ဒီတစ်ကြိမ် အပြောင်းအရွှေ့ သတင်းကတော့ အရင်နှစ်တွေက မန်ယူဘက်က ကမ်းလှမ်းမှုလုပ်ထားခဲ့ပြီး မအောင်မြင်ဖြစ်ခဲ့တဲ့ ကွင်းလယ်လူ စထရုမန်းကို ခေါ်ယူလိုရင် မာဆေးလ်က ခေါ်ခွင့်ပေးမယ့် သတင်းပါပဲ။

မာဆေးလ်အသင်းဟာ ၎င်းတို့ရဲ့ကွင်းလယ်လူ ကီဗစ်စထရုမန်းကို အငှားခေါ်ယူနိုင်ကြောင်း တံခါးဖွင့်လာပါတယ်။ မန်ယူက ခေါ်ယူဖူးပေမယ့် ရိုးမားကစားသမားဟောင်း စထရုမန်းဟာ ၂၀၁၈ နွေအပြောင်းအရွှေ့တုန်းက မာဆေးလ်ကို ယူရို ၂၅ သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

မန်ယူဘက်က အလိုရှိခဲ့ပေမယ့် အရင်နှစ်တွေက အပြောင်းအရွှေ့ ကမ်းလှမ်းခဲ့စဉ်မှာ မအောင်မြင်ဖြစ်ခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ် နယ်သာလန်သားဟာ ရိုးမားမှာ တောက်ပခဲ့သေးပေမယ့် ပြင်သစ်မြေမှာတော့ အဆင်မပြေခဲ့ပါဘူး။

ဟာရဲရား ထွက်ခွာမှာဖြစ်လို့ ကွင်းလယ်လူ ရှာဖွေနေတဲ့ မန်ယူအသင်းဟာ ကစားသမားအား အငှားခေါ်ယူခွင့် ရရှိမှာဖြစ်ပေမယ့် ကစားသမားရဲ့ လုပ်ခကိုတော့ အငှားခေါ်ယူတဲ့ ကလပ်အသင်းဘက်က တာဝန်ယူရမယ်လို့ ခန့်မှန်းထားရတယ်။

ဆိုးရှားဟာ ကြံ့ခိုင်မှု အသားပေးတဲ့ ကစားဟန်နဲ့ မန်ယူကိုကို အသက်သွင်းလိုပြီး စထရုမန်းက ကာလရှည် ဒဏ်ရာပြသနာတွေ ရှိထားခဲ့လို့ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့က သံသယရှိစရာပါပဲ။