လီဗာပူးတိုက်စစ်မှူး အဝန်နီယီဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အင်္ဂလန်မှာ ကစားခွင့်အတွက် အလုပ်ပါမစ် ရသွားခဲ့ပြီလို့ Goal က ဖော်ပြပါတယ်။

အဝန်နီယီဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝအတွင်း ၇ ကြိမ်မြောက် အငှားထွက်မှုအဖြစ် ဒီရာသီမှာ ဘွန်ဒက်လီဂါကလပ် ယူနီယံ ဘာလင်ထံ အငှားထွက်ခဲ့တယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားဟာ ၂၀၁၅ တည်းက လီဗာပူးအသင်းကို ရောက်လာခဲ့သူဖြစ်ပြီး ကုန်ခဲ့တဲ့ ၆ နှစ်လုံးမှာ ဥရောပကလပ်တွေထံ အငှားထွက်ခြင်းဖြင့်ပဲ အချိန်ကုန်နေခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ လူငယ် ကမ္ဘာဖလား အနိုင်ရ နိုင်ဂျီးရီးယား ယူ-၁၇ အသင်းရဲ့ အသင်းသားဖြစ်ခဲ့တယ်။ နောက်ဆက်တွဲအဖြစ် ၂၀၁၅ မှာ လီဗာပူးအသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လီဗာပူးလူငယ်အသင်းကို စတီဗင်ဂျရတ် ကိုင်တွယ်ခဲ့စဉ်က အဝန်နီယီကို အတော်လေး နေရာပေးခဲ့ပြီး တိုက်စစ်သမားရဲ့ အလုပ်ပါမစ် ပြဿနာကြောင့်ပဲ စီနီယာအဆင့်ထံ မရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

မနှစ်တုန်းက သူ့ကို ခေါ်ယူဖို့ ဘယ်ဂျီယံကလပ် အန်းဒါးလက်က ပေါင် ၅ သန်းဖြင့် ကြိုးစားပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့တယ်။ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ တိုက်စစ်သမားကို ရောင်းထုတ်ရမယ်ဆိုရင်တောင် လီဗာပူးဘက်က ပေါင် ၈ သန်းထိ အလိုရှိပါတယ်။

ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်ကလည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ကို ရောက်နိုင်ဖို့ တိုက်စစ်ပိုင်း အင်အားဖြည့်ရာမှာ အဝန်နီယီကို ခေါ်ယူဖို့ စကော်တလန်ပြိုင်ဘက် ဆဲလ်တစ်နဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ပြီဖြစ်တဲ့ ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်တို့ကလည်း အဝန်နီယီကို အတော်လေး စိတ်ဝင်စားနေတာပါ။

ဒီရာသီမှာ ယူနီယံဘာလင်အတွက် ၅ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပေမယ့်လည်း ဖေဖော်ဝါရီမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေခဲ့ရတယ်။ နိုင်ဂျီးရီးယား စီနီယာလက်ရွေးစင် အသင်းသားဖြစ်လာမယ့်သူအဖြစ် မှတ်ချက်ကောင်းတွေလည်း ရထားပြီး လီဗာပူးကတော့ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်သွားဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴး အဝန္နီယီဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ အဂၤလန္မွာ ကစားခြင့္အတြက္ အလုပ္ပါမစ္ ရသြားခဲ့ျပီလို႔ Goal က ေဖာ္ျပပါတယ္။

အဝန္နီယီဟာ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝအတြင္း ၇ ၾကိမ္ေျမာက္ အငွားထြက္မႈအျဖစ္ ဒီရာသီမွာ ဘြန္ဒက္လီဂါကလပ္ ယူနီယံ ဘာလင္ထံ အငွားထြက္ခဲ့တယ္။ အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ၂၀၁၅ တည္းက လီဗာပူးအသင္းကို ေရာက္လာခဲ့သူျဖစ္ျပီး ကုန္ခဲ့တဲ့ ၆ ႏွစ္လံုးမွာ ဥေရာပကလပ္ေတြထံ အငွားထြက္ျခင္းျဖင့္ပဲ အခ်ိန္ကုန္ေနခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္မွာ လူငယ္ ကမၻာဖလား အႏုိင္ရ ႏိုင္ဂ်ီးရီးယား ယူ-၁၇ အသင္းရဲ႕ အသင္းသားျဖစ္ခဲ့တယ္။ ေနာက္ဆက္တြဲအျဖစ္ ၂၀၁၅ မွာ လီဗာပူးအသင္းက သူ႔ကို ေခၚယူႏုိင္ခဲ့ျခင္းျဖစ္ပါတယ္။ လီဗာပူးလူငယ္အသင္းကို စတီဗင္ဂ်ရတ္ ကိုင္တြယ္ခဲ့စဥ္က အဝန္နီယီကို အေတာ္ေလး ေနရာေပးခဲ့ျပီး တိုက္စစ္သမားရဲ႕ အလုပ္ပါမစ္ ျပႆနာေၾကာင့္ပဲ စီနီယာအဆင့္ထံ မေရာက္လာခဲ့ျခင္းျဖစ္ပါတယ္။

မႏွစ္တုန္းက သူ႔ကို ေခၚယူဖို႔ ဘယ္ဂ်ီယံကလပ္ အန္းဒါးလက္က ေပါင္ ၅ သန္းျဖင့္ ၾကိဳးစားေပမယ့္ လီဗာပူးဘက္က ပယ္ခ်ခဲ့တယ္။ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ တိုက္စစ္သမားကို ေရာင္းထုတ္ရမယ္ဆိုရင္ေတာင္ လီဗာပူးဘက္က ေပါင္ ၈ သန္းထိ အလိုရွိပါတယ္။

ရိန္းဂ်ားမန္ေနဂ်ာ စတီဗင္ဂ်ရတ္ကလည္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ အုပ္စုအဆင့္ကို ေရာက္ႏုိင္ဖို႔ တိုက္စစ္ပိုင္း အင္အားျဖည့္ရာမွာ အဝန္နီယီကို ေခၚယူဖို႔ စေကာ္တလန္ျပိဳင္ဘက္ ဆဲလ္တစ္နဲ႔အျပိဳင္ စိတ္ဝင္စားေနပါတယ္။ ဒါ့အျပင္ ဒီရာသီ ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ျပီျဖစ္တဲ့ ဝက္စ္ဘရြန္း၊ ဖူလ္ဟမ္တို႔ကလည္း အဝန္နီယီကို အေတာ္ေလး စိတ္ဝင္စားေနတာပါ။

ဒီရာသီမွာ ယူနီယံဘာလင္အတြက္ ၅ ဂိုး သြင္းယူျပီး ေျခစြမ္းျပခဲ့ေပမယ့္လည္း ေဖေဖာ္ဝါရီမွာ ရခဲ့တဲ့ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတယ္။ ႏိုင္ဂ်ီးရီးယား စီနီယာလက္ေရြးစင္ အသင္းသားျဖစ္လာမယ့္သူအျဖစ္ မွတ္ခ်က္ေကာင္းေတြလည္း ရထားျပီး လီဗာပူးကေတာ့ သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကးရရင္ ေရာင္းထုတ္သြားဖြယ္ ရွိပါတယ္။