လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံး အသင်းအဖြစ် Fair Play award ဆုကို ၅ ရာသီဆက် အောင်မြင်သွားတော့မယ်လို့ သိရပါတယ်။
ပွဲစဉ် ၃၈ ပွဲအတွင်း ပြစ်ဒဏ် ပေးခံရမှု အနည်းဆုံး အသင်းတွေကို အဆိုပါဆု ရွေးချယ်ပေးအပ်ရာမှာ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အနီကဒ် တစ်ကဒ်မှ ပြသခံရခြင်း မရှိဘဲ အဝါကဒ်လည်း အနည်းဆုံးအဖြစ် တစ်ရာသီလုံး (၃၈) ကဒ်သာ ပြသခံထားရတာဖြစ်တယ်။
လီဗာပူးနဲ့ အနီးကပ်ဆုံး အသင်းဖြစ်တဲ့ ဒုတိယ အသန့်ရှင်းဆုံးကလပ် ဘန်လေအသင်းတောင်မှ လက်ကျန် ၁ ပွဲအလိုထိ အဝါကဒ် ၄၇ ကဒ်နဲ့ အနီကဒ် ၁ ကဒ် ပြသခံထားရတာဖြစ်တယ်။ ပရီးမီးယားလိဂ်ရဲ့ အညစ်ပတ်ဆုံး အသင်းကတော့ ရှက်ဖီးအသင်းဖြစ်တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းက ပရီးမီးယားလိဂ်သမိုင်းမှာ တစ်နှစ်တာ အသန့်ရှင်းဆုံးအသင်းဆုကို ၉ ကြိမ်တိုင် အနိုင်ရမယ့် အသင်းလည်း ဖြစ်လာဖို့ရှိတယ်။ ပရီးမီးယားလိဂ်မှာ သုံးရာသီနဲ့ သုံးရာသီထက် ကျော်ပြီး Fair Play award ဆုကို အနိုင်ရဖူးတာက လီဗာပူးတစ်သင်းတည်း ရှိတာဖြစ်ပါတယ်။
ယာဂင်ကလော့ပ် ရာသီပြည့် စတင်ကိုင်တွယ်တဲ့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီကနေ ဒီရာသီဖြစ်တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်ထိ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံးအသင်း နေရာကို ၅ ရာသီတိုင် လွှမ်းမိုးထားခဲ့တာပါ။
ယခင်တုန်းကတော့ ပရီးမီးယားလိဂ် အသန့်ရှင်းဆုံး အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲထံ ပါဝင် ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အဆိုပါ စည်းမျဉ်းကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ အသန္႔ရွင္းဆံုး အသင္းအျဖစ္ Fair Play award ဆုကို ၅ ရာသီဆက္ ေအာင္ျမင္သြားေတာ့မယ္လို႔ သိရပါတယ္။
ပြဲစဥ္ ၃၈ ပြဲအတြင္း ျပစ္ဒဏ္ ေပးခံရမႈ အနည္းဆံုး အသင္းေတြကို အဆိုပါဆု ေရြးခ်ယ္ေပးအပ္ရာမွာ ၂၀၂၀-၂၀၂၁ ခုႏွစ္အတြင္း အနီကဒ္ တစ္ကဒ္မွ ျပသခံရျခင္း မရွိဘဲ အဝါကဒ္လည္း အနည္းဆံုးအျဖစ္ တစ္ရာသီလံုး (၃၈) ကဒ္သာ ျပသခံထားရတာျဖစ္တယ္။
လီဗာပူးနဲ႔ အနီးကပ္ဆံုး အသင္းျဖစ္တဲ့ ဒုတိယ အသန္႔ရွင္းဆံုးကလပ္ ဘန္ေလအသင္းေတာင္မွ လက္က်န္ ၁ ပြဲအလိုထိ အဝါကဒ္ ၄၇ ကဒ္နဲ႔ အနီကဒ္ ၁ ကဒ္ ျပသခံထားရတာျဖစ္တယ္။ ပရီးမီးယားလိဂ္ရဲ႕ အညစ္ပတ္ဆံုး အသင္းကေတာ့ ရွက္ဖီးအသင္းျဖစ္တယ္လို႔ သိရပါတယ္။
လီဗာပူးအသင္းက ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ႏွစ္တာ အသန္႔ရွင္းဆံုးအသင္းဆုကို ၉ ၾကိမ္တိုင္ အႏုိင္ရမယ့္ အသင္းလည္း ျဖစ္လာဖို႔ရွိတယ္။ ပရီးမီးယားလိဂ္မွာ သံုးရာသီနဲ႔ သံုးရာသီထက္ ေက်ာ္ျပီး Fair Play award ဆုကို အႏုိင္ရဖူးတာက လီဗာပူးတစ္သင္းတည္း ရွိတာျဖစ္ပါတယ္။
ယာဂင္ကေလာ့ပ္ ရာသီျပည့္ စတင္ကိုင္တြယ္တဲ့ ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီကေန ဒီရာသီျဖစ္တဲ့ ၂၀၂၀-၂၀၂၁ ခုႏွစ္ထိ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ အသန္႔ရွင္းဆံုးအသင္း ေနရာကို ၅ ရာသီတိုင္ လႊမ္းမိုးထားခဲ့တာပါ။
ယခင္တုန္းကေတာ့ ပရီးမီးယားလိဂ္ အသန္႔ရွင္းဆံုး အသင္းဟာ ယူရိုပါလိဂ္ ျပိဳင္ပြဲထံ ပါဝင္ ယွဥ္ျပိဳင္ခြင့္ ရခဲ့တာပါ။ ဒါေပမယ့္ ၂၀၁၅ ခုႏွစ္မွာေတာ့ အဆိုပါ စည္းမ်ဥ္းကို ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။