လီဗာပူးက ပဲလေစ့်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကလပ်ဘက်က ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ အချို့ကို ပွဲအပြီးမှာ ကလော့ပ်က ထုတ်ပြောခဲ့တယ်။
အပျော်တမ်းလိဂ်မှာ ကစားနေရသူအဖြစ်မှ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာရနေခြင်းကြောင့် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၀ ထိ ပါဝင်ခွင့်ရသွားတဲ့ ဝီလီယမ်ဟာ ပဲလေစ့်နဲ့ပွဲကို မကစားနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ကံကောင်းထောက်မပြီး ပါဝင်သွားနိုင်တယ်လို့ ကလော့ပ်က ဆိုပါတယ်။
ကလော့ပ်က “ ဒီရာသီတစ်ခုလုံးမှာ ဒဏ်ရာပြဿနာတွေက ကျနေ်ာတို့ကို ထိုးနှက်ခဲ့ပြီး အဲ့တာက လက်ခံဖို့ရာ အရမ်းလည်း ခက်ခဲခဲ့ပါတယ်။ ဥပမာပြောရရင် ကျနေ်ာတို့ ဘန်လေကို ၃-၀ ဖြင့် နိုင်ရာမှာ အားလုံး အဆင်ပြေခဲ့ပေမယ့် ရိုင်းဝီလီယမ်ရဲ့ ဒဏ်ရာကို စကန်ဖတ်ဖို့ လိုခဲ့တယ် ဘာလို့လည်းဆိုတော့ တံကောက်ကြောဒဏ်ရာဖြစ်နေလို့ပါပဲ။
၃ ရက်တိုင် လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ဘဲ ဒီကနေ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့တယ်။ ဒီတော့ အဲ့တာက သိပ်ကံကောင်းခဲ့တဲ့ ကိစ္စပါ။ ဒါပေမယ့် ပွဲမကစားခင်ချိန်ထိကို သူပါဝင်နိုင်မလားဆိုတာ မသေချာခဲ့ပါဘူး ” လို့ ရှင်းပြခဲ့တယ်။
တနင်္ဂနွေနေ့မှာ ဝီလီယမ်နဲ့ ဖီလစ်တို့ နှစ်ဦးလုံး ဒဏ်ရာရခဲ့တယ်။ သူတို့ နှစ်ဦးလုံးက ဒဏ်ရာကို အသေးစား ကုသမှုတွေ ဆက်လုပ်ပြီး ကစားနိုင်ခဲ့ပေမယ့် အကယ်လို့ လာမယ့်ပွဲ ထပ်ရှိမယ်ဆိုရင် နှစ်ဦးလုံးက ကစားနိုင်ဖွယ် မရှိပါဘူး။
လူငယ်နှစ်ဦး အတွေ့အကြုံနည်းမှုမှာ ပဲလေစ့်ဘက်က ခံစစ်သမားတွေကို ဖိကစားဖို့ ကြိုးစားခဲ့တယ်။ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ကျော်ဖြတ်အပြီးမှာ လူငယ်နှစ်ဦးက နောက်ထပ် အဆင့်တစ်ခုကို ရောက်ခဲ့ပြီလို့ ကလော့ပ်က ပြောပါတယ်။
ကလော့ပ်က “ ဒီကနေ့မှာ သူတို့ နှစ်ဦးလုံး ဒဏ်ရာတွေရခဲ့တယ်။ ၁-၀ နဲ့ အနိုင်ရနေချိန်မှာ ကိစ္စတိုင်းက အဆင်ပြေနေပေမယ့် ပဲလေစ့်က ခံစစ်မှူးတွေကို ဦးတည်ခဲ့တာကြောင့် ဒီလို ကိစ္စတွေက ဖြစ်လာခဲ့တယ်။ ဒီတော့ ကျနေ်ာတို့ တုန့်ပြန်တိုက်ခိုက်ဖို့ လိုလာခဲ့ပါတယ်။
ခံစစ်မှူး နှစ်ဦးအကြောင်း စကားပြောပေးရအောင်ပါ။ သူတို့ မယုံနိုင်လောက်အောင် ကောင်းမွန်စွာ ကြိုးစားနိုင်ခဲ့တယ်။ ဒီရာသီမှာ သူတို့ ခြေလှမ်းသစ်တွေ လှမ်းနိုင်ခဲ့တယ်။ သူတို့ နောက်ထပ် အဆင့်တွေကို တက်လှမ်းလာနိုင်ခြင်းအတွက် တကယ်ကို ဂုဏ်ယူနေသင့်ပါတယ်။ ဒီအတွက်လည်း အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရတာက သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ကလော့ပ်က “ ဒီရာသီတစ်ခုလုံးမှာ ဒဏ်ရာပြဿနာတွေက ကျနော်တို့ကို ထိုးနှက်ခဲ့ပြီး အဲ့တာက လက်ခံဖို့ရာ အရမ်းလည်း ခက်ခဲခဲ့ပါတယ်။ ဥပမာပြောရရင် ကျနော်တို့ ဘန်လေကို ၃-၀ ဖြင့် နိုင်ရာမှာ အားလုံး အဆင်ပြေခဲ့ပေမယ့် ရိုင်းဝီလီယမ်ရဲ့ ဒဏ်ရာကို စကန်ဖတ်ဖို့ လိုခဲ့တယ် ဘာလို့လည်းဆိုတော့ တံကောက်ကြောဒဏ်ရာဖြစ်နေလို့ပါပဲ။