လီဗာပူးအသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်လို ခံစစ်မှူးတွေနဲ့ မာတစ်ကိုပါ ကာလရှည် လက်လွတ်ရခြင်းက ချန်ပီယံဆုကို ကာကွယ်ဖို့ ခက်ခဲစေတယ်လို့ မန်နေဂျာကလော့ပ်က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဂျိုတာ၊ သီယာဂို၊ ဖာဘင်ညို၊ ဟန်ဒါဆန်တို့ကိုလည်း ဒဏ်ရာတွေကြောင့် လက်လွတ်ရပြီး ရာသီဝက်မှာ အသင်းသား ၁၃ ဦးလောက်ထိကို ဒဏ်ရာကြောင့် မသုံးနိုင်တဲ့ ကာလတွေလည်း ရှိခဲ့သေးတာပါ။

ကလော့ပ်က ” ကျနေ်ာတို့အသင်းလို ဒဏ်ရာ ပြဿနာမျိုးတွေနဲ့ဆို ချန်ပီယံဖြစ်လာဖို့ မရှိပါဘူး။ ဘယ်အသင်းမဆို ချန်ပီယံ မဖြစ်နိုင်ပါဘူး။ မန်စီးတီးက သိပ်ကောင်းပေမယ့် ကျနေ်ာတို့လို အဓိက ခံစစ်မှူး ၃ ဦး ဒဏ်ရာရရင် သူတိုပလည်း အမှတ်ပေးချန်ပီယံ မဖြစ်နိုင်ဘူး။ ယူနိုက်တက်လည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

ကျနေ်ာတို့ ပြန်ပြီး တိုက်ခိုက်ခဲ့ရတယ်။ ခက်ခဲမှုတွေကို လက်ခံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ရတယ်။ တနင်္ဂနွေနေ့ကို အနိုင်ရမယ်ဆိုရင် ကျနေ်ာတို့အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ပါလိမ့်မယ်။ အဲ့တာက ကျနေ်ာတို့ လုပ်နိုင်တဲ့ အကောင်းဆုံးကိစ္စပဲ ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

ခရစ္စမတ်မှာ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပေမယ့် ဒဏ်ရာ ပြဿနာ ထိုးနှက်မှုတွေက လီဗာပူးရဲ့ ဘောလုံးရာသီကို ခါယမ်းသွားခဲ့တာက သေချာပါတယ်။ ရာသီဝက်မှာ အလူးအလဲ ရုန်းကန်ရမှုတွေအပြီး နောက်ဆုံး ပွဲစသဉ် ၉ ပွဲမှာ ၇ ပွဲထိ အနိုင်ရအောင် လီဗာပူးက ပြန်ကြိုးစားနိုင်ခဲ့တယ်။ ဒါကြောင့်လည်း နောက်ဆုံးပွဲ အနိုင်ရရင် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဖြစ်လာခဲ့ပါတယ်။

မနှစ်ကရာသီမှာ စိတ်ဓါတ်ပိုင်း မွန်းစတားတွေလို့ တင်စားခံရတဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ကျဆင်းခဲ့ပေမယ့် အတူတကွ ပြန်လည် ကြိုးစားနိုင်စွမ်း ရှိခဲ့တယ်လို့ မန်နေဂျာကမြင်တယ်။

ကလော့ပ်ကပဲ ” ကောင်လေးတွေမှာ ကောင်းမွန်သန်မာတဲ့ အကျင့်စရိုက် မရှိဘူးဆိုရင် ဒီအဆင့်ထိတောင် ပြန်လာနိုင်မှာ မဟုတ်ပါဘူး။ ကောင်လေးတွေက အကြိမ်ပေါင်းများစွာ သက်သေပြထားပြီးပါပြီ။

ဒီခက်ခဲတဲ့ ကာလတွေမှာ ကျနေ်ာတို့က ပိုပြီး စုစည်းမိလာတယ်။ ကျနေ်ာတို့ကြားထဲ ဘာမှ ကြားဝင်လို့ မရဘူး။ ဟုတ်တယ် ကျနေ်ာတို့ကော ကစားသမားတွေပါ ပုံစံကောင်းမှာ ရှိမနေဘူး၊ ခံစားချက် ကောင်းမနေဘူး။ ဒါပေမယ့် လမ်းကြောင်းမှန်ကို အတူတကွ ပြန်ကြိုးစားနိုင်စွမ်း ရှိခဲ့တယ်။

ကျနေ်ာတို့ အချင်းချင်း အပြစ်တင်တာတွေ၊ ဘယ်သူ့အမှားပါ၊ မင်းကြောင့်ပါဆိုပြီး လက်ညိုးထိုး ပြစ်တင်တာတွေလည်း မလုပ်ခဲ့ကြပါဘူး ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းအေပၚ လႊမ္းမိုးႏုိင္စြမ္းရွိတဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္လို ခံစစ္မွဴးေတြနဲ႔ မာတစ္ကိုပါ ကာလရွည္ လက္လြတ္ရျခင္းက ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ခက္ခဲေစတယ္လို႔ မန္ေနဂ်ာကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးအသင္းဟာ ဂ်ိဳတာ၊ သီယာဂို၊ ဖာဘင္ညိဳ၊ ဟန္ဒါဆန္တုိ႔ကိုလည္း ဒဏ္ရာေတြေၾကာင့္ လက္လြတ္ရျပီး ရာသီဝက္မွာ အသင္းသား ၁၃ ဦးေလာက္ထိကို ဒဏ္ရာေၾကာင့္ မသံုးႏုိင္တဲ့ ကာလေတြလည္း ရွိခဲ့ေသးတာပါ။

ကေလာ့ပ္က ” က်ေန္ာတို႔အသင္းလို ဒဏ္ရာ ျပႆနာမ်ိဳးေတြနဲ႔ဆို ခ်န္ပီယံျဖစ္လာဖို႔ မရွိပါဘူး။ ဘယ္အသင္းမဆို ခ်န္ပီယံ မျဖစ္ႏုိင္ပါဘူး။ မန္စီးတီးက သိပ္ေကာင္းေပမယ့္ က်ေန္ာတို႔လို အဓိက ခံစစ္မွဴး ၃ ဦး ဒဏ္ရာရရင္ သူတိုပလည္း အမွတ္ေပးခ်န္ပီယံ မျဖစ္ႏုိင္ဘူး။ ယူႏုိက္တက္လည္း ျဖစ္ႏုိင္မွာ မဟုတ္ပါဘူး။

က်ေန္ာတို႔ ျပန္ျပီး တိုက္ခိုက္ခဲ့ရတယ္။ ခက္ခဲမႈေတြကို လက္ခံျပီး အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားခဲ့ရတယ္။ တနဂၤေႏြေန႔ကို အႏုိင္ရမယ္ဆိုရင္ က်ေန္ာတို႔အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ရႏုိင္ပါလိမ့္မယ္။ အဲ့တာက က်ေန္ာတို႔ လုပ္ႏုိင္တဲ့ အေကာင္းဆံုးကိစၥပဲ ျဖစ္ပါတယ္ ” လို႔ ေျပာပါတယ္။

ခရစၥမတ္မွာ အမွတ္ေပးဇယားကို ဦးေဆာင္ခဲ့ေပမယ့္ ဒဏ္ရာ ျပႆနာ ထိုးႏွက္မႈေတြက လီဗာပူးရဲ႕ ေဘာလံုးရာသီကို ခါယမ္းသြားခဲ့တာက ေသခ်ာပါတယ္။ ရာသီဝက္မွာ အလူးအလဲ ရုန္းကန္ရမႈေတြအျပီး ေနာက္ဆံုး ပြဲစသဥ္ ၉ ပြဲမွာ ၇ ပြဲထိ အႏုိင္ရေအာင္ လီဗာပူးက ျပန္ၾကိဳးစားႏုိင္ခဲ့တယ္။ ဒါေၾကာင့္လည္း ေနာက္ဆံုးပြဲ အႏုိင္ရရင္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

မႏွစ္ကရာသီမွာ စိတ္ဓါတ္ပိုင္း မြန္းစတားေတြလို႔ တင္စားခံရတဲ့ လီဗာပူးအသင္းဟာ ဒီရာသီမွာ ရလဒ္ေတြ က်ဆင္းခဲ့ေပမယ့္ အတူတကြ ျပန္လည္ ၾကိဳးစားႏုိင္စြမ္း ရွိခဲ့တယ္လို႔ မန္ေနဂ်ာကျမင္တယ္။

ကေလာ့ပ္ကပဲ ” ေကာင္ေလးေတြမွာ ေကာင္းမြန္သန္မာတဲ့ အက်င့္စရိုက္ မရွိဘူးဆိုရင္ ဒီအဆင့္ထိေတာင္ ျပန္လာႏုိင္မွာ မဟုတ္ပါဘူး။ ေကာင္ေလးေတြက အၾကိမ္ေပါင္းမ်ားစြာ သက္ေသျပထားျပီးပါျပီ။

ဒီခက္ခဲတဲ့ ကာလေတြမွာ က်ေန္ာတို႔က ပိုျပီး စုစည္းမိလာတယ္။ က်ေန္ာတို႔ၾကားထဲ ဘာမွ ၾကားဝင္လို႔ မရဘူး။ ဟုတ္တယ္ က်ေန္ာတို႔ေကာ ကစားသမားေတြပါ ပံုစံေကာင္းမွာ ရွိမေနဘူး၊ ခံစားခ်က္ ေကာင္းမေနဘူး။ ဒါေပမယ့္ လမ္းေၾကာင္းမွန္ကို အတူတကြ ျပန္ၾကိဳးစားႏုိင္စြမ္း ရွိခဲ့တယ္။

က်ေန္ာတို႔ အခ်င္းခ်င္း အျပစ္တင္တာေတြ၊ ဘယ္သူ႔အမွားပါ၊ မင္းေၾကာင့္ပါဆိုျပီး လက္ညိဳးထိုး ျပစ္တင္တာေတြလည္း မလုပ္ခဲ့ၾကပါဘူး ‘ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။