လီဗာပူးအသင်းဟာ ရာသီကုန်မှာ တူရကီ လူငယ်ခံစစ်မှူး ခါဘတ်ကို အပြီးသတ် ခေါ်ယူနိုင်ခွင့်အား အသက်သွင်းမှာ မဟုတ်ဘဲ မိခင်ကလပ် ရှော်ကေးအသင်းထံ ပြန်ပို့သွားမယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးကို လီဗာပူးဘက်က ပေါင် ၁၈ သန်းဖြင့် ခေါ်ယူခွင့် ရှိထားတာပါ။ ဒါပေမယ့်လို မေလ အစောပိုင်းမှာတင် စာချုပ်အတွက် စကားပြောရမယ်လို့ ရှော်ကေးဘက်က တောင်းဆိုထားတာဖြစ်တယ်။ လီဗာပူးအသင်းက ခါဘတ်ကို မခေါ်ဘူးဆိုရင် လိုက်ဇစ်မှ ကိုနိတ်ကို ခေါ်ယူဖွယ်ရှိကာ ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း ဝန်းကျင် သုံးစွဲသွားရဖွယ်ရှိတယ်။
လိုက်ဇစ်ကလည်း ကိုနိတ်နေရာ အစားထိုးဖို့ ခါဘတ်ကို ပစ်မှတ်ထား ချိန်ရွယ်လာခဲ့တယ်။ ဒီအပတ်တွေမှာ လိုက်ဇစ်ဘက်က စကားပြောမှုကို စတင်နေပြီလို့ သိရကာ မကြာခင်မှာတော့ ခါဘတ်နဲ့ လိုက်ဇစ်ကြား အတည်ပြုသတင်းတွေ သိလာရဖို့ ရှိနေပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှူးတစ်ဦးကို သေချာပေါက် ခေါ်ယူမှာဖြစ်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်အရ ဘယ်လို ကစားသမား ခေါ်ယူမယ်ဆိုတာ မေးခွန်းတစ်ခု ဖြစ်နေတာပါ။ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ကာလရှည် ဒဏ်ရာတွေ ရထားတာကြောင့် ခံစစ်ပိုင်း အားဖြည့်မှုကိုတော့ ကျိန်းသေပေါက် ပြုလုပ်မှာဖြစ်တယ်။
ကလပ်ရဲ့ အစီအစဉ်တွေထဲမှာ ခံစစ်မှူးနေရာက ဦးစားပေးဖြစ်ပြီး တိုက်စစ်သမားတစ်ဦး ခေါ်ယူရေးလည်း ပါဝင်ပါတယ်။ ရာသီကုန် အဆင့် ၄ အတွင်း ဝင်ခဲ့မယ်ဆိုရင်တော့ ကွင်းလယ်လူသစ် တစ်ဦးကိုပါ ခေါ်ယူပြီး ဝိုက်နယ်ဒမ်နေရာ အားဖြည့်မှု ပြုလုပ်သွားဖို့လည်း ရှိနေတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ရာသီကုန္မွာ တူရကီ လူငယ္ခံစစ္မွဴး ခါဘတ္ကို အျပီးသတ္ ေခၚယူႏိုင္ခြင့္အား အသက္သြင္းမွာ မဟုတ္ဘဲ မိခင္ကလပ္ ေရွာ္ေကးအသင္းထံ ျပန္ပို႔သြားမယ္လို႔ သိရပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္မွဴးကို လီဗာပူးဘက္က ေပါင္ ၁၈ သန္းျဖင့္ ေခၚယူခြင့္ ရွိထားတာပါ။ ဒါေပမယ့္လို ေမလ အေစာပိုင္းမွာတင္ စာခ်ဳပ္အတြက္ စကားေျပာရမယ္လို႔ ေရွာ္ေကးဘက္က ေတာင္းဆိုထားတာျဖစ္တယ္။ လီဗာပူးအသင္းက ခါဘတ္ကို မေခၚဘူးဆိုရင္ လိုက္ဇစ္မွ ကိုနိတ္ကို ေခၚယူဖြယ္ရွိကာ ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၄ သန္း ဝန္းက်င္ သံုးစြဲသြားရဖြယ္ရွိတယ္။
လိုက္ဇစ္ကလည္း ကိုနိတ္ေနရာ အစားထိုးဖို႔ ခါဘတ္ကို ပစ္မွတ္ထား ခ်ိန္ရြယ္လာခဲ့တယ္။ ဒီအပတ္ေတြမွာ လိုက္ဇစ္ဘက္က စကားေျပာမႈကို စတင္ေနျပီလုိ႔ သိရကာ မၾကာခင္မွာေတာ့ ခါဘတ္နဲ႔ လိုက္ဇစ္ၾကား အတည္ျပဳသတင္းေတြ သိလာရဖို႔ ရွိေနပါတယ္။
လီဗာပူးအသင္းဟာ ဒီေႏြအေျပာင္းအေရႊ႔မွာ ဗဟိုခံစစ္မွဴးတစ္ဦးကို ေသခ်ာေပါက္ ေခၚယူမွာျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္အရ ဘယ္လို ကစားသမား ေခၚယူမယ္ဆိုတာ ေမးခြန္းတစ္ခု ျဖစ္ေနတာပါ။ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ကာလရွည္ ဒဏ္ရာေတြ ရထားတာေၾကာင့္ ခံစစ္ပိုင္း အားျဖည့္မႈကိုေတာ့ က်ိန္းေသေပါက္ ျပဳလုပ္မွာျဖစ္တယ္။
ကလပ္ရဲ႕ အစီအစဥ္ေတြထဲမွာ ခံစစ္မွဴးေနရာက ဦးစားေပးျဖစ္ျပီး တိုက္စစ္သမားတစ္ဦး ေခၚယူေရးလည္း ပါဝင္ပါတယ္။ ရာသီကုန္ အဆင့္ ၄ အတြင္း ဝင္ခဲ့မယ္ဆိုရင္ေတာ့ ကြင္းလယ္လူသစ္ တစ္ဦးကိုပါ ေခၚယူျပီး ဝိုက္နယ္ဒမ္ေနရာ အားျဖည့္မႈ ျပဳလုပ္သြားဖို႔လည္း ရွိေနတာျဖစ္ပါတယ္။