လီဗာပူးခံစစ်မှူး နက်ဖီးလစ်ဟာ ဒီရာသီမှာ သူလုပ်နိုင်ခဲ့တဲ့ တိုးတက်မှုတွေကို ပိုမို မြင့်တင်နိုင်အောင် ရာသီကြိုမှာ ကြိုးစားသွားမှာဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။

ခံစစ်မှူး ရှားပါးမှုတွေကြားက ပေါ်ထွက်လာတဲ့ နက်ဖီးလစ်က လူငယ်ကစားသမား တစ်ဦးတော့ မဟုတ်တော့ပါဘူး။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ခံစစ်သမားဟာ လာမယ့်ရာသီမှာ ဗန်ဒိုက်နဲ့ တွဲဘက်ရမယ့် တစ်နေရာစာအတွက် မာတစ်၊ ဂိုးမက်စ်အပြင် အသစ်ရောက်လာဖွယ်ရှိတဲ့ ကိုနိတ်နဲ့အတူ ယှဉ်ပြိုင်ရဖွယ်ရှိတယ်။

နက်ဖီးလစ်က ” ကျနော် ဒီလိုပြောလို့ အထင်တော့ မလွဲပါနဲ့။ ဒီရာသီက ကျနော် တစ်ကိုယ်ရည်အတွက် အောင်မြင်တဲ့ ဘောလုံးရာသီလို့ ခံစားနေရပေမယ့် ကျနော် ရှေ့ဆက်ပြီး အလုပ်တွေ အများကြီး လုပ်ရမယ်ဆိုတာနဲ့ တိုးတက်မှုတွေ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ အနားယူနေတဲ့ ကာလမှာ ဒါတွေအတွက် ကျနော် အလုပ်လုပ်ရပါလိမ့်မယ်။

အချိန်ကာလ တစ်ခုတော့ အနားယူပါမယ်။ ပြီးရင်တော့ ကိုယ်ပိုင် လေ့ကျင့်ရေးတွေ ပြန်စသွားမှာပါ။ ဘောလုံးရာသီက သိပ်ပြင်းထန်တာကြောင့် လုပ်ခွင့်မရလိုက်တဲ့ ကိစ္စတွေကို ဒီကာလတွေမှာ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

ကျနော် ကြိုးစားရမှာတွေကို ကြိုးစားသွားမှာဖြစ်ပြီး ရာသီကြိုကို တောင့်တင်းတဲ့ ပုံစံဖြင့် စတင်နိုင်ဖို့ မျှော်လင့်ထားတယ်။ ဒီရာသီမှာ လုပ်နိုင်ခဲ့တာတွေကို ပိုတိုးတက်လာအောင် လုပ်ဖို့နဲ့ ဒီအပေါ် အခြေခံတဲ့ တည်ဆောက်မှုကောင်းတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လာမယ့်ရာသီမှာ လီဗာပူးအသင်းဟာ အရန်လူစာရင်း အပြောင်းအလဲတွေ များဖွယ်ရှိပြီး နက်ဖီးလစ်ဟာ ပွဲထွက်ခွင့်ကို စိန်ခေါ်နိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် မန်နေဂျာကလော့ပ်နဲ့ နည်းပြအဖွဲ့ကို အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး နက္ဖီးလစ္ဟာ ဒီရာသီမွာ သူလုပ္ႏုိင္ခဲ့တဲ့ တိုးတက္မႈေတြကို ပိုမို ျမင့္တင္ႏုိင္ေအာင္ ရာသီၾကိဳမွာ ၾကိဳးစားသြားမွာျဖစ္ေၾကာင္း ထုတ္ေျပာလာပါတယ္။

ခံစစ္မွဴး ရွားပါးမႈေတြၾကားက ေပၚထြက္လာတဲ့ နက္ဖီးလစ္က လူငယ္ကစားသမား တစ္ဦးေတာ့ မဟုတ္ေတာ့ပါဘူး။ အသက္ ၂၄ ႏွစ္ရွိျပီျဖစ္တဲ့ ခံစစ္သမားဟာ လာမယ့္ရာသီမွာ ဗန္ဒိုက္နဲ႔ တြဲဘက္ရမယ့္ တစ္ေနရာစာအတြက္ မာတစ္၊ ဂိုးမက္စ္အျပင္ အသစ္ေရာက္လာဖြယ္ရွိတဲ့ ကိုနိတ္နဲ႔အတူ ယွဥ္ျပိဳင္ရဖြယ္ရွိတယ္။

နက္ဖီးလစ္က ” က်ေနာ္ ဒီလိုေျပာလို႔ အထင္ေတာ့ မလြဲပါနဲ႔။ ဒီရာသီက က်ေနာ္ တစ္ကိုယ္ရည္အတြက္ ေအာင္ျမင္တဲ့ ေဘာလံုးရာသီလို႔ ခံစားေနရေပမယ့္ က်ေနာ္ ေရွ႔ဆက္ျပီး အလုပ္ေတြ အမ်ားၾကီး လုပ္ရမယ္ဆိုတာနဲ႔ တိုးတက္မႈေတြ လိုအပ္တယ္ဆိုတာ နားလည္ပါတယ္။ အနားယူေနတဲ့ ကာလမွာ ဒါေတြအတြက္ က်ေနာ္ အလုပ္လုပ္ရပါလိမ့္မယ္။

အခ်ိန္ကာလ တစ္ခုေတာ့ အနားယူပါမယ္။ ျပီးရင္ေတာ့ ကိုယ္ပိုင္ ေလ့က်င့္ေရးေတြ ျပန္စသြားမွာပါ။ ေဘာလံုးရာသီက သိပ္ျပင္းထန္တာေၾကာင့္ လုပ္ခြင့္မရလိုက္တဲ့ ကိစၥေတြကို ဒီကာလေတြမွာ ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္။

က်ေနာ္ ၾကိဳးစားရမွာေတြကို ၾကိဳးစားသြားမွာျဖစ္ျပီး ရာသီၾကိဳကို ေတာင့္တင္းတဲ့ ပံုစံျဖင့္ စတင္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္။ ဒီရာသီမွာ လုပ္ႏုိင္ခ့ဲတာေတြကို ပိုတိုးတက္လာေအာင္ လုပ္ဖို႔နဲ႔ ဒီအေပၚ အေျခခံတဲ့ တည္ေဆာက္မႈေကာင္းေတြ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လာမယ့္ရာသီမွာ လီဗာပူးအသင္းဟာ အရန္လူစာရင္း အေျပာင္းအလဲေတြ မ်ားဖြယ္ရွိျပီး နက္ဖီးလစ္ဟာ ပြဲထြက္ခြင့္ကို စိန္ေခၚႏုိင္တဲ့ ကစားသမားတစ္ဦးအျဖစ္ မန္ေနဂ်ာကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔ကို အတည္ျပဳေပးရမွာ ျဖစ္ပါတယ္။