လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က ကလပ်မှာ ၄ နှစ်ကြာကာလကို ဖြတ်သန်းလာခဲ့ပြီဖြစ်ကာ သူ့ကစားသမားဘဝ နောက်ဆုံးအချိန်ထိလည်း ကလပ်မှာပဲ ဆက်နေလိုပါတယ်။

၂၀၁၇ မှာ ဟူးစီးတီးကနေ ပြောင်းလာခဲ့တဲ့ ရိုဘိုဟာ မန်နေဂျာယာဂင်ကလော့ပ် လက်အောက်မှာ အဓိက ကစားသမားအဖြစ် ၄ ရာသီအတွင်း ပွဲပေါင်း ၁၇၇ ပွဲထိ ကစားထားခဲ့သူပါ။ သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှု၊ ကြံ့ခိုင်မှု ပြည့်ဝခြင်းတွေနဲ့အတူ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပွဲတိုင်းကို ပါဝင်ကစားခွင့်ရခဲ့တာဖြစ်တယ်။

အနာဂတ်မှာ လီဗာပူးကို စွန့်ခွာသွားမလားဆိုတဲ့ မေးခွန်းကို ရိုဘိုက “ ဒီမေးခွန်းကို ခဏခဏ ဖြေပေးဖူးပါတယ်။ ဒီမယ် ကျနော်ရဲ့ ရည်မှန်းချက်က လီဗာပူးမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ပါ။ ဒီမှာကစားရင်းပဲ အနားယူရတာကို ကျနော် မြတ်နိုးပါတယ်။ ဒါပေမယ့် အမြင့်ဆုံးအဆင့်မှာ အကြာကြီး ဆက်နေဖို့ဆိုတာ ခက်ခဲတယ်ဆိုတာကို ကျနော် သိပါတယ်။

ဆဲလ်တစ်အတွက် ကစားပေးရတာကို မြတ်နိုးခဲ့တယ်။ အဲ့မှာ ကြီးပြင်းလာခဲ့ပြီး အကောင်းဆုံး နှစ်တွေကို ဆဲလ်တစ်အတွက် ပေးလိုတယ်လို့ အမြဲတမ်ု ထုတ်ပြောခဲ့တယ်။ လီဗာပူးမှာ အရွယ်ကျသွားပြီး မကစားနိုင်တော့ချိန်မှ ဆဲလ်တစ်ကို ပြန်ပြောင်းတာမျိုး မဖြစ်လိုပါဘူး။

ဒီဆုံးဖြတ်ချက်အတွက် အချိန်ကပဲ အဖြေပေးသွားပါလိမ့်မယ်။ အခုချိန်မှာတော့ လီဗာပူးနဲ့ စာချုပ်ရှည်ကြီး ရှိနေပါတယ်။ လီဗာပူးမှာပဲ ထာဝရ နေခွင့်ရဖို့ မျှော်လင့်ထားတယ်။ ကျနော်ရဲ့ ကစားသမားဘဝကို ဒီမှာပဲ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်။

ဒါပေမယ့် အခုချိန်မှာက ကျနော်ကလည်း ဆက်ကြိုးစားနေပြီး ကြံ့ခိုင် ကျန်းမာနေသေးတာပါ။ ဒါပေမယ့် အသက် ၃၀ ကျော်ရင်တော့ ပြောင်းလဲသွားနိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ်ပါ ဒီအသင်းမှာပဲ ကျနော် ကစားသမားဘဝ ကုန်ဆုံးလိုပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ရော်ဘတ်ဆန်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိပေမယ့် စာချုပ်သက်တမ်း ကုန်ချိန်မှာတော့ သူ့အသက် ၃၁ နှစ်အရွယ်ကို ရောက်နေမှာပါ။ အဆိုပါ အသက်အရွယ်ဆိုရင် လီဗာပူးဘက်က စာချုပ်သစ်ပေးမှာ မဟုတ်တာကို နားလည်ထားပေမယ့် ရိုဘိုကတော့ အသင်းမှာ ကစားသမားဘဝ အဆုံးသတ်ချိန်ထိ နေခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ကလပ္မွာ ၄ ႏွစ္ၾကာကာလကို ျဖတ္သန္းလာခဲ့ျပီျဖစ္ကာ သူ႔ကစားသမားဘဝ ေနာက္ဆံုးအခ်ိန္ထိလည္း ကလပ္မွာပဲ ဆက္ေနလိုပါတယ္။

၂၀၁၇ မွာ ဟူးစီးတီးကေန ေျပာင္းလာခဲ့တဲ့ ရိုဘိုဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ေအာက္မွာ အဓိက ကစားသမားအျဖစ္ ၄ ရာသီအတြင္း ပြဲေပါင္း ၁၇၇ ပြဲထိ ကစားထားခဲ့သူပါ။ သူ႔ရဲ႕ ေျခစြမ္းတည္ျငိမ္မႈ၊ ၾကံ႕ခိုင္မႈ ျပည့္ဝျခင္းေတြနဲ႔အတူ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ ပြဲတိုင္းကို ပါဝင္ကစားခြင့္ရခ့ဲတာျဖစ္တယ္။

အနာဂတ္မွာ လီဗာပူးကို စြန္႔ခြာသြားမလားဆိုတဲ့ ေမးခြန္းကို ရိုဘိုက “ ဒီေမးခြန္းကို ခဏခဏ ေျဖေပးဖူးပါတယ္။ ဒီမယ္ က်ေနာ္ရဲ႕ ရည္မွန္းခ်က္က လီဗာပူးမွာပဲ ကစားသမားဘဝ အဆံုးသတ္ဖို႔ပါ။ ဒီမွာကစားရင္းပဲ အနားယူရတာကို က်ေနာ္ ျမတ္ႏိုးပါတယ္။ ဒါေပမယ့္ အျမင့္ဆံုးအဆင့္မွာ အၾကာၾကီး ဆက္ေနဖို႔ဆိုတာ ခက္ခဲတယ္ဆိုတာကို က်ေနာ္ သိပါတယ္။

ဆဲလ္တစ္အတြက္ ကစားေပးရတာကို ျမတ္ႏိုးခဲ့တယ္။ အဲ့မွာ ၾကီးျပင္းလာခဲ့ျပီး အေကာင္းဆံုး ႏွစ္ေတြကို ဆဲလ္တစ္အတြက္ ေပးလိုတယ္လို႔ အျမဲတမ္ု ထုတ္ေျပာခဲ့တယ္။ လီဗာပူးမွာ အရြယ္က်သြားျပီး မကစားႏုိင္ေတာ့ခ်ိန္မွ ဆဲလ္တစ္ကို ျပန္ေျပာင္းတာမ်ိဳး မျဖစ္လိုပါဘူး။

ဒီဆံုးျဖတ္ခ်က္အတြက္ အခ်ိန္ကပဲ အေျဖေပးသြားပါလိမ့္မယ္။ အခုခ်ိန္မွာေတာ့ လီဗာပူးနဲ႔ စာခ်ဳပ္ရွည္ၾကီး ရွိေနပါတယ္။ လီဗာပူးမွာပဲ ထာဝရ ေနခြင့္ရဖို႔ ေမွ်ာ္လင့္ထားတယ္။ က်ေနာ္ရဲ႕ ကစားသမားဘဝကို ဒီမွာပဲ အဆံုးသတ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

ဒါေပမယ့္ အခုခ်ိန္မွာက က်ေနာ္ကလည္း ဆက္ၾကိဳးစားေနျပီး ၾကံ႕ခိုင္ က်န္းမာေနေသးတာပါ။ ဒါေပမယ့္ အသက္ ၃၀ ေက်ာ္ရင္ေတာ့ ေျပာင္းလဲသြားႏုိင္တယ္ေလ။ ဘာပဲျဖစ္ျဖစ္ပါ ဒီအသင္းမွာပဲ က်ေနာ္ ကစားသမားဘဝ ကုန္ဆံုးလိုပါတယ္ ” လို႔ ဆုိသြားခဲ့တာျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္ဟာ လီဗာပူးအသင္းနဲ႔ ၂၀၂၅ ခုႏွစ္ထိ စာခ်ဳပ္ရွိေပမယ့္ စာခ်ဳပ္သက္တမ္း ကုန္ခ်ိန္မွာေတာ့ သူ႔အသက္ ၃၁ ႏွစ္အရြယ္ကို ေရာက္ေနမွာပါ။ အဆိုပါ အသက္အရြယ္ဆိုရင္ လီဗာပူးဘက္က စာခ်ဳပ္သစ္ေပးမွာ မဟုတ္တာကို နားလည္ထားေပမယ့္ ရိုဘိုကေတာ့ အသင္းမွာ ကစားသမားဘဝ အဆံုးသတ္ခ်ိန္ထိ ေနခြင့္ရဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။