လီဗာပူးကစားသမားဖြစ်လာတဲ့ ကိုနာတေးနဲ့ ပတ်သက်ပြီး အသင်းပရိသတ်တွေကြားမှာ အမြင်အမျိုးမျိုး ရှိလာခဲ့ကာ အဆိုပါထဲက အဓိက အပြောများတဲ့ အချက်နှစ်ချက်ကို အဓိက ဖော်ပြပါမယ်။
မော်ဒန်ခေတ် ခံစစ်မှူးတွေထဲမှာ လူကောင်ကြီးပြီး ဘော်ဒီတောင့်တင်းပေမယ့် ကမ္ဘာအဆင့် ခံစစ်မှူးတွေအဖြစ် သက်မှတ်ခံလာရတာက ဗန်ဒိုက်နဲ့ ကိုလီဘာလေတို့လို ကစားသမားတွေဖြစ်တယ်။ ကိုနာတေးဟာ အဆိုပါ ခံစစ်မှူးတွေလိုပဲ အရပ်အမောင်းကောင်းပြီး ခန္ဓာကိုယ် ထွားကြိုင်းသူတစ်ဦးဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ အားကောင်းတဲ့ ကိုနာတေးဟာ ငယ်ရွယ်သေးပေမယ့် အတွေ့အကြုံရှိတယ်။ သူ့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ပြစ်ချက်က ကစားသမားလေးဟာ ဒဏ်ရာပြဿနာ မှတ်တမ်းတွေ ရှိထားခြင်းပဲ ဖြစ်ပါတယ်။ အရည်အချင်းရှိသူတစ်ဦး ဖြစ်ပေမယ့် ကြံ့ခိုင်မှု ပြဿနာရှိတာကြောင့် ပရိသတ် အချို့က ကိတ်တာလို ဖြစ်သွားမှာ စိုးရိမ်နေကြတယ်။
ကိုနာတေးရဲ့ ခြေစွမ်းကို မကြာခဏ စောင့်ကြည့်ထားတဲ့ သတင်းထောက်တစ်ဦးက ” ကိုနာတေးဟာ ဗန်ဒိုက်လို ခန္ဓာကိုယ် ဖွဲ့စည်းမှုရှိတယ်၊ သူ့ရဲ့ ကစားဟန်က မာတစ်နဲ့ ဆင်တူပြီး သူဟာ မီတာ ၁၀၀ ပြေးလမ်းမှာ ဂိုးမက်စ်ကို ယှဉ်နိုင်စွမ်းရှိပါတယ်။ အကယ်လို့ သူ့ရဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် မဟုတ်ရင် တကယ်ကို အဖိုးချိုလှပါတယ် ” လို့ ဆိုထားတယ်။
လီဗာပူးအသင်းရဲ့ အမြန်ဆုံး ကစားသမားတွေက ဆာလာ၊ မာနေးလို တိုက်စစ်သမားတွေ မဟုတ်ဘဲ ဗန်ဒိုက်နဲ့ ဂိုးမက်စ်ဖြစ်ပါတယ်။ ဒါဟာ ခံစစ်လိုင်းကို မြင့်ကစားတဲ့ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ လိုအပ်လှပြီး ကိုနာတေးဟာ ဂိုးမက်စ်နဲ့ မြန်ဆန်မှုနှုန်း ယှဉ်ပြိုင်နိုင်သူဖြစ်တယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်း ဥရောပရဲ့ လိဂ် ၅ ခုအတွင်းက အမြန်ဆုံး ခံစစ်မှူး ၃ ဦးစာရင်းထဲ ပါဝင်ခဲ့သူဖြစ်တဲ့ ကိုနာတေးဟာ အရပ် ၆ ပေ ၄ လက်မ မြင့်သလို မြန်ဆန်မှုလည်း ရှိတဲ့ ခံစစ်မှူးဖြစ်ပါတယ်။ သူ့ကို လီဗာပူးအသင်း ခေါ်ယူခဲ့ခြင်း အဓိက အချက်က လက်ရှိ ကလော့ပ် အသုံးပြုနေတဲ့ ခံစစ်ကြောင်းကို high line ကစားရာမှာ အံဝင်နိုင်စွမ်းရှိမှုကြောင့် ဖြစ်မယ်လို့ ယုံကြည်ရတယ်။
အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ကိုနိတ်ဟာ ညာသန်ခံစစ်သမားဖြစ်ကာ ခံစစ် ၃ ယောက်တန်းကော ၄ ယောက်တန်းမှာပါ ကစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်လို့ ကစားသမားလေးဟာ ဒဏ်ရာ ပြဿနာတွေ ရှိထားခဲ့ဖူးပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ၆ ပွဲ လွဲချော်ခဲ့ဖူးသလို၊ ၂၀၁၉-၂၀၂၀ မှာလည်း ဒဏ်ရာကြောင့် ၂ လ အနားယူထားရဖူးတယ်။
၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာလည်း ကြွက်သားဒဏ်ရာကြောင့် ရာသီစ ၂ ပတ်ကို လည်ကောင်း၊ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီဇင်ဘာလကစပြီး ၁လ ခွဲခန့်လည်းကောင်း အနားယူခဲ့ရဖူးသူဖြစ်ပါတယ်။
ZAWGYI
လီဗာပူးကစားသမားျဖစ္လာတဲ့ ကိုနာေတးနဲ႔ ပတ္သက္ျပီး အသင္းပရိသတ္ေတြၾကားမွာ အျမင္အမ်ိဳးမ်ိဳး ရွိလာခဲ့ကာ အဆိုပါထဲက အဓိက အေျပာမ်ားတဲ့ အခ်က္ႏွစ္ခ်က္ကို အဓိက ေဖာ္ျပပါမယ္။
ေမာ္ဒန္ေခတ္ ခံစစ္မွဴးေတြထဲမွာ လူေကာင္ၾကီးျပီး ေဘာ္ဒီေတာင့္တင္းေပမယ့္ ကမၻာအဆင့္ ခံစစ္မွဴးေတြအျဖစ္ သက္မွတ္ခံလာရတာက ဗန္ဒိုက္နဲ႔ ကိုလီဘာေလတို႔လို ကစားသမားေတြျဖစ္တယ္။ ကိုနာေတးဟာ အဆိုပါ ခံစစ္မွဴးေတြလိုပဲ အရပ္အေမာင္းေကာင္းျပီး ခႏၶာကိုယ္ ထြားၾကိဳင္းသူတစ္ဦးျဖစ္ပါတယ္။
ရုပ္ပိုင္းဆိုင္ရာ အားေကာင္းတဲ့ ကိုနာေတးဟာ ငယ္ရြယ္ေသးေပမယ့္ အေတြ႔အၾကံဳရွိတယ္။ သူ႔နဲ႔ ပတ္သက္ျပီး စိတ္ဝင္စားစရာ ျပစ္ခ်က္က ကစားသမားေလးဟာ ဒဏ္ရာျပႆနာ မွတ္တမ္းေတြ ရွိထားျခင္းပဲ ျဖစ္ပါတယ္။ အရည္အခ်င္းရွိသူတစ္ဦး ျဖစ္ေပမယ့္ ၾကံ႕ခိုင္မႈ ျပႆနာရွိတာေၾကာင့္ ပရိသတ္ အခ်ိဳ႔က ကိတ္တာလို ျဖစ္သြားမွာ စိုးရိမ္ေနၾကတယ္။
ကိုနာေတးရဲ႕ ေျခစြမ္းကို မၾကာခဏ ေစာင့္ၾကည့္ထားတဲ့ သတင္းေထာက္တစ္ဦးက ” ကိုနာေတးဟာ ဗန္ဒိုက္လို ခႏၶာကိုယ္ ဖြဲ႔စည္းမႈရွိတယ္၊ သူ႔ရဲ႕ ကစားဟန္က မာတစ္နဲ႔ ဆင္တူျပီး သူဟာ မီတာ ၁၀၀ ေျပးလမ္းမွာ ဂိုးမက္စ္ကို ယွဥ္ႏုိင္စြမ္းရွိပါတယ္။ အကယ္လို႔ သူ႔ရဲ႕ ၾကံ႕ခိုင္မႈ ျပႆနာေတြေၾကာင့္ မဟုတ္ရင္ တကယ္ကို အဖိုးခ်ိဳလွပါတယ္ ” လို႔ ဆိုထားတယ္။
လီဗာပူးအသင္းရဲ႕ အျမန္ဆံုး ကစားသမားေတြက ဆာလာ၊ မာေနးလို တိုက္စစ္သမားေတြ မဟုတ္ဘဲ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္ျဖစ္ပါတယ္။ ဒါဟာ ခံစစ္လိုင္းကို ျမင့္ကစားတဲ့ ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ လိုအပ္လွျပီး ကိုနာေတးဟာ ဂိုးမက္စ္နဲ႔ ျမန္ဆန္မႈႏႈန္း ယွဥ္ျပိဳင္ႏုိင္သူျဖစ္တယ္။
ျပီးခဲ့တဲ့ ေဘာလံုးရာသီ ႏွစ္ခုအတြင္း ဥေရာပရဲ႕ လိဂ္ ၅ ခုအတြင္းက အျမန္ဆံုး ခံစစ္မွဴး ၃ ဦးစာရင္းထဲ ပါဝင္ခဲ့သူျဖစ္တဲ့ ကိုနာေတးဟာ အရပ္ ၆ ေပ ၄ လက္မ ျမင့္သလို ျမန္ဆန္မႈလည္း ရွိတဲ့ ခံစစ္မွဴးျဖစ္ပါတယ္။ သူ႔ကို လီဗာပူးအသင္း ေခၚယူခဲ့ျခင္း အဓိက အခ်က္က လက္ရွိ ကေလာ့ပ္ အသံုးျပဳေနတဲ့ ခံစစ္ေၾကာင္းကို high line ကစားရာမွာ အံဝင္ႏုိင္စြမ္းရွိမႈေၾကာင့္ ျဖစ္မယ္လို႔ ယံုၾကည္ရတယ္။
အသက္ ၂၂ ႏွစ္ပဲ ရွိေသးတဲ့ ကိုနိတ္ဟာ ညာသန္ခံစစ္သမားျဖစ္ကာ ခံစစ္ ၃ ေယာက္တန္းေကာ ၄ ေယာက္တန္းမွာပါ ကစားႏုိင္စြမ္းရွိပါတယ္။ ဒါေပမယ့္လို႔ ကစားသမားေလးဟာ ဒဏ္ရာ ျပႆနာေတြ ရွိထားခဲ့ဖူးျပီး ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ ဒဏ္ရာေၾကာင့္ ၆ ပြဲ လြဲေခ်ာ္ခဲ့ဖူးသလို၊ ၂၀၁၉-၂၀၂၀ မွာလည္း ဒဏ္ရာေၾကာင့္ ၂ လ အနားယူထားရဖူးတယ္။
၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာလည္း ၾကြက္သားဒဏ္ရာေၾကာင့္ ရာသီစ ၂ ပတ္ကို လည္ေကာင္း၊ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ဒီဇင္ဘာလကစျပီး ၁လ ခြဲခန္႔လည္းေကာင္း အနားယူခဲ့ရဖူးသူျဖစ္ပါတယ္။