ဆွမ်းဆီး တောင်ပံ ကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ရဲ့ ဖခင်ဖြစ်သူဟာ အသက် ၆၀ အရွယ်မှာပဲ ရုတ်တရတ် ကွယ်လွန်းသွားခဲ့တယ်လို့ သိရတယ်။ ကစားသမားဟာ မန်ယူနဲ့ အပြောင်းအရွှေ့ဆိုင်ရာ ညိနှိုင်းမှုတွေ အပြီးသတ်ဖို့ နီးစပ်နေသူဖြစ်တယ်။

မန်ယူဘက်က ကစားသမားလေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပေမယ့် နှစ်ဘက် ကလပ်အသင်းတွေကြား စာချုပ်သဘောတူညီမှုအပြင် အပြီးသတ် လက်မှတ်ထိုးမှုတွေပါ မလုပ်ရသေးပါဘူး။ မန်ယူဟာ ဂျိမ်းစ်အတွက် မိသားစုကို အချိန်ပေးဖို့ရာ လုံလောက်တဲ့ အချိန်ပေးသွားမှာပါ။

ဂျိမ်းစ်ရဲ့ ဖခင်ဖြစ်သူဟာ အဖျားရောဂါကြောင့် ရုတ်တရတ်သေဆုံးသွားခြင်းဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စတွေ ချက်ခြင်း ရပ်ဆိုင်းခဲ့ကြသလို ဂျိမ်းစ်ကလည်း ဖခင်ဖြစ်သူရဲ့ နာရေးအတွက် မိသားစုကို အချိန်ပေးဖို့ နေအိမ်ကို ထွက်ခွာသွားပါတယ်။

ဂျိမ်းစ်ရဲ့ ဖခင်ဟာ ရုတ်တရတ်ဖြစ်တဲ့ အဖျားရောဂါကနေ သေဆုံးသွားတာလို့ သိရပြီး မန်ယူနဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ဖို့ဟာလည်း နောက်လလောက်မှ ဖြစ်နိုင်တော့မယ်လို့ သိရပါတယ်။

ဂျိမ်းစ်ဟာ ဆွမ်းဆီးအတွက် ဒီရာသီ ၃၈ ပွဲ ကစားခဲ့ကာ ကိုယ်တိုင် ၅ ဂိုး သွင်းယူခဲ့ပြီး ဂိုးထောက်ပံ့မှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။