စပိန်သား ခံစစ်မှူး မိုရီနိုက လီဗာပူးအသင်းကနေ ထွက်ခွာခဲ့ရတဲ့ ကိစ္စ စတင်ခဲ့ရာ ၂၀၁၆ က ဆီဗီလာနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မမျှတစွာ ဝေဖန် ပြောဆိုခံခဲ့ရတယ်လို့ ယုံကြည်နေပြီး အဲဒီအတွက် နားမလည်နိုင်မှုကို သူသေသည်ထိ သယ်ဆောင်သွားရတော့မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဗီလာရီးရဲလ်မှာ ကစားနေပြီ ဖြစ်တဲ့ အယ်ဘတ်တို မိုရီနို က အန်းဖီးမှာ လက်ခံခဲ့ရတဲ့ ဝေဖန်ပြစ်တင်မှုတွေ အပေါ် နားမလည်နိုင်အောင် ဖြစ်ရကြောင်း ဆိုခဲ့တာပါ။ မိုရီနို က ၂၀၁၄ မှာ လီဗာပူးကနေ ဆီဗီလာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
မိုရီနိုဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့ပေမယ့် ၂၀၁၆ ယူရိုပါလိဂ် ဗိုလ်လုပွဲက စလို့ သိသိသာသာ ကျဆင်းသွားခဲ့ပြီး အသင်းကနေ ထွက်ခွာရသည်ထိ ဖြစ်ခဲ့တာပါ။ ဘေဆယ်က ပွဲမှာ ဝေဖန်မှုတွေက သူ့အတွက် ပြင်းထန်လွန်းကြောင်း မိုရီနိုက ဆိုပြီး ဒါဟာ သူ့အတွက် မမျှတခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
” ဝေဖန်မှုတွေ အဲဒီလောက်ထိ ခံရတာကို ကျနော် အခုထိ နားမလည်နိုင်ပါဘူး။ ပထမဂိုး အတွက် ကျနော့်ကို ဝိုင်း ပြောတယ်။ ဟုတ်ပြီ။ ဒါပေမယ့် ကျနော်က ခံစစ်မှူး တစ်ဦးပါ။ ကစားသမားတွေက ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ် သမား ဆိုတဲ့ ဆာဂျီယို ရာမို့စ်ကိုတောင် ဖြတ်ကျော်နိုင်သေးတာပဲ.. ဘာလို့ ကျနော့်ကို ကျမှလဲ ?
ဒီနေ့ အထိကို ကျနော် ဘာလို့ အဲဒီလောက် အပြောအဆို ခံခဲ့ရသလဲ ဆိုတာ ကျနော် နားမလည်ဘူး။ တစ်သင်းလုံး ကစားတာ မကောင်းခဲ့ဘူးနော်။ ဒါပေမယ့် လက်ညှိုးတွေက ကစားသမား တစ်ယောက်တည်းကိုပဲ ဝိုင်းထိုးကြတယ်။ ဒါကြီးက အဆင်ပြေတယ် ကျနော် မထင်ဘူး။
လူတွေက အပြစ်တင်တယ်။ မင်းတစ်ယောက်တည်းကိုပဲ။ ကျနော်ကပဲ ဗိုလ်လုပွဲမှာ ရှုံးခဲ့ရသူ တစ်ယောက်တည်းလိုပဲ။ ဒါက ခက်ခဲပါတယ်။ ခေါင်းထဲက ထုတ်လို့ကို မရဘူး။
သတင်းစာတွေ ဆိုရှယ်မီဒီယာမှာ ကြည့် ကြည့်။ ခါတိုင်းဆို ကျနော် ဆိုရှယ်မီဒီယာကို သိပ် အာရုံထားတာ မဟုတ်ဘူး။ အမှားတွေချည်းပဲလေ။ ဖတ်ကြည့်လိုက်ရင် အယ်ဘတ်တို အယ်ဘတ်တို အယ်ဘတ်တိုပဲ။ ကျနော်ကတော့ ဘာလို့ ကျနော့်ကိုချည်း ဝိုင်းအပြစ်တင်ခဲ့သလဲ ဆိုတာ နားမလည်နိုင်ဘူး၊ ဒီအတွေးကို သေသည်ထိ သယ်သွားရတော့မှာပဲ။ ” လို့ မိုရီနိုက ပြောဆိုခဲ့ပါတယ်။
Zawgyi – စပိန္သား ခံစစ္မွဴး မိုရီနိုက လီဗာပူးအသင္းကေန ထြက္ခြာခဲ့ရတဲ့ ကိစၥ စတင္ခဲ့ရာ ၂၀၁၆ က ဆီဗီလာနဲ႕ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ မမွ်တစြာ ေ၀ဖန္ ေျပာဆိုခံခဲ့ရတယ္လို႔ ယံုၾကည္ေနျပီး အဲဒီအတြက္ နားမလည္နိုင္မႈကို သူေသသည္ထိ သယ္ေဆာင္သြားရေတာ့မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ဗီလာရီးရဲလ္မွာ ကစားေနျပီ ျဖစ္တဲ့ အယ္ဘတ္တို မိုရီနို က အန္းဖီးမွာ လက္ခံခဲ့ရတဲ့ ေ၀ဖန္ျပစ္တင္မႈေတြ အေပၚ နားမလည္နုိင္ေအာင္ ျဖစ္ရေၾကာင္း ဆိုခဲ့တာပါ။ မိုရီနို က ၂၀၁၄ မွာ လီဗာပူးကေန ဆီဗီလာအသင္းထံ ေျပာင္းေရႊ႕ခဲ့တာပါ။
မိုရီနိုဟာ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းမွာ အေရးပါတဲ့ ေနရာကေန ပါ၀င္ခဲ့ေပမယ့္ ၂၀၁၆ ယူရိုပါလိဂ္ ဗိုလ္လုပြဲက စလို႔ သိသိသာသာ က်ဆင္းသြားခဲ့ျပီး အသင္းကေန ထြက္ခြာရသည္ထိ ျဖစ္ခဲ့တာပါ။ ေဘဆယ္က ပြဲမွာ ေ၀ဖန္မႈေတြက သူ႔အတြက္ ျပင္းထန္လြန္းေၾကာင္း မိုရီနိုက ဆိုုျပီး ဒါဟာ သူ႔အတြက္ မမွ်တခဲ့ဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
” ေ၀ဖန္မႈေတြ အဲဒီေလာက္ထိ ခံရတာကို က်ေနာ္ အခုထိ နားမလည္နိုင္ပါဘူး။ ပထမဂိုး အတြက္ က်ေနာ့္ကို ၀ိုင္း ေျပာတယ္။ ဟုတ္ျပီ။ ဒါေပမယ့္ က်ေနာ္က ခံစစ္မွဴး တစ္ဦးပါ။ ကစားသမားေတြက ကမၻာ့အေကာင္းဆံုး ဗဟိုခံစစ္ သမား ဆိုတဲ့ ဆာဂ်ီယို ရာမို႔စ္ကိုေတာင္ ျဖတ္ေက်ာ္နုိင္ေသးတာပဲ.. ဘာလို႔ က်ေနာ့္ကို က်မွလဲ ?
ဒီေန႔ အထိကို က်ေနာ္ ဘာလို႔ အဲဒီေလာက္ အေျပာအဆို ခံခဲ့ရသလဲ ဆိုတာ က်ေနာ္ နားမလည္ဘူး။ တစ္သင္းလံုး ကစားတာ မေကာင္းခဲ့ဘူးေနာ္။ ဒါေပမယ့္ လက္ညွိဳးေတြက ကစားသမား တစ္ေယာက္တည္းကိုပဲ ၀ိုင္းထိုးၾကတယ္။ ဒါၾကီးက အဆင္ေျပတယ္ က်ေနာ္ မထင္ဘူး။
လူေတြက အျပစ္တင္တယ္။ မင္းတစ္ေယာက္တည္းကိုပဲ။ က်ေနာ္ကပဲ ဗိုလ္လုပြဲမွာ ရွံဳးခဲ့ရသူ တစ္ေယာက္တည္းလိုပဲ။ ဒါက ခက္ခဲပါတယ္။ ေခါင္းထဲက ထုတ္လို႔ကို မရဘူး။
သတင္းစာေတြ ဆိုရွယ္မီဒီယာမွာ ၾကည့္ ၾကည့္။ ခါတိုင္းဆို က်ေနာ္ ဆိုရွယ္မီဒီယာကို သိပ္ အာရံုထားတာ မဟုတ္ဘူး။ အမွားေတြခ်ည္းပဲေလ။ ဖတ္ၾကည့္လိုက္ရင္ အယ္ဘတ္တို အယ္ဘတ္တို အယ္ဘတ္တိုပဲ။ က်ေနာ္ကေတာ့ ဘာလို႔ က်ေနာ့္ကိုခ်ည္း ၀ိုင္းအျပစ္တင္ခဲ့သလဲ ဆိုတာ နားမလည္နုိင္ဘူး၊ ဒီအေတြးကို ေသသည္ထိ သယ္သြားရေတာ့မွာပဲ။ ” လို႔ မိုရီနိုက ေျပာဆိုခဲ့ပါတယ္။