လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်း ခံစစ်မှူး ကိုနိတ်ကို အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် Fabrizio Romano က အသိပေးလာပါတယ်။
၎င်းက ” ဧပရယ်လတည်းက ကိုနိတ်ကို ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ဖြင့် ခေါ်ယူဖို့ လီဗာပူးအသင်းက သဘောတူညီမှု ရထားတာဖြစ်တယ်။ တရားဝင် အပြောင်းအရွှေ့ ကိစ္စတွေကို သိပ်မကြာတော့တဲ့ အချိန်မှာ လီဗာပူးဘက်က ကြေညာပေးသွားဖို့ ရှိနေပါတယ်။
ကစားသမားနဲ့ ၅ နှစ်စာ စာချုပ်ကို သဘောတူညီမှု မယူခင်မှာပဲ လီဗာပူးက လိုက်ဇစ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းကို ပေးဖို့လည်း သဘောတူညီခဲ့ပါတယ်။ ကိုနိတ်ကို ခေါ်ယူဖို့ အပြီးသတ် ကိစ္စတွေကို မကြာခင် ကြေညာမှာဖြစ်ပေမယ့် ခါဘတ်ကို ခေါ်ယူဖို့တော့ လီဗာပူးက မဆုံးဖြတ်ရသေးသလို ဖြစ်လာဖို့လည်း မရှိသလောက်ပါပဲ ” လို့ ထုတ်ပြန်သွားတာဖြစ်တယ်။
အစောပိုင်းတုန်းကလည်း လီဗာပူးအသင်းရဲ့ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးက ခါဘတ်နဲ့ ကိုနိတ်ကြားမှာ ဘယ်သူ့ကို ခေါ်ယူပါမယ်ဆိုပြီး အသင်းဘက်က ယတိပြတ် ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ထုတ်ပြောထားတယ်။ ဥရောပဝင်ခွင့်အပေါ် မူတည်ပြီး ဘယ်ကစားသမားကို ခေါ်ယူမယ်လို့ ကလပ်ဘက်က ဆုံးဖြတ်ထားခဲ့ဟန် ရှိပါတယ်။
ခါဘတ်ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၁၈ သန်း ဝန်းကျင် ပေးရမှာဖြစ်ကာ ကိုနိတ်အတွက်ကတော့ ပေါင် သန်း ၃၀ ဝန်းကျင်ဖြစ်တယ်။ လီဗာပူးနဲ့ လိုက်ဇစ်ဟာ ၂၀၁၈ တုန်းက ကိတ်တာကို ပေါင် ၅၂.၇ သန်းဖြင့် ခေါ်ယူခဲ့စဉ်တည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပြီး ဇွန်လထဲမှာပဲ ကိုနိတ်ရဲ့ အပြောင်းအရွှေ့ ကိစ္စကို တရားဝင် ကြေညာပေးဖွယ် ရှိနေပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ လိုက္ဇစ္အသင္း ခံစစ္မွဴး ကိုနိတ္ကို အျပီးသတ္ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီလို႔ အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ Fabrizio Romano က အသိေပးလာပါတယ္။
၄င္းက ” ဧပရယ္လတည္းက ကိုနိတ္ကို ၂၀၂၆ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္ျဖင့္ ေခၚယူဖို႔ လီဗာပူးအသင္းက သေဘာတူညီမႈ ရထားတာျဖစ္တယ္။ တရားဝင္ အေျပာင္းအေရႊ႔ ကိစၥေတြကို သိပ္မၾကာေတာ့တဲ့ အခ်ိန္မွာ လီဗာပူးဘက္က ေၾကညာေပးသြားဖို႔ ရွိေနပါတယ္။
ကစားသမားနဲ႔ ၅ နွစ္စာ စာခ်ဳပ္ကို သေဘာတူညီမႈ မယူခင္မွာပဲ လီဗာပူးက လိုက္ဇစ္ ေတာင္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကး ယူရို ၃၅ သန္းကို ေပးဖို႔လည္း သေဘာတူညီခဲ့ပါတယ္။ ကိုနိတ္ကို ေခၚယူဖို႔ အျပီးသတ္ ကိစၥေတြကို မၾကာခင္ ေၾကညာမွာျဖစ္ေပမယ့္ ခါဘတ္ကို ေခၚယူဖို႔ေတာ့ လီဗာပူးက မဆံုးျဖတ္ရေသးသလို ျဖစ္လာဖို႔လည္း မရွိသေလာက္ပါပဲ ” လို႔ ထုတ္ျပန္သြားတာျဖစ္တယ္။
အေစာပိုင္းတုန္းကလည္း လီဗာပူးအသင္းရဲ႕ အၾကီးတန္းပုဂၢိဳလ္တစ္ဦးက ခါဘတ္နဲ႔ ကိုနိတ္ၾကားမွာ ဘယ္သူ႔ကို ေခၚယူပါမယ္ဆိုျပီး အသင္းဘက္က ယတိျပတ္ ဆံုးျဖတ္ရျခင္း မရွိေသးေၾကာင္း ထုတ္ေျပာထားတယ္။ ဥေရာပဝင္ခြင့္အေပၚ မူတည္ျပီး ဘယ္ကစားသမားကို ေခၚယူမယ္လို႔ ကလပ္ဘက္က ဆံုးျဖတ္ထားခဲ့ဟန္ ရွိပါတယ္။
ခါဘတ္ကို ေခၚယူမယ္ဆိုရင္ ေပါင္ ၁၈ သန္း ဝန္းက်င္ ေပးရမွာျဖစ္ကာ ကိုနိတ္အတြက္ကေတာ့ ေပါင္ သန္း ၃၀ ဝန္းက်င္ျဖစ္တယ္။ လီဗာပူးနဲ႔ လိုက္ဇစ္ဟာ ၂၀၁၈ တုန္းက ကိတ္တာကို ေပါင္ ၅၂.၇ သန္းျဖင့္ ေခၚယူခဲ့စဥ္တည္းက ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိခဲ့ျပီး ဇြန္လထဲမွာပဲ ကိုနိတ္ရဲ႕ အေျပာင္းအေရႊ႔ ကိစၥကို တရားဝင္ ေၾကညာေပးဖြယ္ ရွိေနပါတယ္။