ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးအသင်းက လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံတဲ့ပွဲဟာ လီဗာပူးအသင်းရဲ့ ထိပ်ဆုံးလေးသင်း ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာပါမယ်။

လီဗာပူးအသင်းက လက်ကျန် ၂ ပွဲကို အနိုင်ကစားမယ်ဆိုရင် ရာသီကုန် ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့ အခွင့်အရေး များနေတယ်။ ဒါပေမယ့်လို့ ၂ ပွဲနိုင်တိုင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် သေချာပေါက်ရမယ် မပြောနိုင်မယ့် အနေအထားလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘန်လေနဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ရမယ့်ပွဲ မတိုင်ခင်မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တွေ့ထားပြီဖြစ်တဲ့ ချယ်ဆီးနဲ့ လက်စတာပွဲအပေါ်ပဲ အားလုံးက စိတ်ဝင်စားနေကြလိမ့်မယ်။ တစ်သင်း (သို့) နှစ်သင်းလုံး ရမှတ်တွေ အပြည့်မရ ဖြစ်သွားနိုင်တဲ့ အဆိုပါပွဲမှာ ဘယ်လိုရလဒ် ထွက်လာခဲ့မယ်ဆိုရင် လီဗာပူးအတွက် အကျိုးဖြစ်မှာလဲဆိုတာကို လေ့လာကြည့်ပါမယ်။

လီဗာပူးက ဘန်လေနဲ့ ပဲလေစ့်တို့ကို အနိုင်ရပြီး လက်စတာနဲ့ ချယ်ဆီးကလည်း လက်ကျန်ပွဲတွေကို အနိုင်ရမယ့်အပေါ် မူတည်တဲ့ အမှတ်ပေးဇယား ရပ်တည်မှုကို ကြိုတင် မှန်းဆခြင်းဖြစ်တယ်။

အကယ်လို့ လက်စတာ အနိုင်ရမယ်ဆိုရင်

ချယ်ဆီးကတော့ ထိပ်ဆုံး လေးသင်း ပြင်ပကို ရောက်သွားခြင်းကြောင့် ချန်ပီယံလိဂ်အနိုင်ရမှ လာမယ့်ရာသီမှာ အင်္ဂလန်ကလပ် ၅ သင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရပါမယ်။

ချယ်ဆီးက လက်စတာကို အနိုင်ရမယ်ဆိုရင်

လီဗာပူးက လက်စတာရဲ့ အထက်မှာ ရပ်တည်နိုင်ဖို့ များပေမယ့် ဂိုးကွာခြားချက်ကို ကြည့်ရဦးမှာဖြစ်တယ်။ လက်စတာက ရာသီသိမ်းပွဲဖြစ်တဲ့ စပါးပွဲကို ဂိုးကွာခြားချက် ကြီးကြီးမားမားဖြင့် အနိုင်ရဖို့က ခက်ခဲပါတယ်။

ချယ်ဆီးနဲ့ လက်စတာတို့ သရေကျခဲ့ရင်

ချယ်ဆီးကတော့ ထိပ်ဆုံး လေးသင်း ပြင်ပကို ရောက်သွားခြင်းကြောင့် ချန်ပီယံလိဂ်အနိုင်ရမှ လာမယ့်ရာသီမှာ အင်္ဂလန်ကလပ် ၅ သင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရပါမယ်။

ZAWGYI

ဒီကေန႔ည ယွဥ္ျပိဳင္ကစားမယ့္ ခ်ယ္ဆီးအသင္းက လက္စတာကို အိမ္ကြင္းမွာ ဧည့္ခံတဲ့ပြဲဟာ လီဗာပူးအသင္းရဲ႕ ထိပ္ဆံုးေလးသင္း ဝင္ခြင့္အတြက္ အေရးပါတဲ့ ပြဲစဥ္တစ္ခု ျဖစ္လာပါမယ္။

လီဗာပူးအသင္းက လက္က်န္ ၂ ပြဲကို အႏုိင္ကစားမယ္ဆိုရင္ ရာသီကုန္ ထိပ္ဆံုးေလးသင္းထဲ ဝင္ဖို႔ အခြင့္အေရး မ်ားေနတယ္။ ဒါေပမယ့္လို႔ ၂ ပြဲႏုိင္တိုင္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေသခ်ာေပါက္ရမယ္ မေျပာႏုိင္မယ့္ အေနအထားလည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဘန္ေလနဲ႔ လီဗာပူးတို႔ ယွဥ္ျပိဳင္ရမယ့္ပြဲ မတိုင္ခင္မွာ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ေတြ႔ထားျပီျဖစ္တဲ့ ခ်ယ္ဆီးနဲ႔ လက္စတာပြဲအေပၚပဲ အားလံုးက စိတ္ဝင္စားေနၾကလိမ့္မယ္။ တစ္သင္း (သို႔) ႏွစ္သင္းလံုး ရမွတ္ေတြ အျပည့္မရ ျဖစ္သြားႏုိင္တဲ့ အဆိုပါပြဲမွာ ဘယ္လိုရလဒ္ ထြက္လာခဲ့မယ္ဆိုရင္ လီဗာပူးအတြက္ အက်ိဳးျဖစ္မွာလဲဆိုတာကို ေလ့လာၾကည့္ပါမယ္။

လီဗာပူးက ဘန္ေလနဲ႔ ပဲေလစ့္တို႔ကို အႏုိင္ရျပီး လက္စတာနဲ႔ ခ်ယ္ဆီးကလည္း လက္က်န္ပြဲေတြကို အႏုိင္ရမယ့္အေပၚ မူတည္တဲ့ အမွတ္ေပးဇယား ရပ္တည္မႈကို ၾကိဳတင္ မွန္းဆျခင္းျဖစ္တယ္။

အကယ္လို႔ လက္စတာ အႏုိင္ရမယ္ဆိုရင္

ခ်ယ္ဆီးကေတာ့ ထိပ္ဆံုး ေလးသင္း ျပင္ပကို ေရာက္သြားျခင္းေၾကာင့္ ခ်န္ပီယံလိဂ္အႏုိင္ရမွ လာမယ့္ရာသီမွာ အဂၤလန္ကလပ္ ၅ သင္းက ခ်န္ပီယံလိဂ္ ဝင္ခြင့္ရပါမယ္။

ခ်ယ္ဆီးက လက္စတာကို အႏုိင္ရမယ္ဆိုရင္

လီဗာပူးက လက္စတာရဲ႕ အထက္မွာ ရပ္တည္ႏုိင္ဖို႔ မ်ားေပမယ့္ ဂိုးကြာျခားခ်က္ကို ၾကည့္ရဦးမွာျဖစ္တယ္။ လက္စတာက ရာသီသိမ္းပြဲျဖစ္တဲ့ စပါးပြဲကို ဂိုးကြာျခားခ်က္ ၾကီးၾကီးမားမားျဖင့္ အႏုိင္ရဖို႔က ခက္ခဲပါတယ္။

ခ်ယ္ဆီးနဲ႔ လက္စတာတို႔ သေရက်ခဲ့ရင္

ခ်ယ္ဆီးကေတာ့ ထိပ္ဆံုး ေလးသင္း ျပင္ပကို ေရာက္သြားျခင္းေၾကာင့္ ခ်န္ပီယံလိဂ္အႏုိင္ရမွ လာမယ့္ရာသီမွာ အဂၤလန္ကလပ္ ၅ သင္းက ခ်န္ပီယံလိဂ္ ဝင္ခြင့္ရပါမယ္။