မန်နေဂျာကလော့ပ်ဟာ လာမယ့်ရာသီအတွက် ကစားသမားခေါ်ယူမှု ပြုလုပ်ရာမှာ ခံစစ်နဲ့ တိုက်စစ်ကို ဦးစားပေးမှာဖြစ်ပြီး ကွင်းလယ်အတွက်ကတော့ ဖြစ်လာတဲ့ အခြေအနေပေါ် မူတည်ကာ ရွေးချယ်လုပ်ဆောင်ဖွယ်ရှိတယ်လို့ တယ်လီဂရပ်မှ လီဗာပူးသတင်းထောက် Chris Bascombe က ဖော်ပြသွားပါတယ်။

ဒီရာသီမှာ ခံစစ်လိုင်းက အဓိက ကစားသမား ၃ ဦးထိ ဒဏ်ရာရခဲ့တာကြောင့် ဇန်နဝါရီမှာတင် ခံစစ်မှူး နှစ်ဦးကို ခေါ်ယူခဲ့ရတယ်။ အဆိုပါထဲက ဘမ်ဒေးဗစ်ကတော့ အပြီးသတ်ဖြင့် ရောက်လာခြင်းဖြစ်ကာ ခါဘတ်ကို အငှားခေါ်ယူခဲ့တာဖြစ်တယ်။ သို့သော် ၆ လ စာချုပ်ဖြင့် ခေါ်ယူထားတဲ့ ခါဘတ်ကို အပြီးသတ် ခေါ်ယူသွားဖို့ လီဗာပူးက ဆန္ဒ မရှိပါဘူး။

ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို အရေးပေါ်အဖြစ် ဗဟိုခံစစ်မှူးနေရာတွေမှာ ကစားစေခဲ့ရပေမယ့် လာမယ့်ရာသီမှာတော့ တူညီတဲ့ ပြဿနာမျိုးတွေကို အဖြစ်ခံမှာ မဟုတ်တော့ပါဘူး။ လိုက်ဇစ် ခံစစ်မှူး ကိုနိတ်ကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကာ နံပါတ် ၆ ကွင်းလယ်လူတွေကို သူတို့နေရာတွေထံ ပြန်ပို့မှာဖြစ်တယ်။

နံပါတ် ၈ နေရာကို အားပြုကစားရတဲ့ ဝိုက်နယ်ဒမ်ကို လက်လွတ်ခဲ့ရပေမယ့် တိုက်ရိုက် အစားထိုးမှု လုပ်ဖို့ကို ကလပ်က ဦးစားပေးအဖြစ် မရည်ရွယ်ဘူး။ မနှစ်က နွေမှာ ခေါ်ယူခဲ့တဲ့ သီယာဂိုဟာ ဒီရာသီ နောက်ပိုင်း အထိုင်ကျလာမှုအရ ၎င်းကိုပဲ ဝိုက်နယ်ဒမ်နေရာ တိုက်ရိုက် အစားထိုးမှာဖြစ်တယ်။ ဖာဘင်ညို၊ သီယာဂို၊ ဟန်ဒို သုံးဦးဟာ ယာဂင်ရဲ့ ဦးစားပေး ကွင်းလယ်အတွဲ ဖြစ်လာမှာဖြစ်တယ်။

လာမယ့်ရာသီမှာတော့ ကာတစ်ဂျုံးကို ပိုမို နေရာပေးနိုင်ဖို့ ကလော့ပ်က မျှော်လင့်ထားတယ်။ ဒါ့အပြင် ဒီရာသီ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့ ကိတ်တာနဲ့ ချိန်ဘာလိန်အပေါ်လည်း ကလော့ပ်က ဆက်ပြီး မျှော်လင့်နေသေးတာပါ။ သူတို့နှစ်ဦး အသင်းမှာ ဆက်ရှိနေရင်တော့ ကွင်းလယ်လူသစ် ခေါ်ယူဖို့ဟာ လီဗာပူးရဲ့ ဦးစားပေး ဖြစ်လာဖို့ ရှိမနေတာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္ဟာ လာမယ့္ရာသီအတြက္ ကစားသမားေခၚယူမႈ ျပဳလုပ္ရာမွာ ခံစစ္နဲ႔ တိုက္စစ္ကို ဦးစားေပးမွာျဖစ္ျပီး ကြင္းလယ္အတြက္ကေတာ့ ျဖစ္လာတဲ့ အေျခအေနေပၚ မူတည္ကာ ေရြးခ်ယ္လုပ္ေဆာင္ဖြယ္ရွိတယ္လို႔ တယ္လီဂရပ္မွ လီဗာပူးသတင္းေထာက္ Chris Bascombe က ေဖာ္ျပသြားပါတယ္။

ဒီရာသီမွာ ခံစစ္လိုင္းက အဓိက ကစားသမား ၃ ဦးထိ ဒဏ္ရာရခဲ့တာေၾကာင့္ ဇန္နဝါရီမွာတင္ ခံစစ္မွဴး ႏွစ္ဦးကို ေခၚယူခဲ့ရတယ္။ အဆိုပါထဲက ဘမ္ေဒးဗစ္ကေတာ့ အျပီးသတ္ျဖင့္ ေရာက္လာျခင္းျဖစ္ကာ ခါဘတ္ကို အငွားေခၚယူခဲ့တာျဖစ္တယ္။ သို႔ေသာ္ ၆ လ စာခ်ဳပ္ျဖင့္ ေခၚယူထားတဲ့ ခါဘတ္ကို အျပီးသတ္ ေခၚယူသြားဖို႔ လီဗာပူးက ဆႏၵ မရွိပါဘူး။

ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ကို အေရးေပၚအျဖစ္ ဗဟိုခံစစ္မွဴးေနရာေတြမွာ ကစားေစခဲ့ရေပမယ့္ လာမယ့္ရာသီမွာေတာ့ တူညီတဲ့ ျပႆနာမ်ိဳးေတြကို အျဖစ္ခံမွာ မဟုတ္ေတာ့ပါဘူး။ လိုက္ဇစ္ ခံစစ္မွဴး ကိုနိတ္ကို ေခၚယူဖို႔ ၾကိဳးစားမွာျဖစ္ကာ နံပါတ္ ၆ ကြင္းလယ္လူေတြကို သူတို႔ေနရာေတြထံ ျပန္ပို႔မွာျဖစ္တယ္။

နံပါတ္ ၈ ေနရာကို အားျပဳကစားရတဲ့ ဝိုက္နယ္ဒမ္ကို လက္လြတ္ခဲ့ရေပမယ့္ တိုက္ရိုက္ အစားထိုးမႈ လုပ္ဖို႔ကို ကလပ္က ဦးစားေပးအျဖစ္ မရည္ရြယ္ဘူး။ မႏွစ္က ေႏြမွာ ေခၚယူခဲ့တဲ့ သီယာဂိုဟာ ဒီရာသီ ေနာက္ပိုင္း အထိုင္က်လာမႈအရ ၄င္းကိုပဲ ဝိုက္နယ္ဒမ္ေနရာ တိုက္ရိုက္ အစားထိုးမွာျဖစ္တယ္။ ဖာဘင္ညိဳ၊ သီယာဂို၊ ဟန္ဒို သံုးဦးဟာ ယာဂင္ရဲ႕ ဦးစားေပး ကြင္းလယ္အတြဲ ျဖစ္လာမွာျဖစ္တယ္။

လာမယ့္ရာသီမွာေတာ့ ကာတစ္ဂ်ံဳးကို ပိုမို ေနရာေပးႏုိင္ဖို႔ ကေလာ့ပ္က ေမွ်ာ္လင့္ထားတယ္။ ဒါ့အျပင္ ဒီရာသီ ၾကံ႕ခိုင္မႈ ျပႆနာေတြေၾကာင့္ ရုန္းကန္ေနရတဲ့ ကိတ္တာနဲ႔ ခ်ိန္ဘာလိန္အေပၚလည္း ကေလာ့ပ္က ဆက္ျပီး ေမွ်ာ္လင့္ေနေသးတာပါ။ သူတို႔ႏွစ္ဦး အသင္းမွာ ဆက္ရွိေနရင္ေတာ့ ကြင္းလယ္လူသစ္ ေခၚယူဖို႔ဟာ လီဗာပူးရဲ႕ ဦးစားေပး ျဖစ္လာဖို႔ ရွိမေနတာ ျဖစ္ပါတယ္။