တိုက်စစ်သမား ဆာလာဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို လက်ခံရရှိခဲ့ပြီး အက်ဆာ လေ့ကျင့်ရေးစင်တာမှာ ဆုလက်ခံ ရယူခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားပြီး သွင်းဂိုး ၃၁ ဂိုး သွင်းယူခဲ့တဲ့ ဆာလာဟာ လီဗာပူးရဲ့ သွင်းဂိုးအများဆုံး တိုက်စစ်သမားလည်းဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုမှာ သွင်းဂိုး တစ်ဂိုးတည်းဖြင့် ကပ်ပြုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးဆု ရခဲ့တာအတွက် ဆာလာက “ ဒီဆုရတာအတွက် ကျနော် ပျော်ပါတယ်။ အထူးသဖြင့် အခုလို ပရိသတ်တွေက မဲပေးကြလို့ ရတဲ့အပေါ်မှာပေါ့။ ဒါပေမယ့်လို့ နောက်ဆုံးပွဲတွေကို အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် အရည်အချင်း ပြည့်မှီသွားတာကပဲ အရေးကြီးဆုံးကိစ္စ ဖြစ်ပါတယ်။

ဒီရာသီမှာ ကျနော် ကစားခဲ့တာ အတော်လေး ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်အတွက် ဆိုတာထက် အသင်းအတွက်က အရေးကြီးပါတယ်။ အသင်းအနေနဲ့ ကျနော်တို့အတွက် ကွင်းထဲမှာ ပရိသတ်တွေ အားပေးနိုင်ခဲ့မယ်ဆိုရင် ကျနေ်ာတို့ရဲ့ အဆင့်နဲ့ အခြေအနေက လက်ရှိထက် အများကြီး ပိုကောင်းခဲ့မှာပါ။

ပရိသတ်တွေ အားပေးခွင့်မရတာကြောင့် ဒီရာသီမှာ ကျနေ်ာတို့တွေ အတော်လေး ခံစားခဲ့ရပါတယ်။ ဒီတော့ နောက်ဆုံးရာသီသိမ်းပွဲကို ပရိသတ်တွေနဲ့ အတူတကွ ကစားနိုင်ခဲ့တာအတွက် ကျနော် ပျော်ရွှင်မိပါတယ်။ ကွင်းထဲမှာ သူတို့ကို ပြန်မြင်ရတာက သိပ်ကောင်းခဲ့ပါတယ် ” လို့ ဆိုတယ်။

လီဗာပူးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို ပရိသတ်တွေက သူ့ကို မဲပေးခဲ့ကြတာအတွက်လည်း ဆာလာက “ ကျနော်ကို မဲပေးခဲ့ကြတာအတွက် အရမ်းကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။ ဂုဏ်လည်းယူပါတယ် မကြာခင်မှာ ပြန်တွေ့ကြတာပေါ့ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

တိုက္စစ္သမား ဆာလာဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ လီဗာပူးအသင္းရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုးဆုကို လက္ခံရရွိခဲ့ျပီး အက္ဆာ ေလ့က်င့္ေရးစင္တာမွာ ဆုလက္ခံ ရယူခဲ့ပါတယ္။

ျပိဳင္ပြဲစံု ၅၁ ပြဲ ကစားျပီး သြင္းဂိုး ၃၁ ဂိုး သြင္းယူခဲ့တဲ့ ဆာလာဟာ လီဗာပူးရဲ႕ သြင္းဂိုးအမ်ားဆံုး တိုက္စစ္သမားလည္းျဖစ္တယ္။ သူဟာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုမွာ သြင္းဂိုး တစ္ဂိုးတည္းျဖင့္ ကပ္ျပဳတ္ခဲ့ရတာလည္း ျဖစ္ပါတယ္။

တစ္ႏွစ္တာအေကာင္းဆံုးဆု ရခဲ့တာအတြက္ ဆာလာက “ ဒီဆုရတာအတြက္ က်ေနာ္ ေပ်ာ္ပါတယ္။ အထူးသျဖင့္ အခုလို ပရိသတ္ေတြက မဲေပးၾကလို႔ ရတဲ့အေပၚမွာေပါ့။ ဒါေပမယ့္လို႔ ေနာက္ဆံုးပြဲေတြကို အႏုိင္ရျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ အရည္အခ်င္း ျပည့္မွီသြားတာကပဲ အေရးၾကီးဆံုးကိစၥ ျဖစ္ပါတယ္။

ဒီရာသီမွာ က်ေနာ္ ကစားခဲ့တာ အေတာ္ေလး ေကာင္းတယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ္အတြက္ ဆိုတာထက္ အသင္းအတြက္က အေရးၾကီးပါတယ္။ အသင္းအေနနဲ႔ က်ေနာ္တို႔အတြက္ ကြင္းထဲမွာ ပရိသတ္ေတြ အားေပးႏုိင္ခဲ့မယ္ဆိုရင္ က်ေန္ာတို႔ရဲ႕ အဆင့္နဲ႔ အေျခအေနက လက္ရွိထက္ အမ်ားၾကီး ပိုေကာင္းခဲ့မွာပါ။

ပရိသတ္ေတြ အားေပးခြင့္မရတာေၾကာင့္ ဒီရာသီမွာ က်ေန္ာတို႔ေတြ အေတာ္ေလး ခံစားခဲ့ရပါတယ္။ ဒီေတာ့ ေနာက္ဆံုးရာသီသိမ္းပြဲကို ပရိသတ္ေတြနဲ႔ အတူတကြ ကစားႏုိင္ခဲ့တာအတြက္ က်ေနာ္ ေပ်ာ္ရႊင္မိပါတယ္။ ကြင္းထဲမွာ သူတို႔ကို ျပန္ျမင္ရတာက သိပ္ေကာင္းခဲ့ပါတယ္ ” လို႔ ဆိုတယ္။

လီဗာပူးအသင္းရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုးဆုကို ပရိသတ္ေတြက သူ႔ကို မဲေပးခဲ့ၾကတာအတြက္လည္း ဆာလာက “ က်ေနာ္ကို မဲေပးခဲ့ၾကတာအတြက္ အရမ္းေက်းဇူးတင္တယ္လို႔ ေျပာလိုပါတယ္။ ဂုဏ္လည္းယူပါတယ္ မၾကာခင္မွာ ျပန္ေတြ႔ၾကတာေပါ့ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။