လီဗာပူးအသင်းဟာ ပီအက်စ်ဂျီမှ အမ်ဘတ်ပီနဲ့ ဒေါ့မွန်မှ ဆန်ချိုတို့ကို ဒီနွေမှာ ခေါ်ယူသွားဖို့ အစီအစဉ် မရှိဘူးလို့ လီဗာပူးသတင်းထောက် James Pearce က ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမား ဒေကာကို ခေါ်ယူဖို့ လီဗာပူးကို ကျော်ပြီး ဝက်ဟမ်းအသင်းက ရေပန်းစားလာခဲ့ပါပြီ။ ဝက်ဟမ်းဟာ ဇန်နဝါရီတုန်းက အေဂျက်အသင်းထံ ပေါင် သန်း ၂၀ ဖြင့် ရောင်းထုတ်ထားတဲ့ ဟယ်လာနေရာမှာ ဆဲလ်ဘတ်တိုက်စစ်သမားကို အစားထိုးလိုနေပါတယ်။

တူရကီကလပ် ဖီနာဘာချီအသင်းဟာ လီဗာပူးတိုက်စစ်သမား ရှာကွီရီကို အငှား ကမ်းလှမ်းမှု ပြုလုပ်လိုတယ်။ လီဗာပူးဘက်က ရှာကွီရီအတွက် ပေါင် ၆ သန်းလောက်ပဲ ပြောင်းရွှေ့ကြေး ရဖွယ်ရှိတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်ကြာ ယှဉ်ပြိုင်ကစားမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ကိုနာတေးကို ခေါ်ယူဖို့ ပြင်သစ်အသင်းဘက်က စိတ်ဝင်စားနေပါတယ်။ အဆိုပါ ပြိုင်ပွဲထံ ပါဝင်ရမယ်ဆိုရင် ကိုနာတေးဟာ ရာသီကြို ပွဲစဉ်တွေကို လွဲချော်သွားတော့မှာပါ။

တိုက်စစ်သမား အိုရီဂီကို ခေါ်ယူဖို့ လီဗာပူးအသင်းထံ ဆက်သွယ်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။ ကလပ်ဘက်က အိုရီဂီအတွက် ပေါင် သန်း ၂၀ တောင်းဆိုလိုတယ်လို့ သိထားရပါတယ်။

လီဗာပူး ဂိုးသမား အယ်လီဆန်က ဘရာဇီးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပီလီကစ်ဖြင့် ဂိုးရယူသွားပါတယ်။

ဗန်ဒိုက်၊ ဂိုးမက်စ်နဲ့ မာတစ်တို့ဟာ ရာသီကြိုကို အတူ ပူးပေါင်းနိုင်ဖွယ် မရှိဘဲ မတူညီတဲ့ ရက်စွဲတွေဖြင့် ပါဝင်ကြဖွယ် ရှိပါတယ်။ သူတို့ထဲမှာ ဂိုးမက်စ်ကတော့ သက်သာမှု အကောင်းဆုံးဖြစ်နေတယ်လို့ သိရတယ်။

လီဗာပူးအသင်းရဲ့ လာမယ့် အစီအစဉ်ကတော့ ဖာဘင်ညိုကို သက်တမ်းတိုးဖို့ဖြစ်ပြီး အရန်ဂိုးသမား အတ်ဒရီယန်ကိုလည်း သက်တမ်းတိုးဖို့ စကားပြောနေပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ အက်ဆာလေ့ကျင့်ရေးထံ ပြန်လာကြရမှာဖြစ်ကာ ရာသီကြိုအတွက် ပြင်ဆင်သွားမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပီအက္စ္ဂ်ီမွ အမ္ဘတ္ပီနဲ႔ ေဒါ့မြန္မွ ဆန္ခ်ိဳတို႔ကို ဒီေႏြမွာ ေခၚယူသြားဖို႔ အစီအစဥ္ မရွိဘူးလို႔ လီဗာပူးသတင္းေထာက္ James Pearce က ဆိုပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမား ေဒကာကို ေခၚယူဖို႔ လီဗာပူးကို ေက်ာ္ျပီး ဝက္ဟမ္းအသင္းက ေရပန္းစားလာခဲ့ပါျပီ။ ဝက္ဟမ္းဟာ ဇန္နဝါရီတုန္းက ေအဂ်က္အသင္းထံ ေပါင္ သန္း ၂၀ ျဖင့္ ေရာင္းထုတ္ထားတဲ့ ဟယ္လာေနရာမွာ ဆဲလ္ဘတ္တိုက္စစ္သမားကို အစားထိုးလိုေနပါတယ္။

တူရကီကလပ္ ဖီနာဘာခ်ီအသင္းဟာ လီဗာပူးတိုက္စစ္သမား ရွာကီြရီကို အငွား ကမ္းလွမ္းမႈ ျပဳလုပ္လိုတယ္။ လီဗာပူးဘက္က ရွာကီြရီအတြက္ ေပါင္ ၆ သန္းေလာက္ပဲ ေျပာင္းေရႊ႔ေၾကး ရဖြယ္ရွိတယ္လို႔ သိရပါတယ္။

ဇူလိုင္လ ၂၂ ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ၾကာ ယွဥ္ျပိဳင္ကစားမယ့္ အိုလံပစ္ျပိဳင္ပြဲအတြက္ ကိုနာေတးကို ေခၚယူဖို႔ ျပင္သစ္အသင္းဘက္က စိတ္ဝင္စားေနပါတယ္။ အဆိုပါ ျပိဳင္ပြဲထံ ပါဝင္ရမယ္ဆိုရင္ ကိုနာေတးဟာ ရာသီၾကိဳ ပြဲစဥ္ေတြကို လြဲေခ်ာ္သြားေတာ့မွာပါ။

တိုက္စစ္သမား အိုရီဂီကို ေခၚယူဖို႔ လီဗာပူးအသင္းထံ ဆက္သြယ္မႈေတြ ရွိလာေနျပီျဖစ္ပါတယ္။ ကလပ္ဘက္က အိုရီဂီအတြက္ ေပါင္ သန္း ၂၀ ေတာင္းဆိုလိုတယ္လို႔ သိထားရပါတယ္။

လီဗာပူး ဂိုးသမား အယ္လီဆန္က ဘရာဇီးအသင္းရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ ပီလီကစ္ျဖင့္ ဂိုးရယူသြားပါတယ္။

ဗန္ဒိုက္၊ ဂိုးမက္စ္နဲ႔ မာတစ္တို႔ဟာ ရာသီၾကိဳကို အတူ ပူးေပါင္းႏုိင္ဖြယ္ မရွိဘဲ မတူညီတဲ့ ရက္စြဲေတြျဖင့္ ပါဝင္ၾကဖြယ္ ရွိပါတယ္။ သူတို႔ထဲမွာ ဂိုးမက္စ္ကေတာ့ သက္သာမႈ အေကာင္းဆံုးျဖစ္ေနတယ္လို႔ သိရတယ္။

လီဗာပူးအသင္းရဲ႕ လာမယ့္ အစီအစဥ္ကေတာ့ ဖာဘင္ညိဳကို သက္တမ္းတိုးဖို႔ျဖစ္ျပီး အရန္ဂိုးသမား အတ္ဒရီယန္ကိုလည္း သက္တမ္းတိုးဖို႔ စကားေျပာေနျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဇူလိုင္လ ၁၂ ရက္ေန႔မွာေတာ့ အက္ဆာေလ့က်င့္ေရးထံ ျပန္လာၾကရမွာျဖစ္ကာ ရာသီၾကိဳအတြက္ ျပင္ဆင္သြားမွာျဖစ္ပါတယ္။