၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ကို ဒီကနေ့ည အန်ဖီးမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒီပွဲဟာ လီဗာပူးရဲ့ အဆင့်ရပ်တည်ချက်ကို အဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်လာပါမယ်။

ပရိသတ် ၁၀၀၀၀ တက်ရောက်အားပေမယ့် အဆိုပါပွဲဟာ ရာသီသိမ်း နောက်ဆုံးပွဲဖြစ်တာကြောင့် စီနီယာအသင်းသား အစုံအလင် တက်ရောက်ခွင့်ရမယ့်ပွဲလည်း ဖြစ်လာပါမယ်။ မန်နေဂျာကလော့ပ်အနေနဲ့ လူစုံ ထုတ်သုံးမယ်လို့ မျှော်လင့်ရပြီး ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာဖွယ် မရှိပါဘူး။

ပဲလေစ့်က တန်ပြန်တိုက်စစ်တွေမှာ ကောင်းမွန်တဲ့အသင်းဖြစ်ပေမယ့် လီဗာပူးခံစစ်ကလည်း ထူးထူးခြားခြား ပြောင်းလဲစရာ မရှိဘူး။ အယ်လီဆန်၊ ထရန့်၊ နက်၊ ဝီလီယမ်နဲ့ ရော်ဘတ်ဆန်တို့ကိုပဲ ခံစစ်အထိုင်အဖြစ် ထုတ်သုံးလာမှာဖြစ်တယ်။

အပြောင်းအလဲ အဖြစ်နိုင်ဆုံး နေရာက ကွင်းလယ်ဖြစ်ပြီး သီယာဂိုနဲ့ ဖာဘင်ညိုတို့ဟာ မည့်သည့် ကွင်းလယ်နှင့်မဆို တွဲဘက်ကစားနိုင်စွမ်း ရှိပါတယ်။ ပုံမှန်အားဖြင့် ဝိုက်နယ်ဒမ်ကို ထည့်သွင်းပေမယ့်လည်း ကာတစ်ဂျူံး၊ မီလ်နာ တို့ကိုလည်း ထည့်ကစားလို့ ရနေတာဖြစ်တယ်။ ဒီပွဲဟာ ဝိုက်နယ်ဒမ်ရဲ့ လီဗာပူးကစားသမားဘဝ နောက်ဆုံးပွဲဖြစ်လို့ သူ့ကို ထည့်သွင်းပြီး ဂုဏ်ပြုဖွယ် ရှိပါတယ်။

တိုက်စစ်မှာ ဂျိုတာ ပါဝင်နိုင်ပေမယ့်လည်း မာနေး၊ ဆာလာ၊ ဖာမင်နိုတို့က ကြံ့ခိုင်မှု အကောင်းဆုံးတွေမှာ ဆက်ရှိနေတာပါ။ ဒဏ်ရာက ပြန်သက်သာလာတဲ့ ဂျိုတာကို ထည့်သုံးဖို့ထက်စာရင် ပြီးခဲ့တဲ့ ဘန်လေပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ချိန်ဘာလိန်ကို တိုက်စစ် တစ်နေရာအတွက် ထည့်သုံးဖို့က ပိုမို ဖြစ်နိုင်ချေများပါတယ်။

ဒီပွဲကိုတော့ ဟန်ဒါဆန်၊ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့လည်း တက်ရောက်သွားကြမှာဖြစ်ပြီး အသင်းဖော်တွေ နိုင်ပွဲရယူဖို့ ကြိုးစားမှုကို ပွဲကြည့်စင်ကနေ ပရိသတ်တွေနဲ့အတူ အားပေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၈ ကို ဒီကေန႔ည အန္ဖီးမွာ ယွဥ္ျပိဳင္ၾကမွာျဖစ္ျပီး ဒီပြဲဟာ လီဗာပူးရဲ႕ အဆင့္ရပ္တည္ခ်က္ကို အဆံုးအျဖတ္ေပးမယ့္ပြဲ ျဖစ္လာပါမယ္။

ပရိသတ္ ၁၀၀၀၀ တက္ေရာက္အားေပမယ့္ အဆိုပါပြဲဟာ ရာသီသိမ္း ေနာက္ဆံုးပြဲျဖစ္တာေၾကာင့္ စီနီယာအသင္းသား အစံုအလင္ တက္ေရာက္ခြင့္ရမယ့္ပြဲလည္း ျဖစ္လာပါမယ္။ မန္ေနဂ်ာကေလာ့ပ္အေနနဲ႔ လူစံု ထုတ္သံုးမယ္လို႔ ေမွ်ာ္လင့္ရျပီး ေျပာင္းလဲမႈေတြ အမ်ားၾကီး ျဖစ္လာဖြယ္ မရွိပါဘူး။

ပဲေလစ့္က တန္ျပန္တိုက္စစ္ေတြမွာ ေကာင္းမြန္တဲ့အသင္းျဖစ္ေပမယ့္ လီဗာပူးခံစစ္ကလည္း ထူးထူးျခားျခား ေျပာင္းလဲစရာ မရွိဘူး။ အယ္လီဆန္၊ ထရန္႔၊ နက္၊ ဝီလီယမ္နဲ႔ ေရာ္ဘတ္ဆန္တို႔ကိုပဲ ခံစစ္အထိုင္အျဖစ္ ထုတ္သံုးလာမွာျဖစ္တယ္။

အေျပာင္းအလဲ အျဖစ္ႏုိင္ဆံုး ေနရာက ကြင္းလယ္ျဖစ္ျပီး သီယာဂိုနဲ႔ ဖာဘင္ညိဳတို႔ဟာ မည့္သည့္ ကြင္းလယ္ႏွင့္မဆို တြဲဘက္ကစားႏုိင္စြမ္း ရွိပါတယ္။ ပံုမွန္အားျဖင့္ ဝိုက္နယ္ဒမ္ကို ထည့္သြင္းေပမယ့္လည္း ကာတစ္ဂ်ံဴး၊ မီလ္နာ တို႔ကိုလည္း ထည့္ကစားလို႔ ရေနတာျဖစ္တယ္။ ဒီပြဲဟာ ဝိုက္နယ္ဒမ္ရဲ႕ လီဗာပူးကစားသမားဘဝ ေနာက္ဆံုးပြဲျဖစ္လို႔ သူ႔ကို ထည့္သြင္းျပီး ဂုဏ္ျပဳဖြယ္ ရွိပါတယ္။

တိုက္စစ္မွာ ဂ်ိဳတာ ပါဝင္ႏုိင္ေပမယ့္လည္း မာေနး၊ ဆာလာ၊ ဖာမင္ႏိုတို႔က ၾကံ႕ခိုင္မႈ အေကာင္းဆံုးေတြမွာ ဆက္ရွိေနတာပါ။ ဒဏ္ရာက ျပန္သက္သာလာတဲ့ ဂ်ိဳတာကို ထည့္သံုးဖို႔ထက္စာရင္ ျပီးခဲ့တဲ့ ဘန္ေလပြဲမွာ ဂိုးသြင္းႏုိင္ခဲ့တဲ့ ခ်ိန္ဘာလိန္ကို တိုက္စစ္ တစ္ေနရာအတြက္ ထည့္သံုးဖို႔က ပိုမို ျဖစ္ႏုိင္ေခ်မ်ားပါတယ္။

ဒီပြဲကိုေတာ့ ဟန္ဒါဆန္၊ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔လည္း တက္ေရာက္သြားၾကမွာျဖစ္ျပီး အသင္းေဖာ္ေတြ ႏုိင္ပြဲရယူဖို႔ ၾကိဳးစားမႈကို ပြဲၾကည့္စင္ကေန ပရိသတ္ေတြနဲ႔အတူ အားေပးသြားဖို႔ ရွိေနတာျဖစ္ပါတယ္။