ဒီရာသီမှာ ပရီးမီးယားလိဂ်ကို စတင် ပြောင်းလာခဲ့တဲ့ သီယာဂိုက အင်္ဂလန်လိဂ်ရဲ့ ကစားဟန်မှာ သူ့ကို အဓိက အံ့သြစေတဲ့ နည်းစနစ်အပေါ် မှတ်ချက်ပေးမှု လုပ်လာပါတယ်။
အင်္ဂလန်လိဂ်ဟာ အခြားသော လိဂ်တွေထက် ရုပ်ပိုင်းဆိုင်ရာ ပိုအားပြုတယ်လို့ ယခင်တည်းက မှတ်ချက်တွေ ရှိထားပါတယ်။ သီယာဂိုက ပရီးမီးယားလိဂ်ကလပ်တွေဟာ အဝေးဘောကို ပိုင်နိုင်ကြကာ ဘောလုံးကို ခပ်မြန်မြန်ကစားကြတယ်လို့ ဆိုတယ်။
သီယာဂိုက ” အစပိုင်းတုန်းကတော့ အဝေးဘောတွေ၊ ပွဲရဲ့ လှုပ်ရှားမှုတွေကို ကျနော် အံ့အားသင့်ခဲ့ရပါတယ်။ အင်္ဂလန်ကလပ် အများအပြားက အဝေးဘောတွေကနေ သူတို့အတွက် အခွင့်အရေးကြီးတွေ ခပ်မြန်မြန်ရဖို့ လုပ်နိုင်စွမ်း ရှိကြတယ်။ ပြောရရင်ဗျာ ရှေ့ကို ဘောလုံး မြန်မြန်ရောက်အောင် တွန်းအားပေးပေမယ့် ဘောလုံးတွေက ခပ်မြန်မြန်ပဲ ကိုယ့်ဘက်လည်း ပြန်လာခဲ့ပါတယ် ” လို့ ဖွင့်ဟခဲ့တယ်။
သီယာဂိုက အင်္ဂလန်လိဂ်မှာ ဘောလုံးနဲ့ပတ်သက်လို့ လျှင်မြန်စွာ ကစားတာမျိုးထက် ခပ်မြန်မြန် လှုပ်ရှားကြမှုကို အဓိက ညွှန်းဆိုတာဖြစ်တယ်။ ပွဲပြန်စမှု သိပ်လျှင်မြန်လွန်းတာက ပရီးမီးယားလိဂ်ရဲ့ အဓိက ခြားနားမှုလို့ သူက ခွဲခြမ်းစိတ်ဖြာပါတယ်။
စပိန်ကွင်းလယ်လူက ” လက်မြောက်ဘော၊ ဒေါင့်ကန်ဘော၊ ဂိုးတည်ကန်ဘောတွေ အားလုံးက ခပ်မြန်မြန်တွေချည်းပါပဲ။ ဒီကို ကိုယ်က အသားကျဖို့လိုပါတယ်။ ကွင်းထဲမှာ အသက်ရှုချိန်တော့ ရပါပြီလို့ ကိုယ်က ယူဆလိုက်ချိန်မှာပဲ ဘောလုံးက ကစားနှင့်နေကြပါပြီ။ ” လို့ ဆိုသွားခဲ့ပါတယ်။
ရာသီစမှာ ရုန်းကန်ရမှုတွေ ရှိခဲ့တဲ့ သီယာဂိုဟာ ရာသီသိမ်းပွဲတွေမှာတော့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသလာနိုင်ခဲ့ပြီဖြစ်တယ်။ နောက်ဆုံးပွဲတွေမှာ လီဗာပူးအသင်း ရလဒ်တွေ ဆက်တိုက် ကောင်းနေတာနဲ့အတူ သီယာဂိုရဲ့ ထူးချွန်တဲ့ ကစားနိုင်စွမ်းတွေကိုလည်း မြင်လာရပြီပဲ ဖြစ်ပါတယ်။
ZAWGYI
ဒီရာသီမွာ ပရီးမီးယားလိဂ္ကို စတင္ ေျပာင္းလာခဲ့တဲ့ သီယာဂိုက အဂၤလန္လိဂ္ရဲ႕ ကစားဟန္မွာ သူ႔ကို အဓိက အံ့ၾသေစတဲ့ နည္းစနစ္အေပၚ မွတ္ခ်က္ေပးမႈ လုပ္လာပါတယ္။
အဂၤလန္လိဂ္ဟာ အျခားေသာ လိဂ္ေတြထက္ ရုပ္ပိုင္းဆိုင္ရာ ပိုအားျပဳတယ္လို႔ ယခင္တည္းက မွတ္ခ်က္ေတြ ရွိထားပါတယ္။ သီယာဂိုက ပရီးမီးယားလိဂ္ကလပ္ေတြဟာ အေဝးေဘာကို ပိုင္ႏုိင္ၾကကာ ေဘာလံုးကို ခပ္ျမန္ျမန္ကစားၾကတယ္လို႔ ဆိုတယ္။
သီယာဂိုက ” အစပိုင္းတုန္းကေတာ့ အေဝးေဘာေတြ၊ ပြဲရဲ႕ လႈပ္ရွားမႈေတြကို က်ေနာ္ အံ့အားသင့္ခဲ့ရပါတယ္။ အဂၤလန္ကလပ္ အမ်ားအျပားက အေဝးေဘာေတြကေန သူတို႔အတြက္ အခြင့္အေရးၾကီးေတြ ခပ္ျမန္ျမန္ရဖို႔ လုပ္ႏုိင္စြမ္း ရွိၾကတယ္။ ေျပာရရင္ဗ်ာ ေရွ႔ကို ေဘာလံုး ျမန္ျမန္ေရာက္ေအာင္ တြန္းအားေပးေပမယ့္ ေဘာလံုးေတြက ခပ္ျမန္ျမန္ပဲ ကိုယ့္ဘက္လည္း ျပန္လာခဲ့ပါတယ္ ” လို႔ ဖြင့္ဟခဲ့တယ္။
သီယာဂိုက အဂၤလန္လိဂ္မွာ ေဘာလံုးနဲ႔ပတ္သက္လို႔ လွ်င္ျမန္စြာ ကစားတာမ်ိဳးထက္ ခပ္ျမန္ျမန္ လႈပ္ရွားၾကမႈကို အဓိက ညႊန္းဆိုတာျဖစ္တယ္။ ပြဲျပန္စမႈ သိပ္လွ်င္ျမန္လြန္းတာက ပရီးမီးယားလိဂ္ရဲ႕ အဓိက ျခားနားမႈလို႔ သူက ခြဲျခမ္းစိတ္ျဖာပါတယ္။
စပိန္ကြင္းလယ္လူက ” လက္ေျမာက္ေဘာ၊ ေဒါင့္ကန္ေဘာ၊ ဂိုးတည္ကန္ေဘာေတြ အားလံုးက ခပ္ျမန္ျမန္ေတြခ်ည္းပါပဲ။ ဒီကို ကိုယ္က အသားက်ဖို႔လိုပါတယ္။ ကြင္းထဲမွာ အသက္ရႈခ်ိန္ေတာ့ ရပါျပီလို႔ ကိုယ္က ယူဆလိုက္ခ်ိန္မွာပဲ ေဘာလံုးက ကစားႏွင့္ေနၾကပါျပီ။ ” လို႔ ဆိုသြားခဲ့ပါတယ္။
ရာသီစမွာ ရုန္းကန္ရမႈေတြ ရွိခဲ့တဲ့ သီယာဂိုဟာ ရာသီသိမ္းပြဲေတြမွာေတာ့ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသလာႏုိင္ခဲ့ျပီျဖစ္တယ္။ ေနာက္ဆံုးပြဲေတြမွာ လီဗာပူးအသင္း ရလဒ္ေတြ ဆက္တိုက္ ေကာင္းေနတာနဲ႔အတူ သီယာဂိုရဲ႕ ထူးခၽြန္တဲ့ ကစားႏုိင္စြမ္းေတြကိုလည္း ျမင္လာရျပီပဲ ျဖစ္ပါတယ္။