လီဗာပူးအသင်းဟာ လာမယ့် ၄၈ နာရီအတွင်းမှာ လိုက်ဇစ်ခံစစ်မှူး ကိုနိတ်ကို ခေါ်ယူမှု တရားဝင် ပြီးမြောက်သွားတော့မယ်လို့ The Times မှ လီဗာပူးသတင်းထောက် Paul Joyce က အတည်ပြုပါတယ်။

လူငယ် ယူရိုပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်သစ် ယူ-၂၁ အသင်းနဲ့အတူ ရှိနေတဲ့ ကိုနိတ်ဟာ မန်နေဂျာ ယာဂင်ကလော့ပ် ပြန်လည် တည်ဆောက်မယ့် ခံစစ်ကြောင်းအတွက် ဦးစားပေး ပစ်မှတ်ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်က လာမယ့်ရာသီမှာ စီနီယာခံစစ်မှူးတွေ ပြန်ပါလာနိုင်မှာဖြစ်ပေမယ့် ကြံ့ခိုင်မှု အပြည့် ကစားနိုင်ဖို့ မသေချာသေးတာကို နားလည်ထားတယ်။

အသက် ၂၂ နှစ်အရွယ် ခံစစ်သမားဟာ လိုက်ဇစ်ကနေ ယူရို ၄၁ သန်း ဝန်းကျင်ဖြင့် ထွက်ခွာခွင့်ရထားတာဖြစ်ကာ လီဗာပူးက အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေသွားမှာဖြစ်တယ်။ နှစ်ဘက်အသင်းကြားမှာ ငွေပေးချေမှု ပုံစံနဲ့ ပတ်သက်ပြီး နားလည်မှုရဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ကိုနိတ်ဟာ ဘွန်ဒက်လီဂါပွဲ ၈ ပွဲကိုပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရကာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အရန်စာရင်းကပဲ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ ကိုနိတ်ဟာ လီဗာပူးအသင်းမှာတော့ လိုက်ဇစ်မှာ ရနေတဲ့ လုပ်ခရဲ့ နှစ်ဆအဖြစ် တစ်ပတ် ပေါင် ၇၀၀၀၀ ရမှာဖြစ်ကာ ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာက ပြန်သက်သာလာချိန်မှာ အသစ်ရောက်လာဖို့ နီးစပ်နေတဲ့ ကိုနိတ်ကလည်း ခံစစ်အတွက် ရွေးချယ်စရာ ဖြစ်လာဦးမှာပါ။ ဒီရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဖီးလစ်က ဦးစားပေး နံပါတ် ၅ နေရာ ရောက်သွားဖို့ ရှိနေပြီး သူ့နောက်မှာတော့ ရိုင်းဝီလီယမ်နဲ့ ကိုမတ်တီယိုတို့ ရှိနေမှာဖြစ်တယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာမယ့္ ၄၈ နာရီအတြင္းမွာ လိုက္ဇစ္ခံစစ္မွဴး ကိုနိတ္ကို ေခၚယူမႈ တရားဝင္ ျပီးေျမာက္သြားေတာ့မယ္လို႔ The Times မွ လီဗာပူးသတင္းေထာက္ Paul Joyce က အတည္ျပဳပါတယ္။

လူငယ္ ယူရိုျပိဳင္ပြဲ ပါဝင္ယွဥ္ျပိဳင္ဖို႔ ျပင္သစ္ ယူ-၂၁ အသင္းနဲ႔အတူ ရွိေနတဲ့ ကိုနိတ္ဟာ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ ျပန္လည္ တည္ေဆာက္မယ့္ ခံစစ္ေၾကာင္းအတြက္ ဦးစားေပး ပစ္မွတ္ျဖစ္ပါတယ္။ မန္ေနဂ်ာကေလာ့ပ္က လာမယ့္ရာသီမွာ စီနီယာခံစစ္မွဴးေတြ ျပန္ပါလာႏုိင္မွာျဖစ္ေပမယ့္ ၾကံ႕ခိုင္မႈ အျပည့္ ကစားႏုိင္ဖို႔ မေသခ်ာေသးတာကို နားလည္ထားတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္သမားဟာ လိုက္ဇစ္ကေန ယူရို ၄၁ သန္း ဝန္းက်င္ျဖင့္ ထြက္ခြာခြင့္ရထားတာျဖစ္ကာ လီဗာပူးက အဆိုပါ ေျပာင္းေရႊ႔ေၾကးကို ေပးေခ်သြားမွာျဖစ္တယ္။ ႏွစ္ဘက္အသင္းၾကားမွာ ေငြေပးေခ်မႈ ပံုစံနဲ႔ ပတ္သက္ျပီး နားလည္မႈရဖို႔ ၾကိဳးစားေနၾကတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ရာသီတုန္းက ကိုနိတ္ဟာ ဘြန္ဒက္လီဂါပြဲ ၈ ပြဲကိုပဲ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရကာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ အရန္စာရင္းကပဲ ပါဝင္ခြင့္ရခဲ့သူျဖစ္ပါတယ္။ ကိုနိတ္ဟာ လီဗာပူးအသင္းမွာေတာ့ လိုက္ဇစ္မွာ ရေနတဲ့ လုပ္ခရဲ႕ ႏွစ္ဆအျဖစ္ တစ္ပတ္ ေပါင္ ၇၀၀၀၀ ရမွာျဖစ္ကာ ၂၀၂၆ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာ ျဖစ္ပါတယ္။

ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ဒဏ္ရာက ျပန္သက္သာလာခ်ိန္မွာ အသစ္ေရာက္လာဖို႔ နီးစပ္ေနတဲ့ ကိုနိတ္ကလည္း ခံစစ္အတြက္ ေရြးခ်ယ္စရာ ျဖစ္လာဦးမွာပါ။ ဒီရာသီမွာ ေျခစြမ္းျပခဲ့တဲ့ ဖီးလစ္က ဦးစားေပး နံပါတ္ ၅ ေနရာ ေရာက္သြားဖိို႔ ရွိေနျပီး သူ႔ေနာက္မွာေတာ့ ရိုင္းဝီလီယမ္နဲ႔ ကိုမတ္တီယိုတို႔ ရွိေနမွာျဖစ္တယ္။