လီဗာပူးဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းက ဒီနွေမှာ တိုက်စစ်သမား ဆာလာကို ရောင်းထုတ်ပြီး အသုံးစရိတ်ရှာဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ဗန်ဒိုက်၊ ဖာမင်နို၊ ဆာလာ၊ မာနေး၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ကို ကာလရှည် စာချုပ်တွေ ပေးဖို့ လိုအပ်နေတာပါ။ ကလပ်ဘက်က ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ကို စာချုပ်သစ်ပေးဖို့ စီစဉ်ထားတာတွေ ရှိပေမယ့် ကျန်ကစားသမားတွေအတွက် သတင်းထူးတွေ တက်မလာသေးပါဘူး။
ဒေးဗစ်ဂျိမ်းက ” ဆာလာက ဒီရာသီမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရလုနီး ဖြစ်ခဲ့တယ်ဆိုပေမယ့် ကျနော် မြင်မိတာတော့ လီဗာပူးက ဆာလက် မပါရင် ကစားတာ ပိုကောင်းပါတယ်။ နောက်ပြီး ဒီနွေဈေးကွက်က လီဗာပူးအသင်းဘက်က ဆာလာကို ရောင်းထုတ်ပြီး ငွေးကြေးကြီး ရယူဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
တိုက်စစ်သမား သုံးဦးတန်းမှာ ဂျိုတာလည်း ပါဝင်ကစားနိုင်နေပါပြီ။ ဆာလာ မရှိရင် ဖာမင်နိုက တိုက်စစ်ပိုင်းမှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားခွင့်ရလာမယ်။ ဆာလာရဲ့ သွင်းဂိုးတွေ အပေါ်မှာပဲ မှီခိုနေရတာထက် အသင်းရဲ့ တိုက်စစ်ကစားပုံက ပိုသွက်လက်လာဖို့ ရှိနေပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးအသင်းနဲ့ ၂ နှစ်ပဲ စာချုပ်ကျန်တော့တာပါ။ ဒီနွေမှာ မရောင်းရင် လာမယ့်နွေမှာတော့ ဈေးကောင်းရတော့မှာ မဟုတ်ဘူး။ လီဗာပူးအသင်းဘက်က အခုချိန်ထိ စာချုပ်သစ်ကိစ္စလည်း စကား စပြောလာခဲ့ခြင်း မရှိသေးပါဘူး။
ဂျိမ်းကပဲ ” ဒီအချိန်က ဆာလာကို ရောင်းဖို့ အချိန်ကောင်းလာဆိုရင် သိပ်သေချာတာပေါ့။ ကျနေ်ာဆိုရင် ချက်ခြင်းတောင် ရောင်းချလိုက်မှာပါ။ မိုဆာလာက ကစားသမားကောင်းဆိုတာကို သူ့ရဲ့ သွင်းဂိုး မှတ်တမ်းတွေအရ သက်သေပြထားပြီးသားပါ။ ဒါပေမယ့် ဆာလာ ဂိုးတွေသွင်းပေးနိုင်ရင်တောင် သူကြောင့်ပဲ လီဗာပူးရဲ့ တိုက်စစ် လှုပ်နိုင်စွမ်းက အကန့်အသတ် ရှိနေပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ZAWGYI
လီဗာပူးဂိုးသမားေဟာင္း ေဒးဗစ္ဂ်ိမ္းက ဒီေႏြမွာ တိုက္စစ္သမား ဆာလာကို ေရာင္းထုတ္ျပီး အသံုးစရိတ္ရွာဖို႔ အသင္းေဟာင္းကို တိုက္တြန္းလိုက္ပါတယ္။
လီဗာပူးအသင္းဟာ လာမယ့္ရာသီမွာ ဗန္ဒိုက္၊ ဖာမင္ႏုိ၊ ဆာလာ၊ မာေနး၊ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔ကို ကာလရွည္ စာခ်ဳပ္ေတြ ေပးဖို႔ လိုအပ္ေနတာပါ။ ကလပ္ဘက္က ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳတို႔ကို စာခ်ဳပ္သစ္ေပးဖို႔ စီစဥ္ထားတာေတြ ရွိေပမယ့္ က်န္ကစားသမားေတြအတြက္ သတင္းထူးေတြ တက္မလာေသးပါဘူး။
ေဒးဗစ္ဂ်ိမ္းက ” ဆာလာက ဒီရာသီမွာ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆု ရလုနီး ျဖစ္ခဲ့တယ္ဆိုေပမယ့္ က်ေနာ္ ျမင္မိတာေတာ့ လီဗာပူးက ဆာလက္ မပါရင္ ကစားတာ ပိုေကာင္းပါတယ္။ ေနာက္ျပီး ဒီေႏြေစ်းကြက္က လီဗာပူးအသင္းဘက္က ဆာလာကို ေရာင္းထုတ္ျပီး ေငြးေၾကးၾကီး ရယူဖို႔ အခြင့္အေရးပဲ ျဖစ္ပါတယ္။
တိုက္စစ္သမား သံုးဦးတန္းမွာ ဂ်ိဳတာလည္း ပါဝင္ကစားႏုိင္ေနပါျပီ။ ဆာလာ မရွိရင္ ဖာမင္ႏိုက တိုက္စစ္ပိုင္းမွာ ပိုျပီး လြတ္လြတ္လပ္လပ္ ကစားခြင့္ရလာမယ္။ ဆာလာရဲ႕ သြင္းဂိုးေတြ အေပၚမွာပဲ မွီခိုေနရတာထက္ အသင္းရဲ႕ တိုက္စစ္ကစားပံုက ပိုသြက္လက္လာဖို႔ ရွိေနပါတယ္။ ” လို႔ ဆိုခဲ့ပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ လီဗာပူးအသင္းနဲ႔ ၂ ႏွစ္ပဲ စာခ်ဳပ္က်န္ေတာ့တာပါ။ ဒီေႏြမွာ မေရာင္းရင္ လာမယ့္ေႏြမွာေတာ့ ေစ်းေကာင္းရေတာ့မွာ မဟုတ္ဘူး။ လီဗာပူးအသင္းဘက္က အခုခ်ိန္ထိ စာခ်ဳပ္သစ္ကိစၥလည္း စကား စေျပာလာခဲ့ျခင္း မရွိေသးပါဘူး။
ဂ်ိမ္းကပဲ ” ဒီအခ်ိန္က ဆာလာကို ေရာင္းဖို႔ အခ်ိန္ေကာင္းလာဆိုရင္ သိပ္ေသခ်ာတာေပါ့။ က်ေန္ာဆိုရင္ ခ်က္ျခင္းေတာင္ ေရာင္းခ်လိုက္မွာပါ။ မိုဆာလာက ကစားသမားေကာင္းဆိုတာကို သူ႔ရဲ႕ သြင္းဂိုး မွတ္တမ္းေတြအရ သက္ေသျပထားျပီးသားပါ။ ဒါေပမယ့္ ဆာလာ ဂိုးေတြသြင္းေပးႏုိင္ရင္ေတာင္ သူေၾကာင့္ပဲ လီဗာပူးရဲ႕ တိုက္စစ္ လႈပ္ႏုိင္စြမ္းက အကန္႔အသတ္ ရွိေနပါတယ္။ ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။