၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြီးဆုံးခဲ့တဲ့နောက် ကလပ်တွေနဲ့ သက်ဆိုင်တဲ့ နောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်လာနေပြီဖြစ်ကာ လီဗာပူးအသင်းရဲ့ ဝင်ငွေရနိုင်ချေတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။
ပွဲစဉ် ၃၈ ရလဒ်အရ လီဗာပူးအသင်းက ထိပ်ဆုံး ၄ သင်းထဲကို မန်စီးတီး၊ ယူနိုက်တက်၊ ချယ်ဆီးတို့နှင့်အတူ ဝင်ရောက်သွားနိုင်ခဲ့တယ်။ ဒါဟာ ကိုဗစ်ကြောင့် ဘဏ္ဍရေးပိုင်းမှာ ထိခိုက်မှုရှိထားတဲ့ လီဗာပူးအတွက်တော့ အားတက်စရာ ကိစ္စလည်းဖြစ်လာခဲ့ပါတယ်။
လာမယ့်ရာသီမှာ ကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ပြုမှုနဲ့အတူ လီဗာပူးဟာ ပြန်လည် ထူထောင်ရေးကိစ္စတွေကို လုပ်သွားမှာဖြစ်တယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အတွက် လူစာရင်းကို ပြန်လည် တည်ဆောက်ဖို့လည်း ရှိနေပြီး အနည်းဆုံး ကစားသမား သုံးဦး ခေါ်ယူဖွယ် ရှိပါတယ်။
နောက်ဆုံး ထွက်လာတဲ့ သတင်းတွေအရ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ရောက်တာကြောင့် ပေါင် ၁၅၆.၅ သန်း ရရှိပါမယ်။ အဆိုပါထဲကမှ ပြီးခဲ့တဲ့ရာသီ လော့ဒေါင်းကာလတွေအတွင်း ပရိသတ် ဆုံးရံှူးမှုအတွက် ရုပ်သံဌာနတွေကို ပေါင် ၈.၂ သန်း ပြန်ဆပ်ရဦးမှာပါ။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ရပ်တည်ချက်အတွက် ပေါင် ၁၄၈.၃ သန်းကို ရရှိသွားမှာဖြစ်တယ်။ ဒါ့အပြင် လာမယ့်ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ထဲဝင်ခွင့်ရခြင်းကြောင့် ရုပ်သံကြေး၊ ချန်ပီယံလိဂ် ပွဲစဉ်အလိုက် ပေးချေမှုတွေအရ ပေါင် ၅၈ သန်း ထပ်ရဦးမှာဖြစ်ပါတယ်။
လီဗာပူးဟာ အဆင့် ၃ နေရာ ရပ်တည်ခဲ့တာကြောင့် ပေါင် ၂၀၆.၃ သန်းကို အနည်းဆုံး ရရှိမှာဖြစ်တယ်။ အကယ်လို့ အဆင့် ၅ နေရာက ရာသီသိမ်းခဲ့မယ်ဆိုရင် ယူရိုပါလိဂ်သာ ဝင်ခွင့်ရမှာဖြစ်ကာ ဆုကြေးမှာလည်း ပေါင် သန်း ၁၆၀ တင် ရရှိမှာဖြစ်တယ်။
ကွာခြားသွားတဲ့ ဆုကြေးတွေအရ လီဗာပူးဟာ နွေမှာ အသုံးစရိတ် ပိုထုတ်တာ (သို့) အသင်းသားတွေကို သက်တမ်းတိုးစာချုပ် ပေးတာမျိုးတွေမှာ ပိုမို လုပ်ဆောင်သွားနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။
ZAWGYI
၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ျပီးဆံုးခဲ့တဲ့ေနာက္ ကလပ္ေတြနဲ႔ သက္ဆိုင္တဲ့ ေနာက္ဆက္တြဲ သတင္းေတြ ထြက္ေပၚလာေနျပီျဖစ္ကာ လီဗာပူးအသင္းရဲ႕ ဝင္ေငြရႏုိင္ေခ်ေတြလည္း ထြက္ေပၚလာခဲ့ပါျပီ။
ပြဲစဥ္ ၃၈ ရလဒ္အရ လီဗာပူးအသင္းက ထိပ္ဆံုး ၄ သင္းထဲကို မန္စီးတီး၊ ယူႏုိက္တက္၊ ခ်ယ္ဆီးတို႔ႏွင့္အတူ ဝင္ေရာက္သြားႏုိင္ခဲ့တယ္။ ဒါဟာ ကိုဗစ္ေၾကာင့္ ဘ႑ေရးပိုင္းမွာ ထိခိုက္မႈရွိထားတဲ့ လီဗာပူးအတြက္ေတာ့ အားတက္စရာ ကိစၥလည္းျဖစ္လာခဲ့ပါတယ္။
လာမယ့္ရာသီမွာ ကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ျပဳမႈနဲ႔အတူ လီဗာပူးဟာ ျပန္လည္ ထူေထာင္ေရးကိစၥေတြကို လုပ္သြားမွာျဖစ္တယ္။ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္အတြက္ လူစာရင္းကို ျပန္လည္ တည္ေဆာက္ဖို႔လည္း ရွိေနျပီး အနည္းဆံုး ကစားသမား သံုးဦး ေခၚယူဖြယ္ ရွိပါတယ္။
ေနာက္ဆံုး ထြက္လာတဲ့ သတင္းေတြအရ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ဝင္ေရာက္တာေၾကာင့္ ေပါင္ ၁၅၆.၅ သန္း ရရွိပါမယ္။ အဆိုပါထဲကမွ ျပီးခဲ့တဲ့ရာသီ ေလာ့ေဒါင္းကာလေတြအတြင္း ပရိသတ္ ဆံုးရံွဴးမႈအတြက္ ရုပ္သံဌာနေတြကို ေပါင္ ၈.၂ သန္း ျပန္ဆပ္ရဦးမွာပါ။
လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ရပ္တည္ခ်က္အတြက္ ေပါင္ ၁၄၈.၃ သန္းကို ရရွိသြားမွာျဖစ္တယ္။ ဒါ့အျပင္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ထဲဝင္ခြင့္ရျခင္းေၾကာင့္ ရုပ္သံေၾကး၊ ခ်န္ပီယံလိဂ္ ပြဲစဥ္အလိုက္ ေပးေခ်မႈေတြအရ ေပါင္ ၅၈ သန္း ထပ္ရဦးမွာျဖစ္ပါတယ္။
လီဗာပူးဟာ အဆင့္ ၃ ေနရာ ရပ္တည္ခဲ့တာေၾကာင့္ ေပါင္ ၂၀၆.၃ သန္းကို အနည္းဆံုး ရရွိမွာျဖစ္တယ္။ အကယ္လို႔ အဆင့္ ၅ ေနရာက ရာသီသိမ္းခဲ့မယ္ဆိုရင္ ယူရိုပါလိဂ္သာ ဝင္ခြင့္ရမွာျဖစ္ကာ ဆုေၾကးမွာလည္း ေပါင္ သန္း ၁၆၀ တင္ ရရွိမွာျဖစ္တယ္။
ကြာျခားသြားတဲ့ ဆုေၾကးေတြအရ လီဗာပူးဟာ ေႏြမွာ အသံုးစရိတ္ ပိုထုတ္တာ (သို႔) အသင္းသားေတြကို သက္တမ္းတိုးစာခ်ဳပ္ ေပးတာမ်ိဳးေတြမွာ ပိုမို လုပ္ေဆာင္သြားႏုိင္ဖြယ္ ရွိေနတာျဖစ္ပါတယ္။