အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး လီဗာပူးက ပဲလေစ့်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ ပွဲအပြီးမှာတော့ ကွင်းထဲက ပရိသတ် ၁၀၀၀၀ နဲ့ အသင်းသားတွေက ဝိုက်နယ်ဒမ်ကို နုတ်ဆက်မှု လုပ်ခဲ့ပါတယ်။
ဒီနွေမှာ စာချုပ်ကုန်ပြီဖြစ်တဲ့ ဝိုက်နယ်ဒမ်ဟာ အသင်းသစ်တော့ မရသေးပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားဖွယ်ရှိပြီး ဥရောပ အသင်းကြီးတစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ဖွယ် ရှိပါတယ်။ သူ့ရဲ့ နောက်ဆုံးရာသီမှာ ဆုဖလား အနိုင်မရပေမယ့်လည်း အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကူညီပေးခဲ့နိုင်တာကို ဝိုက်နယ်ဒမ်က ကျေနပ်နေတယ်။
ဝိုက်နယ်ဒမ်က ” ကျနော် မျက်ရည်မကျဖို့ မနည်း ထိန်းနေရပါတယ်။ လီဗာပူးက လူတွေက ကျနော်ကို မြတ်နိုးမှုတွေ ပြသခဲ့တာ ၅ နှစ်လောက် ရှိနေပါပြီ။ အားလုံးကို လွမ်းနေမှာပါ။ အသင်းအတွက် နှစ်တွေအကြာကြီး ဆက်ကစားပေးလိုခဲ့ပေမယ့် ကံမကောင်းစွာပဲ အခြေအနေတွေက ဖြစ်မလာတေ့ပါဘူး။ စိန်ခေါ်မှုသစ်တွေကို စတင်သွားရတော့မှာ ဖြစ်ပါတယ်။
အသင်းကြီးတစ်သင်းထံ ကျနော် သွားလိုပါတယ်။ အိမ်လယ်ခန်းမှာထိုင်ပြီး လီဗာပူးကို ရောက်လာစဉ်က ကျနေ်ာတို့တွေ ဆုဖလား အနိုင်ယူကြမယ်ဆိုပြီး မန်နေဂျာက ပြောခဲ့တာ သတိရမိပါတယ်။ အဲ့တာမျိုး ဖြစ်လာတာအတွက်လည်း ပျော်ရွှင်မိတယ်။ လီဗာပူးကနေ ထွက်ခွာရတာအတွက်ကတော့ တကယ်ပဲ နာကျင်မိပါတယ်။
အသင်းကို ရောက်လာတည်းက ပရိသတ်တွေက ကျနော်အတွက် သီချင်းတွေ သီဆိုပေးကြတယ်။ အပတ်တိုင်းမှာ အသင်းအတွက် ကျနော်ကလည်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒါကိုပဲ မြင်လိုတာပါ။ အဲ့လို ကြိုးစားကစားလို့လည်း သူတို့တွေ အသိအမှတ် ပြုကြတာဖြစ်ပါတယ်။ ဒါကို ကျနော် သတိရနေမှာပါ။
အဆင့် ၃ နေရာက ရာသီသိမ်းခဲ့တာကလည်း သိပ် အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် အသင်းကနေ ထွက်ခွာတဲ့အခါ အမြင့်ဆုံး ပုံစံဖြင့် ထွက်ခွာလိုတာပါပဲ။ ကံမကောင်းစွာပဲ ဒီရာသီမှာတော့ မဖြစ်နိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကလပ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပို့ဆောင်ပေးပြီး ထွက်ခွာနိုင်တဲ့အပေါ် ကျေနပ်မိပါတယ်။
တစ်သင်းသင်းနဲ့ လက်မှတ်ထိုးတာတွေ မလုပ်သေးပါဘူး။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာကို လူတိုင်း သိပါတယ်။ အခုအခြေအနေမှာတော့ ဇူလိုင်လ ၁ ရက်နေ့ထိ ကျနော်က လီဗာပူးကစားသမားပါပဲ။ လာမယ့် အပတ်တွေမှာ ကျနေ်ာတို့ ဘာလုပ်နိုင်မယ်ဆိုတာကို ကြည့်ရပါမယ်။ အနည်းငယ် အနားယူပြီး လက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းပါမယ်။
ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့အတွက် ကျနော်ရဲ့ ဇာတ်လမ်းကို ပြန်ကြည့်မိမှာပါ။ ပရိသတ်တွေကလည်း ဒီဇာတ်လမ်းမှာ ပါဝင်ခဲ့ကြတယ်ဆိုတာ သိဖို့ ထိုက်တန်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားျပီး လီဗာပူးက ပဲေလစ့္ကို ၂-၀ ျဖင့္ အႏုိင္ရတဲ့ ပြဲအျပီးမွာေတာ့ ကြင္းထဲက ပရိသတ္ ၁၀၀၀၀ နဲ႔ အသင္းသားေတြက ဝိုက္နယ္ဒမ္ကို ႏုတ္ဆက္မႈ လုပ္ခဲ့ပါတယ္။
ဒီေႏြမွာ စာခ်ဳပ္ကုန္ျပီျဖစ္တဲ့ ဝိုက္နယ္ဒမ္ဟာ အသင္းသစ္ေတာ့ မရေသးပါဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္ကေန ထြက္ခြာသြားဖြယ္ရွိျပီး ဥေရာပ အသင္းၾကီးတစ္သင္းကိုပဲ ေျပာင္းေရႊ႔ဖို႔ ေရြးခ်ယ္ဖြယ္ ရွိပါတယ္။ သူ႔ရဲ႕ ေနာက္ဆံုးရာသီမွာ ဆုဖလား အႏုိင္မရေပမယ့္လည္း အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ကူညီေပးခဲ့ႏုိင္တာကို ဝိုက္နယ္ဒမ္က ေက်နပ္ေနတယ္။
ဝိုက္နယ္ဒမ္က ” က်ေနာ္ မ်က္ရည္မက်ဖို႔ မနည္း ထိန္းေနရပါတယ္။ လီဗာပူးက လူေတြက က်ေနာ္ကို ျမတ္ႏိုးမႈေတြ ျပသခဲ့တာ ၅ ႏွစ္ေလာက္ ရွိေနပါျပီ။ အားလံုးကို လြမ္းေနမွာပါ။ အသင္းအတြက္ ႏွစ္ေတြအၾကာၾကီး ဆက္ကစားေပးလိုခဲ့ေပမယ့္ ကံမေကာင္းစြာပဲ အေျခအေနေတြက ျဖစ္မလာေတ့ပါဘူး။ စိန္ေခၚမႈသစ္ေတြကို စတင္သြားရေတာ့မွာ ျဖစ္ပါတယ္။
အသင္းၾကီးတစ္သင္းထံ က်ေနာ္ သြားလိုပါတယ္။ အိမ္လယ္ခန္းမွာထိုင္ျပီး လီဗာပူးကို ေရာက္လာစဥ္က က်ေန္ာတို႔ေတြ ဆုဖလား အႏုိင္ယူၾကမယ္ဆိုျပီး မန္ေနဂ်ာက ေျပာခဲ့တာ သတိရမိပါတယ္။ အဲ့တာမ်ိဳး ျဖစ္လာတာအတြက္လည္း ေပ်ာ္ရႊင္မိတယ္။ လီဗာပူးကေန ထြက္ခြာရတာအတြက္ကေတာ့ တကယ္ပဲ နာက်င္မိပါတယ္။
အသင္းကို ေရာက္လာတည္းက ပရိသတ္ေတြက က်ေနာ္အတြက္ သီခ်င္းေတြ သီဆိုေပးၾကတယ္။ အပတ္တိုင္းမွာ အသင္းအတြက္ က်ေနာ္ကလည္း အစြမ္းကုန္ ေပးဆပ္ခဲ့ပါတယ္။ ပရိသတ္ေတြကလည္း ဒါကိုပဲ ျမင္လိုတာပါ။ အဲ့လို ၾကိဳးစားကစားလုိ႔လည္း သူတို႔ေတြ အသိအမွတ္ ျပဳၾကတာျဖစ္ပါတယ္။ ဒါကို က်ေနာ္ သတိရေနမွာပါ။
အဆင့္ ၃ ေနရာက ရာသီသိမ္းခဲ့တာကလည္း သိပ္ အေရးၾကီးပါတယ္။ ပံုမွန္အားျဖင့္ အသင္းကေန ထြက္ခြာတဲ့အခါ အျမင့္ဆံုး ပံုစံျဖင့္ ထြက္ခြာလိုတာပါပဲ။ ကံမေကာင္းစြာပဲ ဒီရာသီမွာေတာ့ မျဖစ္ႏုိင္ေတာ့ပါဘူး။ ဘာပဲျဖစ္ျဖစ္ ကလပ္ကို ခ်န္ပီယံလိဂ္ျပိဳင္ပြဲထံ ပို႔ေဆာင္ေပးျပီး ထြက္ခြာႏုိင္တဲ့အေပၚ ေက်နပ္မိပါတယ္။
တစ္သင္းသင္းနဲ႔ လက္မွတ္ထိုးတာေတြ မလုပ္ေသးပါဘူး။ ေဘာလံုးမွာ ဘာမဆိုျဖစ္ႏုိင္တာကို လူတိုင္း သိပါတယ္။ အခုအေျခအေနမွာေတာ့ ဇူလိုင္လ ၁ ရက္ေန႔ထိ က်ေနာ္က လီဗာပူးကစားသမားပါပဲ။ လာမယ့္ အပတ္ေတြမွာ က်ေန္ာတို႔ ဘာလုပ္ႏုိင္မယ္ဆိုတာကို ၾကည့္ရပါမယ္။ အနည္းငယ္ အနားယူျပီး လက္ေရြးစင္အသင္းနဲ႔ သြားေရာက္ ပူးေပါင္းပါမယ္။
ဘာေတြျဖစ္ခဲ့တယ္ဆိုတဲ့အတြက္ က်ေနာ္ရဲ႕ ဇာတ္လမ္းကို ျပန္ၾကည့္မိမွာပါ။ ပရိသတ္ေတြကလည္း ဒီဇာတ္လမ္းမွာ ပါဝင္ခဲ့ၾကတယ္ဆိုတာ သိဖို႔ ထိုက္တန္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။