လီဗာပူးအသင်း ဒီနွေမှာ ခေါ်ယူမယ်လို့ သတင်းကြီးနေတဲ့ ကစားသမား ၃ ဦးအတွက် ကလပ်ဘက်က ရှေ့ဆက်တိုးဖွယ်မရှိကြောင့် မာဆေးဆိုဒ်ကလပ် စီနီယာတစ်သင်းပေး တစ်ဦးက The Athletic ကို ပြောပါတယ်။

မန်နေဂျာကလော့ပ်က ဝိုက်နယ်ဒမ်ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဖို့ သီယာဂိုကို အသုံးပြုမှာ ဖြစ်ပေမယ့် ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆိုမာကို ခေါ်ယူဖို့ နှစ်သက်တယ်လို့ သတင်းတွေ ထွက်နေခဲ့တယ်။ ဒါပေမယ့်လို့ လီဗာပူးသတင်းပေးကပဲ ကလော့ပ်ဟာ ချိန်ဘာလိန်နဲ့ ကိတ်တာတို့အပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကာ ဘစ်ဆိုမာကို ခေါ်ယူမှာ မဟုတ်ကြောင်း ဆိုခဲ့တယ်။

ဒါ့အပြင် ဒီနွေမှာ ကလပ်ရဲ့ နာမည်ကြီး တစ်ဦးမှ ထွက်ခွာခွင့်မပေးရအောင် စီမံသွားဖို့ ရှိနေတယ်။ မာနေးကော ဆာလာပါ လီဗာပူးမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး အမ်ဘတ်ပီနဲ့ ဆန်ချိုလို ကစားသမားတွေကို ခေါ်ယူဖို့ ကိစ္စက ဖြစ်လာဖို့ မရှိပါဘူးလို့ လီဗာပူးရဲ့ စီနီယာသတင်းပေးက ဆိုခဲ့တာပါ။

ကလော့ပ်ဟာ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းမှာ အငှားထွက်ကစားခဲ့ပြီး ကိုယ်တိုင် ၇ ဂိုးသွင်းကာ ၁၁ ကြိမ် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်တဲ့ အီးလီးယော့ကို ရာသီကြိုမှာ အကဲဖြတ်သွားမှာဖြစ်တယ်။ ဂျူလိုင်လထဲ ကစားမယ့် ချစ်ကြည်ရေးပွဲတွေမှာ အီးလီးယော့ ပါဝင်ခွင့်ရမှာဖြစ်ကာ သူရဲ့ ခြေစွမ်းကိုကြည့်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အငှားမချဘဲ စီနီယာအသင်းထံ ခေါ်သုံးမလား ကလော့ပ် ဆုံးဖြတ်မှာဖြစ်တယ်။

ဒီရာသီမှာ ကြံ့ခိုင်မှု ပြဿနာတွေရှိခဲ့တာကြောင့် ကလပ်ကို စိတ်ဓါတ်ပိုင်း မြင့်တင်ဖို့ရာ ကစားသမားသစ် ခေါ်ယူမှုတွေတော့ လုပ်သွားဦးမှာပါ။ ပြင်သစ်လူငယ် ခံစစ်မှူး ကိုနာတေးက လာမယ့် ၄၈ နာရီအတွင်း လီဗာပူးနဲ့ အပြီးသတ် စာချုပ်ချုပ်မှာဖြစ်ကာ တိုက်စစ်သမား တစ်ဦးကို ခေါ်ယူသွားတာမျိုးလည်း မြင်ရဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္း ဒီေႏြမွာ ေခၚယူမယ္လို႔ သတင္းၾကီးေနတဲ့ ကစားသမား ၃ ဦးအတြက္ ကလပ္ဘက္က ေရွ႔ဆက္တိုးဖြယ္မရွိေၾကာင့္ မာေဆးဆိုဒ္ကလပ္ စီနီယာတစ္သင္းေပး တစ္ဦးက The Athletic ကို ေျပာပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ဝိုက္နယ္ဒမ္ရဲ႕ ေနရာမွာ တိုက္ရိုက္ အစားထိုးဖို႔ သီယာဂိုကို အသံုးျပဳမွာ ျဖစ္ေပမယ့္ ဘရိုက္တန္ ကြင္းလယ္လူ ဘစ္ဆိုမာကို ေခၚယူဖို႔ ႏွစ္သက္တယ္လို႔ သတင္းေတြ ထြက္ေနခဲ့တယ္။ ဒါေပမယ့္လို႔ လီဗာပူးသတင္းေပးကပဲ ကေလာ့ပ္ဟာ ခ်ိန္ဘာလိန္နဲ႔ ကိတ္တာတို႔အေပၚ ယံုၾကည္မႈရွိေနဆဲျဖစ္ကာ ဘစ္ဆိုမာကို ေခၚယူမွာ မဟုတ္ေၾကာင္း ဆိုခဲ့တယ္။

ဒါ့အျပင္ ဒီေႏြမွာ ကလပ္ရဲ႕ နာမည္ၾကီး တစ္ဦးမွ ထြက္ခြာခြင့္မေပးရေအာင္ စီမံသြားဖို႔ ရွိေနတယ္။ မာေနးေကာ ဆာလာပါ လီဗာပူးမွာပဲ ဆက္ရွိေနမွာျဖစ္ျပီး အမ္ဘတ္ပီနဲ႔ ဆန္ခ်ိဳလို ကစားသမားေတြကို ေခၚယူဖို႔ ကိစၥက ျဖစ္လာဖို႔ မရွိပါဘူးလို႔ လီဗာပူးရဲ႕ စီနီယာသတင္းေပးက ဆိုခဲ့တာပါ။

ကေလာ့ပ္ဟာ ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းမွာ အငွားထြက္ကစားခဲ့ျပီး ကိုယ္တိုင္ ၇ ဂိုးသြင္းကာ ၁၁ ၾကိမ္ ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္တဲ့ အီးလီးေယာ့ကို ရာသီၾကိဳမွာ အကဲျဖတ္သြားမွာျဖစ္တယ္။ ဂ်ဴလိုင္လထဲ ကစားမယ့္ ခ်စ္ၾကည္ေရးပြဲေတြမွာ အီးလီးေယာ့ ပါဝင္ခြင့္ရမွာျဖစ္ကာ သူရဲ႕ ေျခစြမ္းကိုၾကည့္ျပီး ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ အငွားမခ်ဘဲ စီနီယာအသင္းထံ ေခၚသံုးမလား ကေလာ့ပ္ ဆံုးျဖတ္မွာျဖစ္တယ္။

ဒီရာသီမွာ ၾကံ႕ခိုင္မႈ ျပႆနာေတြရွိခဲ့တာေၾကာင့္ ကလပ္ကို စိတ္ဓါတ္ပိုင္း ျမင့္တင္ဖို႔ရာ ကစားသမားသစ္ ေခၚယူမႈေတြေတာ့ လုပ္သြားဦးမွာပါ။ ျပင္သစ္လူငယ္ ခံစစ္မွဴး ကိုနာေတးက လာမယ့္ ၄၈ နာရီအတြင္း လီဗာပူးနဲ႔ အျပီးသတ္ စာခ်ဳပ္ခ်ဳပ္မွာျဖစ္ကာ တိုက္စစ္သမား တစ္ဦးကို ေခၚယူသြားတာမ်ိဳးလည္း ျမင္ရဖို႔ ရွိေနပါတယ္။