ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ရယူမှုတွေက တိုးတက်လာခဲ့တယ်။ ဒါကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားခွင့်က ကိုယ်လက်ထဲ ရှိနေတဲ့ အနေအထားထိ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ဆာလာ၊ ဖာဘင်ညိုတို့က ကလပ်ရဲ့ အတည်ငြိမ်ဆုံး ကစားသမားတွေ ဖြစ်ခဲ့ပေမယ့် ထိပ်ဆုံးအဆင့်တွေကို ပြန်ရောက်လာဖို့ ရာသီသိမ်းပိုင်းမှာ ခြေစွမ်း တိုးတက်လာတဲ့ အသင်းသား (၅) ဦးကို ဖော်ပြမှာဖြစ်ပါတယ်။

Thiago

ကမ္ဘာအဆင့် ကွင်းလယ်လူရဲ့ ပထမရာသီဝက်ဟာ ပျော်စရာ မကောင်းခဲ့ပါဘူး။ ဝေဖန်မှုတွေ အများကြီးရခဲ့သလို မှားယွင်းတဲ့ ခေါ်ယူမှုအထိပါ မှတ်ချက်ပေးခြင်း ခံခဲ့ရတယ်။ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေက နယ်မြေသစ်မှာ သူအသားကျဖို့ အဓိက ခက်ခဲစေခဲ့ပါတယ်။

ဒါပေမယ့်လို့ ကွင်းလယ် အတွင်းလူနေရာကို ဖာဘင်ညို ပြန်ယူပြီးနောက်မှာ စပိန်သားဟာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသလာနိုင်တယ်။ တိုက်စစ်အတွက် တွန်းအားပေးဖို့နဲ့တကွ ခံစစ်ပိုင်း တာဝန်တွေကို မျှဝေယူလာခဲ့ပြီး နံပါတ် ၈ ကွင်းလယ်လူတစ်ဦးရဲ့ အမြင်၊ တည်ငြိမ်မှု၊ အတွေ့အကြုံတွေနဲ့အတူ လီဗာပူးကစားကွက်က ပိုမို သွက်လက်လာကာ နောက်ဆုံး ၆ ပွဲအတွင်း ၄ ပွဲနိုင်၊ ၂ ပွဲသရေရလဒ် ထွက်ပေါ်လာစေခဲ့ပါတယ်။

သီယာဂို ခြေစွမ်းတိုးတက်လာခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ မသုံးခဲ့တာက အခုချိန်ထိ အံ့သြသင့်ဖွယ်ကိစ္စ ဖြစ်နေဆဲပါပဲ။

Trent Alexander-Arnold

ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခံရဖို့ မထိုက်တန်ဘူးဆိုတဲ့ အမြင်တွေပါ ရခဲ့ကြတဲ့ထိ ထရန့်ရဲ့ ခြေစွမ်းက ထိုးကျခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အမှတ်ပေးပွဲ ၈ ပွဲမှာ ကိုယ်တိုင် ၄ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ထားနိုင်တဲ့ ထရန့်ဟာ အဲ့မတိုင်ခင် အမှတ်ပေးပွဲ ၂၇ ပွဲမျာ ဂိုးထောက်ပံ့မှု ၃ ကြိမ်၊ သွင်းဂိုး ၁ ကြိမ်လုပ်နိုင်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက်တောင် ခြေစွမ်းတည်ငြိမ်လာသလဲ မြင်သာလိမ့်မယ်။

ထရန့်ရဲ့ ဂိုးထောက်ပံ့မှုတင် မဟုတ်ဘဲ ခံစစ်ပိုင်း တာဝန်ယူမှုမှာလည်း တည်ငြိမ်လာတာက လီဗာပူးရဲ့ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် အများကြီး အကျိုးဖြစ်လာစေခဲ့ပါတယ်။

Roberto Firmino

ဒီရာသီဟာ အခြားသော စီနီယာတွေနည်းတူ ဘော်ဘီအတွက်လည်း ရာသီကောင်းတစ်ခု မဟုတ်ခဲ့ပါဘူး။ နံပါတ် ၉ တိုက်စစ်သမားဟာ လီဗာပူးကစားကွက်ကို ပုံမှန်အတိုင်း ဦးဆောင်နိုင်ခြင်း မရှိဘဲ ယုံကြည်ချက်နဲ့ စိတ်ဓါတ်ပိုင်း ကျဆင်းမှုတွေ ရှိထားခဲ့သူဖြစ်တယ်။

ဒါပေမယ့်လို့ ကလပ်အတွက် အရေးကြီးချိန်မှာ သူက ပုံစံကောင်းတွေ ပြန်ရလာခဲ့ပြီး ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘန်လေပွဲမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးတွေက လီဗာပူး အလိုအပ်ဆုံး အချိန်တွေမှာဖြစ်ပါတယ်။

Nat Phillips

နက်ဖီးလစ်ဟာ ဘောလုံးအမြင်ကောင်းရှိပြီး ကစားကွက်ဖြန့်ဝေမှုတွေမှာ လိုက်ပါနိုင်စွမ်းရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြင့်ဘော အားကောင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုတွေရှိတဲ့ နက်ဖီးလစ်ဟာ သူစောင့်ရှောက်ရတဲ့ ဂိုးပေါက်ကို ဘယ်လိုနေနေ ကာကွယ်မယ်ဆိုတဲ့ စိတ်ဓါတ်မာကျောသူဖြစ်တယ်။

အခြေအနေအရ ဦးစားပေး ခံစစ်မှူးနေရာ ဝင်ယူလာချိန်မှာ ဒီစိတ်ဓါတ်ကောင်းတွေကပဲ သူ့ရဲ့ တွဲဘက်တွေကို ယုံကြည်မှုတွေ ရစေကာ ဘောလုံးရာသီ တစ်ခုလုံး ဖရိုဖရဲဖြစ်နေတဲ့ ခံစစ်ကြောင်းကို တည်ငြိမ်လာစေခဲ့သူဖြစ်ပါတယ်။

Alisson

ဒီရာသီ အယ်လီဆန် ဘယ်လောက်ထိ ရုန်းကန်နေရသလဲဆိုတာ ပြောပြဖို့တောင် ခက်ခဲပါတယ်။ အချစ်ဆုံးသော ဖခင်ဖြစ်သူကို နာကျင်ဖွယ် အနေအထားအဖြစ် လက်လွတ်ခဲ့ရလို ဇာတိမြေကိုလည်း မပြန်နိုင်ဖြစ်နေတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။

ဝက်စ်ဘရွန်းနဲ့ပွဲမှ သူ့ရဲ့ ခေါင်းတိုက်သွင်းဂိုးဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းကို အရေးပါခဲ့တယ်။ အယ်လီဆန်ဟာ တစ်ဦးချင်း ကာကွယ်မှုကောင်းတွေဖြင့်လည်း လီဗာပူးကို အကြိမ်ကြိမ် ကယ်တင်ခဲ့သူဖြစ်ပါတယ်။

ZAWGYI

ကုန္ခဲ့တဲ့ သီတင္းပတ္ေတြမွာ လီဗာပူးအသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ရလဒ္ရယူမႈေတြက တိုးတက္လာခဲ့တယ္။ ဒါေၾကာင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ၾကိဳးစားခြင့္က ကိုယ္လက္ထဲ ရွိေနတဲ့ အေနအထားထိ ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ဆာလာ၊ ဖာဘင္ညိဳတို႔က ကလပ္ရဲ႕ အတည္ျငိမ္ဆံုး ကစားသမားေတြ ျဖစ္ခဲ့ေပမယ့္ ထိပ္ဆံုးအဆင့္ေတြကို ျပန္ေရာက္လာဖို႔ ရာသီသိမ္းပိုင္းမွာ ေျခစြမ္း တိုးတက္လာတ့ဲ အသင္းသား (၅) ဦးကို ေဖာ္ျပမွာျဖစ္ပါတယ္။

Thiago

ကမၻာအဆင့္ ကြင္းလယ္လူရဲ႕ ပထမရာသီဝက္ဟာ ေပ်ာ္စရာ မေကာင္းခဲ့ပါဘူး။ ေဝဖန္မႈေတြ အမ်ားၾကီးရခဲ့သလို မွားယြင္းတဲ့ ေခၚယူမႈအထိပါ မွတ္ခ်က္ေပးျခင္း ခံခဲ့ရတယ္။ ကိုဗစ္နဲ႔ ဒဏ္ရာျပႆနာေတြက နယ္ေျမသစ္မွာ သူအသားက်ဖို႔ အဓိက ခက္ခဲေစခဲ့ပါတယ္။

ဒါေပမယ့္လို႔ ကြင္းလယ္ အတြင္းလူေနရာကို ဖာဘင္ညိဳ ျပန္ယူျပီးေနာက္မွာ စပိန္သားဟာ သူ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြကို ျပသလာႏုိင္တယ္။ တိုက္စစ္အတြက္ တြန္းအားေပးဖို႔နဲ႔တကြ ခံစစ္ပိုင္း တာဝန္ေတြကို မွ်ေဝယူလာခဲ့ျပီး နံပါတ္ ၈ ကြင္းလယ္လူတစ္ဦးရဲ႕ အျမင္၊ တည္ျငိမ္မႈ၊ အေတြ႔အၾကံဳေတြနဲ႔အတူ လီဗာပူးကစားကြက္က ပိုမို သြက္လက္လာကာ ေနာက္ဆံုး ၆ ပြဲအတြင္း ၄ ပြဲႏုိင္၊ ၂ ပြဲသေရရလဒ္ ထြက္ေပၚလာေစခဲ့ပါတယ္။

သီယာဂို ေျခစြမ္းတိုးတက္လာခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြမွာ သူ႔ကို ပြဲထြက္လူစာရင္းကေန မသံုးခဲ့တာက အခုခ်ိန္ထိ အံ့ၾသသင့္ဖြယ္ကိစၥ ျဖစ္ေနဆဲပါပဲ။

Trent Alexander-Arnold

ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္ အဂၤလန္လူစာရင္းမွာ ေရြးခ်ယ္ခံရဖို႔ မထိုက္တန္ဘူးဆိုတဲ့ အျမင္ေတြပါ ရခဲ့ၾကတဲ့ထိ ထရန္႔ရဲ႕ ေျခစြမ္းက ထိုးက်ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး အမွတ္ေပးပြဲ ၈ ပြဲမွာ ကိုယ္တိုင္ ၄ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ လုပ္ထားႏုိင္တဲ့ ထရန္႔ဟာ အဲ့မတိုင္ခင္ အမွတ္ေပးပြဲ ၂၇ ပြဲမ်ာ ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္၊ သြင္းဂိုး ၁ ၾကိမ္လုပ္ႏုိင္ခဲ့တာနဲ႔ ႏိႈင္းယွဥ္ရင္ ဘယ္ေလာက္ေတာင္ ေျခစြမ္းတည္ျငိမ္လာသလဲ ျမင္သာလိမ့္မယ္။

ထရန္႔ရဲ႕ ဂိုးေထာက္ပံ့မႈတင္ မဟုတ္ဘဲ ခံစစ္ပိုင္း တာဝန္ယူမႈမွာလည္း တည္ျငိမ္လာတာက လီဗာပူးရဲ႕ ထိပ္ဆံုး ၄ သင္း ဝင္ခြင့္အတြက္ အမ်ားၾကီး အက်ိဳးျဖစ္လာေစခဲ့ပါတယ္။

Roberto Firmino

ဒီရာသီဟာ အျခားေသာ စီနီယာေတြနည္းတူ ေဘာ္ဘီအတြက္လည္း ရာသီေကာင္းတစ္ခု မဟုတ္ခဲ့ပါဘူး။ နံပါတ္ ၉ တိုက္စစ္သမားဟာ လီဗာပူးကစားကြက္ကို ပံုမွန္အတိုင္း ဦးေဆာင္ႏုိင္ျခင္း မရွိဘဲ ယံုၾကည္ခ်က္နဲ႔ စိတ္ဓါတ္ပိုင္း က်ဆင္းမႈေတြ ရွိထားခဲ့သူျဖစ္တယ္။

ဒါေပမယ့္လို႔ ကလပ္အတြက္ အေရးၾကီးခ်ိန္မွာ သူက ပံုစံေကာင္းေတြ ျပန္ရလာခဲ့ျပီး ယူႏုိက္တက္ကို ရင္ဆုိင္ကစားတဲ့ပြဲမွာ သူသြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးနဲ႔ ဘန္ေလပြဲမွာ သူသြင္းယူခဲ့တဲ့ သြင္းဂိုးေတြက လီဗာပူး အလိုအပ္ဆံုး အခ်ိန္ေတြမွာျဖစ္ပါတယ္။

Nat Phillips

နက္ဖီးလစ္ဟာ ေဘာလံုးအျမင္ေကာင္းရွိျပီး ကစားကြက္ျဖန္႔ေဝမႈေတြမွာ လိုက္ပါႏုိင္စြမ္းရွိသူေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အျမင့္ေဘာ အားေကာင္းမႈ၊ ရုပ္ပိုင္းဆိုင္ရာ ေကာင္းမြန္မႈေတြရွိတဲ့ နက္ဖီးလစ္ဟာ သူေစာင့္ေရွာက္ရတဲ့ ဂိုးေပါက္ကို ဘယ္လိုေနေန ကာကြယ္မယ္ဆိုတဲ့ စိတ္ဓါတ္မာေက်ာသူျဖစ္တယ္။

အေျခအေနအရ ဦးစားေပး ခံစစ္မွဴးေနရာ ဝင္ယူလာခ်ိန္မွာ ဒီစိတ္ဓါတ္ေကာင္းေတြကပဲ သူ႔ရဲ႕ တြဲဘက္ေတြကို ယံုၾကည္မႈေတြ ရေစကာ ေဘာလံုးရာသီ တစ္ခုလံုး ဖရိုဖရဲျဖစ္ေနတဲ့ ခံစစ္ေၾကာင္းကို တည္ျငိမ္လာေစခဲ့သူျဖစ္ပါတယ္။

Alisson

ဒီရာသီ အယ္လီဆန္ ဘယ္ေလာက္ထိ ရုန္းကန္ေနရသလဲဆိုတာ ေျပာျပဖို႔ေတာင္ ခက္ခဲပါတယ္။ အခ်စ္ဆံုးေသာ ဖခင္ျဖစ္သူကို နာက်င္ဖြယ္ အေနအထားအျဖစ္ လက္လြတ္ခဲ့ရလို ဇာတိေျမကိုလည္း မျပန္ႏုိင္ျဖစ္ေနတဲ့ အေျခအေနကို ရင္ဆိုင္ေနရတာပါ။

ဝက္စ္ဘရြန္းနဲ႔ပြဲမွ သူ႔ရဲ႕ ေခါင္းတိုက္သြင္းဂိုးဟာ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အရမ္းကို အေရးပါခဲ့တယ္။ အယ္လီဆန္ဟာ တစ္ဦးခ်င္း ကာကြယ္မႈေကာင္းေတြျဖင့္လည္း လီဗာပူးကို အၾကိမ္ၾကိမ္ ကယ္တင္ခဲ့သူျဖစ္ပါတယ္။