ်သူက ထုတ်ပြောလာပါတယ်။

သောမတ်စ် ပါတေးကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူ အပါအဝင် ပရီးမီးယားလိဂ် ပြိုင်ဖက် အာဆင်နယ်နဲ့ စီးရီးအေကလပ် အင်တာမီလန် တို့ကပါ စိတ်ဝင်စားနေတာပါ။ ကစားသမားရဲ့ အေးဂျင့်ကတော့ ပါတေးဟာ ပေါ့ဘာထက် ပိုကောင်းတယ်လို့ အခိုင်အမာ ယုံကြည်နေတယ်။

ကစားပေါက်တူတဲ့ သူတို့နှစ်ဦးမှာ ပါတေးကို ဒီနွေမှာခေါ်မယ်ဆိုရင် ယူရို သန်း ၅၀ လောက်နဲ့ ရဖို့ရှိပြီး ဒီပြောင်းရွှေ့ကြေးဟာ အင်္ဂလန်လိဂ်အတွက်တော့ အရမ်းကြီးတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ်းလှမ်းမှုတွေတော့ ရမလာသေးတာဖြစ်တယ်။

အေးဂျင့်က ” ပါတေးက ပေါ့ဘာလို ကစားသမားမျိုးပါ။ ဒါပေမဲ့ ပြင်သစ်လက်ရွေးစင်ထက်တော့ ပိုကောင်း ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ခံစစ်ပိုင်းကို ပိုပြီး ကျွမ်းကျင်သူဖြစ်လို့ပါပဲ။ သူဟာ အာဖရိက ကစားသမား ဖြစ်လို့ ပေါ့ဘာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အများကြီး မရပါဘူး။

သူ အီတလီ မြေကို ပြောင်းရွှေ့ဖို့ကလည်း ဖြစ်နိုင်တယ်။ အင်တာမီလန်ဆိုတာ တီကိုလိုပါပဲ။ အင်တာကလည်း ထိပ်တန်းအသင်းပါ။ ပါတေးရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၅၀ ဖြစ်တယ်။ ဘောလုံးမှာတော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ် ” လို့ ဆိုထားပါတယ်။