လီဗာပူးအသင်းက စပါးကနေ ထွက်ခွာမယ်လို့ သတင်းကြီးလာတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲက တစ်သင်းဖြစ်ပြီး ခေါ်ယူနိုင်မှာတော့ မဟုတ်ဘူးလို့ ကာရေဂါက ဆိုပါတယ်။
တယ်လီဂရပ်ကနေ ကာရေဂါက ခေါင်းကြီးသတင်း ရေးသားရာမှာ ” ဒီနွေမှာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ကလပ်တွေ အားလုံးက ကြိုးစားဖွယ် ရှိပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့မှာ ပါဝင်မယ် ဖော်ပြမခံရတဲ့ ကလပ်အသင်းကတော့ လီဗာပူးဖြစ်ပါတယ်။
ပိုပြီး ဆွဲဆောင်နိုင်တဲ့ အခြေအနေကတော့ ကိန်းဟာ လီဗာပူးအသင်းမှာ အလွယ်တကူ ဝင်ရောက် ကစားနိုင်မယ့်သူဖြစ်ပြီး တိုက်စစ်သုံးယောက်တန်းမှာ အတွင်းကို ပြန်ဆင်းရတဲ့ အထောင်တိုက်စစ်နေရာအတွက် ဆရာကျကျ ကစားပေးနိုင်မယ့်သူဖြစ်တယ်။ သူဟာ အစဉ်အလာ နံပါတ် ၉ နေရာကနေလည်း ဂိုးသွင်းယူနိုင်စွမ်း ရှိပါတယ်။
ကိန်းက ဒီရာသီ လီဗာပူးအသင်း တိုက်စစ်မှာ လိုအပ်နေတဲ့ ကစားသမားမျိုးပါ။ ပိုချက်တီနို လက်အောက်မှာ ကစားခဲ့တဲ့ သူဟာ မန်နေဂျာ ယာဂင်ကလော့ပ် လက်အောက်မှာလည်း သက်သောင့်သက်သာဖြင့် အသားကျ ကစားနိုင်မယ့် သူမျိုးဖြစ်ပါတယ်။
လီဗာပူးအတွက် ဖာမင်နိုရဲ့ လုပ်နိုင်စွမ်းတွေကို ကျနာ် နှစ်သက်ပါတယ်။ ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ အချိန်မှန်ပဲ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေ ပြန်ပြသလာနိုင်တယ်။ ဒါပေမယ့် ဘရာဇီးသားထက် ကိန်းပိုလုပ်နိုင်တယ်ဆိုတာက ငြင်းချက်ထုတ်စရာတော့ မဟုတ်ပါဘူး။ ဒီဘရိုင်းနည်းတူ ကိန်းကလည်း ကျနော် အကြိုက်ဆုံး ပရီးမီးယားလိဂ် ကစားသမားဖြစ်ပါတယ်။
သို့ပေမယ့်လည်း ရည်မှန်းချက်ကြီးတွေ ရှိနေတဲ့ ကိန်းကို လီဗာပူးအသင်းက ခေါ်ယူသွားနိုင်ဖွယ် မရှိပါဘူး။ များစွာသော အကြောင်းရင်းတွေထဲက တစ်ခုကတော့ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက သိပ်ကို ဈေးကြီးတာကြောင့်ပါ။
ပရိသတ်တွေကလည်း ဒါကို နားလည်ဖို့တော့ ကောင်းကောင်းကြီး ဘောလုံးပါးဝနေပါပြီ။ သန်း ၁၀၀ ကျော် သုံးပြီး ခေါ်ယူရမယ်ဆိုရင် ဘယ်အသင်းမဆိုက အသက် ၂၈ နှစ်အရွယ် ကိန်ကို ခေါ်ဖို့ထက် အသက် ၂၀ ဝန်းကျင်ပဲရှိသေးတဲ့ ပီအက်စ်ဂျီက အမ်ဘတ်ပီ (သို့) ဒေါ့မွန်က ဟာလန်း၊ ဆန်ချိုတို့ထဲက တစ်ဦးကိုပဲ ခေါ်ယူသွားမှာဖြစ်ပါတယ်။ ” လို့ ရေးသားသွားခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းက စပါးကေန ထြက္ခြာမယ္လို႔ သတင္းၾကီးလာတဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကို ေခၚယူလိုတဲ့ ကလပ္ေတြထဲက တစ္သင္းျဖစ္ျပီး ေခၚယူႏုိင္မွာေတာ့ မဟုတ္ဘူးလို႔ ကာေရဂါက ဆိုပါတယ္။
တယ္လီဂရပ္ကေန ကာေရဂါက ေခါင္းၾကီးသတင္း ေရးသားရာမွာ ” ဒီေႏြမွာ ဟယ္ရီကိန္းကို ေခၚယူႏုိင္ဖို႔ ကလပ္ေတြ အားလံုးက ၾကိဳးစားဖြယ္ ရွိပါတယ္။ ဒါေပမယ့္ အေျပာင္းအေရႊ႔မွာ ပါဝင္မယ္ ေဖာ္ျပမခံရတဲ့ ကလပ္အသင္းကေတာ့ လီဗာပူးျဖစ္ပါတယ္။
ပိုျပီး ဆြဲေဆာင္ႏုိင္တဲ့ အေျခအေနကေတာ့ ကိန္းဟာ လီဗာပူးအသင္းမွာ အလြယ္တကူ ဝင္ေရာက္ ကစားႏုိင္မယ့္သူျဖစ္ျပီး တိုက္စစ္သံုးေယာက္တန္းမွာ အတြင္းကို ျပန္ဆင္းရတဲ့ အေထာင္တိုက္စစ္ေနရာအတြက္ ဆရာက်က် ကစားေပးႏုိင္မယ့္သူျဖစ္တယ္။ သူဟာ အစဥ္အလာ နံပါတ္ ၉ ေနရာကေနလည္း ဂိုးသြင္းယူႏုိင္စြမ္း ရွိပါတယ္။
ကိန္းက ဒီရာသီ လီဗာပူးအသင္း တိုက္စစ္မွာ လိုအပ္ေနတဲ့ ကစားသမားမ်ိဳးပါ။ ပိုခ်က္တီႏို လက္ေအာက္မွာ ကစားခဲ့တဲ့ သူဟာ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ လက္ေအာက္မွာလည္း သက္ေသာင့္သက္သာျဖင့္ အသားက် ကစားႏုိင္မယ့္ သူမ်ိဳးျဖစ္ပါတယ္။
လီဗာပူးအတြက္ ဖာမင္ႏိုရဲ႕ လုပ္ႏုိင္စြမ္းေတြကို က်နာ္ ႏွစ္သက္ပါတယ္။ ကုန္ခဲ့တဲ့ သီတင္းပတ္ေတြမွာ အခ်ိန္မွန္ပဲ သူ႔ရဲ႕ ဂိုးသြင္းစြမ္းရည္ေတြ ျပန္ျပသလာႏုိင္တယ္။ ဒါေပမယ့္ ဘရာဇီးသားထက္ ကိန္းပိုလုပ္ႏုိင္တယ္ဆိုတာက ျငင္းခ်က္ထုတ္စရာေတာ့ မဟုတ္ပါဘူး။ ဒီဘရိုင္းနည္းတူ ကိန္းကလည္း က်ေနာ္ အၾကိဳက္ဆံုး ပရီးမီးယားလိဂ္ ကစားသမားျဖစ္ပါတယ္။
သို႔ေပမယ့္လည္း ရည္မွန္းခ်က္ၾကီးေတြ ရွိေနတဲ့ ကိန္းကို လီဗာပူးအသင္းက ေခၚယူသြားနုိင္ဖြယ္ မရွိပါဘူး။ မ်ားစြာေသာ အေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ သူ႔အတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးက သိပ္ကို ေစ်းၾကီးတာေၾကာင့္ပါ။
ပရိသတ္ေတြကလည္း ဒါကို နားလည္ဖို႔ေတာ့ ေကာင္းေကာင္းၾကီး ေဘာလံုးပါးဝေနပါျပီ။ သန္း ၁၀၀ ေက်ာ္ သံုးျပီး ေခၚယူရမယ္ဆိုရင္ ဘယ္အသင္းမဆိုက အသက္ ၂၈ ႏွစ္အရြယ္ ကိန္ကို ေခၚဖို႔ထက္ အသက္ ၂၀ ဝန္းက်င္ပဲရွိေသးတဲ့ ပီအက္စ္ဂ်ီက အမ္ဘတ္ပီ (သို႔) ေဒါ့မြန္က ဟာလန္း၊ ဆန္ခ်ိဳတို႔ထဲက တစ္ဦးကိုပဲ ေခၚယူသြားမွာျဖစ္ပါတယ္။ ” လို႔ ေရးသားသြားခဲ့တာျဖစ္ပါတယ္။