ဒီရာသီဟာ လီဗာပူးအသင်းအတွက် အထိနာတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပြီး အဲ့ထဲက အကြောင်းရင်း တစ်ချက်ကတော့ VAR ကြောင့်ပဲ ဖြစ်ပါတယ်။
ဒဏ်ရာပြဿနာကြီးတွေ အများကြီး ရခဲ့တဲ့ လီဗာပူးအသင်းအတွက် VAR ကလည်း အကူအညီ မဖြစ်ခဲ့ပါဘူး။ ESPN မှ သတင်းထောက် Dale Johnson ရဲ့ ဖော်ပြမှုအရဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဟာ VAR ဆုံးဖြတ်ချက် ခံယူရမှု အများဆုံး အသင်းပါ ဖြစ်သွားခဲ့ပါတယ်။
လီဗာပူးအသင်းအတွက် ဆုံးဖြတ်ချက်တွေထဲက ၁၃ ကြိမ်ထိဟာ VAR ကြောင့် ပြောင်းလဲ သက်မှတ်ခြင်း ခံခဲ့ရတယ်။ ဒီရာသီမှာတော့ ဝက်စ်ဘရွန်းတစ်သင်းတည်းကပဲ လီဗာပူးနည်းတူ VAR ကြောင့် ရလဒ် အထိခိုက်ဆုံးအဖြစ် ရမှတ် ၆ မှတ်တောင် ဆုံးရံှူးခဲ့တာဖြစ်တယ်။
လီဗာပူးအသင်းရဲ့ သွင်းဂိုး ၇ ဂိုးဟာ VAR ကနေတစ်ဆင့် ပယ်ဖျက်ခြင်း ခံခဲ့ရတယ်။ အဆိုပါ ဂိုးထဲမှာတော့ အဲဗာတန်အသင်းနဲ့ပွဲမှာ ဟန်ဒါဆန် သွင်းယူခဲ့တဲ့ သွင်းဂိုးလည်း ပါဝင်ခဲ့တယ်။ ဒါ့အပြင် လီဗာပူးက VAR ကြောင့် ပြိုင်ဘက်တွေ သွင်းဂိုးရဖို့ ပင်နတီ ၃ ကြိမ်တိုင် ခွင့်ပြုခဲ့ရပြီး လီဗာပူးအတွက် ပင်နယ်တိ သက်မှတ်ပေးခဲ့တာ တစ်ကြိမ်တောင် မရှိခဲ့ပါဘူး။
ဒီရာသီမှာ လီဗာပူးအသင်းရဲ့ ဖြစ်ရပ်ပေါင်း ၂၀ ကို VAR က စစ်ဆေးခြင်းတွေ ရှိခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အများဆုံးလည်းဖြစ်ပါတယ်။
VAR’s work against us
Liverpool had most decisions against: 13
Most VAR incidents: 20
Most total disallowed goals for: 7
Zero penalties FOR, 3 penalties AGAINST
ZAWGYI